589 Shares

မြန်မာနိုင်ငံ ရဲ့အအောင်မြင်ဆုံးသရုပ်ဆောင် ၊ မော်လ်ဒယ်တွေကိုမွေးထုတ်ပေးလေ့ရှိတဲ့ ဂျွန်လွင်က မြန်မာနိုင်ငံက Facebook ဆယ်လီတွေနဲ့ပတ်သက်ပြီး Media 9နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားတဲ့အကြောင်းတွေရှိပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြန်ပြောပြပါရစေ ။

” ဒီလိုပါပဲ ကျနော်တို့မြန်မာနိုင်ငံမှာမှမဟုတ်ပါဘူး ယိုးဒယားနိုင်ငံမှာလည်းရှိပါတယ် ။ Facebook မှာ Popular ဖြစ်ဖို့အတွက်သူ့တို့ကိုယ်သူတို့အောင်မြင်အောင်လုပ်ဖို့အတွက်သူတို့ကိုယ်ပိုင် Facebook ကနေသူတို့ကြိုးစားရင်းအောင်မြင်အောင်လုပ်လာကြတဲ့သူတွေအများကြီးရှိတယ်။

ဒီလိုနဲ့တကယ်တမ်းကျတော့ဆယ်လီဆယ်လီနဲ့ဘယ်လိုပဲခံယူခံယူပါ Facebook မှာ Like ဘယ်လောက