တန်ခွန်ကျော်အတွက် Surprise အကြီးကြီး လုပ်ပေးခဲ့တဲ့ အမာခံ ပရိသတ်များ ရုပ်သံ

ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

တန်ခွန်ကျော် အင်မတန်ကောင်းတဲ့ အဆိုတော်တစ်ဦးလို့ ပြောရမှာပါ။ သူ့ကို အမာခံအားပေးတဲ့ ချစ်တဲ့ ပရိသတ်တွေ ရရှိထားတာပါ။ယခုနောက်ဆုံး ကျင်းပသွားတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ ပရိသတ်အားပေးသူ အရေအတွက် ဘယ်လောက်တောင်များလဲဆိုရင် Wild Card နဲ့ ပြန်ခေါ်တဲ့အချိန်မှာတောင် Wild Card Winner အဖြစ် ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာရတဲ့ သူတစ်ဦးပါ။

နာဂတိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတဆင့် ဂီတလောကထဲကို အခြေချ ဝင်ရောက်လာခဲ့တာပါ။ပရိသတ်တွေက တန်ခွန်ကျော်ကို ဘယ်လောက်တောင် ချစ်ကြသလဲဆိုရင် Fan Meeting မှာ တန်ခွန်ကျော် အတွက် မြန်မာငွေကျပ် ၃၈၅ သိန်းတန်ဖိုးရှိတဲ့ Lexus မော်တော်ကားကြီးကို တန်ခွန်ကျော်အတွက် ဝယ်ပေးခဲ့ကြတာပါ။

တန်ခွန်ကျော် သူ့ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြောင့် ဒီထက်ပိုပြီး အများကြီးကြိုးစားသွားမယ်လို့လည်း ပြောထားပါတယ်။ တန်ခွန်ကျော် တစ်ယောက် သူလျှောက်လှမ်းရမယ့် အနုပညာလမ်းပေါ်မှာ ချမ်းမြေ့အဆင်ပြေစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ဒီနေ့ Fan Meeting မှာ တန်ခွန်ကျော်အတွက် ပရိတ်သတ်တွေက ၃၈၅ သိန်းတန် ကားနဲ့ suprise တဲ့ :3အရမ်း မိုက်သွားပြီ 🙄 စည်းလုံးချက် 💓 wow wow woww Koe tg amazing fik 🥺

Posted by Ingyin Thet on Saturday, February 8, 2020
59 Shares