Gyan Pone

Media, Entertainment and News Website

Entertainment, Local Celebrity News

ဘောလုံးသမားဟောင်း “မင်းသားဒေါင်း” အကြောင်း အပြည့်အစုံ

အမည်အရင်း – သူရအောင်
အနုပညာအမည် – ဒေါင်း
မွေးသက္ကရာဇ် – 30-3-1990

နေ့ – သောကြာသား
မွေးဖွားချိန် – ည 12 နာရီ 5 မိနစ်
ဇာတိ – ပြည်ခရိုင် ! မင်းလှမြို့နယ်

မွေးချင်း – ငါးယောက်အနက် နံပါတ် (4)
ရာသီဖွား – မိဿရာသီဖွား
အရပ် – 1.8 M

ဝါသနာ -ဂီတ! ဘောလုံး!သရုပ်ဆောင်
အကြိုက်ဆုံးအစားအစာ – ရှမ်းအစားအစာ

Award – Star Award ( ပုဂံမြို့သူ)
( Best Actior in TV series award for 2018)

လတ်တလော ပရိတ်သတ်တွေအကြား ရေပန်းစားအောင်မြင်လာတဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းနဲ့ တတ်သစ်စ သရုပ်ဆောင် “ဒေါင်း” အကြောင်းနဲ့ သူရဲ့ခံစားချက် အကြောင်းအရာ တချို့ကို ဖော်ပြပေးလိုက်ရပါတယ်

– ပဲခူးမြို့နယ် ! အင်းတိုင်မှာ” ဒေါင်း “မူလတန်း စတတ်ခဲ့ပါတယ်။ သူငယ်တန်း! ပထမတန်းစတတ်တဲ့နေ့က တယောက်တည်း ကျောင်းကနေ အိမ်ကို ပြန်ပြေးခဲ့တာကို သတိရတယ် ။ အိမ်မှာနွေးနွေးထွေးထွေး နေရတဲ့ “ဒေါင်း”က မျက်နှာစိမ်းတွေနဲ့ စာသင်ရတဲ့ကျောင်းကို သူငယ်တန်းမှာ မပျော်ခဲ့ဘူး !

– နှစ်တန်းမှာ မန္တလေးကိုပြောင်းတဲ့အခါ မြို့ကလေးမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုလွမ်းတယ် ။ မန္တလေးက ဒေါင်းအတွက်မြို့တော်ကြီးပေါ့ ။

-ငယ်ငယ်ကတည်းက “ဒေါင်း” လုပ်ချင်ခဲ့တာ သုံးခုရှိတယ် ။ ဂီတသမား ! ဘောလုံးသမား ပြီးတော့ ရုပ်ရှင်သရုပ်ဆောင် ။-ပဉ္စမတန်းဟာ” ဒေါင်း”ဘဝအတွက် အရေးပါတဲ့ဖြတ်သန်းမှုလို့ပြောရမယ်။ငါးတန်းမှာ “ဒေါင်း ” ဂစ်တာ စတီးတယ် ! ဘောလုံးစကန်တယ် ! ကဗျာစရေးတယ် ။

-အခုထက်ထိ”ဒေါင်း” မှတ်မိသေးတယ်။ ပထမဆုံးဂစ်တာစတီးတဲ့သီချင်းက ဖိုးချိုရဲ့ စိုးပိုင်မှုဧကရီ တမ်းချင်း ။ လက်တွေနာတယ် ! လေ့ကျင့်ခန်းတွေကခက်တယ် ဒါပေမယ့် ဂစ်တာဟာ ဒေါင်းဘဝအတွက် အစိတ်အပိုင်းတခု ဖြစ်လာခဲ့တယ် ။ ဂစ်တာတီးတတ်သွားတဲ့ “ဒေါင်း”က ပတ်ဝန်းကျင်က လူတွေကို တွေ့တိုင်းဂစ်တာ တီးပြရလေ့ ရှိသတဲ့။ အခုမှပြန်တွေးတော့ “ဒေါင်း”က အားနာမိတယ်။

၎ တန်းမှာ ကျောင်းက ဘောလုံးပွဲမှာ ဝင်ကန်ဖို့ကြိုးစားတော့ ဆရာတချို့နဲ့ ကျောင်းသားအချို့က သူကိုပြောခဲ့ကြတယ်။ “မင်းပုံစံနဲ့ကန်လို့မရဘူး ဂိုးပဲစောင့် “! အဲဒီစကားက ” ဒေါင်း” ကို ဘောလုံးမှာ အပြင်းအထန်ကြိုးစားဖို့ တွန်းအားတစ်ခုဖြစ်ခဲ့တယ်။ အခြေခံဘောလုံးဆ်ုတဲ့ စာအုပ်ကို မရမကရှာဖတ်တယ် !ရုပ်မြင်သံကြားစက်ကို ထုပ်ပိုးတဲ့ ဖော့တုံးတွေကိုကန်ပြီး လေ့ကျင့်ခဲ့တယ်။ ဖော့ကပေါ့တယ် ထိန်းသိမ်းရခက်တယ် ။ဖော့နဲ့လေ့ကျင့်ပြီးရင် သားရေဘောလုံးက လွယ်ကူလာတယ် ။

နောက်တော့ ကျောင်းသားတွေကြားမှာ”ဒေါင်း” ကထင်ရှားတဲ့ ဘောလုံးသမားဖြစ်လာတယ်။ တွန်းတွနိးတိုက်တိုက် အင်တိုက်အားတိုက် ကန်တဲ့ ” ဒေါင်း” ကို ကျောင်းသားတွေပေးထားတဲ့နာမည်ရှိတယ် ! ” ဘီလူး”တဲ့ ။

-(၇) တန်းနှစ်မှာ ပထမဆုံးကိုယ်ပိုင် ဂစ်တာလေးတစ်လက်ဝယ်ဖူးတာကို သတိရတယ်။ မန္တလေးမြို့ လမ်း ၈၀ ပေါ်က ဂစ်တာဆိုင်သေးသေးက ထင်းရှူးရောင် ဂစ်တာလေးတစ်လုံးကို ကျပ် ၈၀၀၀ ပေးပြီး တစ်စုံတယောက်ရဲ့ အော်ဒါမှာထားတဲ့ ဂစ်တာကို မရမကပြောပြီး ဝယ်ခဲ့တယ် ။ဂစ်တာလေးက အသံသာတယ် ! သိမ်မွေ့တယ် ! လိမ်မာတယ်။ (၇)တန်းကျောင်းသားဘဝမှ ပရော်ဖတ်ရှင်နယ် ဘောလုံးသမားဖြစ်တဲ့အထိ ” ဒေါင်း ” ဂစ်တာလေးကို ကိုယ်နဲ့မကွာ သိမ်းထားခဲ့တယ် ။

-(၉) တန်းကတော့”ဒေါင်း” အတွက်မေ့မရတဲ့နှစ်။ ရေငုံမှုများက နှလုံးသားကို နာကျင်စေခဲ့တဲ့နှစ် ။ (၁၀) တန်းနှစ်မှာ ရန်ကုန်ကိုပြောင်းဖြစ်ခဲ့တဲ့အခါ လွမ်းဆွတ်မှုတွေ အဆုပ်လိုက် အခိုင်လိုက်ပွင့်လာတော့တယိ ။မန္တလေးကို လွမ်းတယ် ။ သူငယ်ချင်းတွေကိုလွမ်းတယ် ။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်လေးကို လွမ်းတယ် ။ ပြီးတော့ သူမကို လွမ်းတယ် ။အရမ်းစိတ်ဓာတ်ကျခဲ့တယ်လို့ “ဒေါင်း” က ပြန်ပြောပြတယ် ။ အဲဒီတုန်းက ရန်ကုန်မှာ မပျော်တဲ့ “ဒေါင်း” က “မြို့ပြနှင့်ကျွန်တော်” ဆိုတဲ့ ကဗျာတပုဒ်ရေးခဲ့တယ် ။

” အဲဒီနှစ်တွေ ကျွန်တော်ဘဝအခက်ခဲဆုံး ကျွန်တော့်မြို့က ပတ်ဝန်းကျင်နဲ့ လူနေမှုက်ု ပြန်တမ်းတမိ အချစ်ဦးအကြောင်း တွေးရင်းလည်း ကျွန်တော်ပြန်ချင်တယ်” လို့ ကဗျာမှာသူရေးခဲ့တယ် ။မန္တလေးကိုအကြိမ်ကြိမ် ပြန်ပြေးဖို့ကြိုးစားခဲ့တဲ့ ” ဒေါင်း” အတွက် ရန်ကုန်ဟာ ခက်ခဲတဲ့ ပုစ္ဆာတစ်ခု ဖြစ်နေဆဲ ။

၂၀၁၀ မှာတော့ Southern Myanmar FC ရဲ့ တိုက်စစ်မှူး ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ် ။ ဒါပေမယ့် စီးပွားရေးချုပ်ကိုင်မှုစနစ်တွေနဲ့ မျက်နှာသာပေးမှု စနစ်တွေက ဒေါင်းကို ဘောလုံးလောကမှာ မမြဲစေခဲ့ပါဘူး ။ ၂၀၀၈ ခုနှစ်တည်းက ကွယ်လွန်သူ တေးရေးဆရာ ကေအေတီဆီမှာ 5 နှစ်တာ သင်ကြားခဲ့တဲ့ဂီတပညာတွေနဲ့ အနုပညာမှာ မြှပ်နှံဖို့ သူဆန္ဒပြင်းပြခဲ့တယ် ။

ဒေါင်း ဘောလုံးလောကကို ကျော်ခိုင်းခဲ့တယ်။ သရုပ်ဆောင်တစ်ဦးအဖြစ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ် ။ ဆာတိုရီ ရဲ့ ရွေးချယ်မှုအဆင့်ဆင့်ကို ဖြတ်သန်းရင်း ရွေးချယ်ခံခဲ့ရတယ် ။မြန်မာ့ ရုပ်ရှင်လောကမှာ စာမျက်နှာသစ်ဖွင့်ဖို့” ဒေါင်း” အဆင်သင့်ဖြစ်ပါပြီ ။

တောင်တန်းတွေကို ရင်ခုန်မြတ်နိုးပြီး ! ရှမ်းအစားအစာကို ကြိုက်တဲ့ဒေါင်းက ဂီတနဲ့အားကစားကိုလည်း တစ်ဘဝလုံး လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားတယ် ။ရုပ်ရှင်အတွက် အနုပညာအသစ်တွေကိုဖန်တီး ထုပ်လုပ်မယ့် ဒေါင်းက မိဘ!မောင်နှမတွေနဲ့အတူ ရန်ကုန်မှာ နေပါတယ် ။

ရုပ်ရှင်ဇာတ်လမ်းတွဲများစွာလည်း ရိုက်ကူးထားပြီး ပုဂံမြို့သူ ! အချစ်ဖြင့်လွမ်းစေ ဇာတ်ကားများဟာလည်း ဒေါင်းရဲ့ သရုပ်ဆောင်မှုကို တခဲနက် အားပေးမှုရရှိစေခဲ့တယ် ။ လတ်တလောမှာလည်း ပထမဆုံးရုံတင်ကားဖြစ်တဲ့ “လိပ်ပြာစံအိမ်”ဟာလည်း ပရိတ်သတ်အကြားအထူးရေပန်းစားပြီး နိုင်ငံတကာပါ လှည့်လည်ပြသနေပါတယ် ။ ပရိတ်သတ်တွေလည်း အသိမှတ်ပြုခံထားရပြီး နောက်လာမယ့် ! လေဆန်ကကြိုး ! ဒဏ္ဍာရီမိုး စတဲ့ ဇာတ်ကားများဟာလည်း ပရိတ်သတ်တွေအကြိုက်တွေ့စေဦးမှာပါ ။

ဆာတိုရီနှငိ့အတူ ထူးခြားသစ်လွင်တဲ့အနုပညာတွေ စတင်ဖန်တီးနေတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ။ ကြိုးစားမှုမျာကို စောင့်ကြည့်ဝေဖန်ပေးဖို့လည်း “ဒေါင်း “နဲ့ ” ဆာတိုရီ “ကဖိတ်ခေါ်ပါတယ် ။

Facebook Comments
2K Shares

Comments are Closed

Powered by M.N.T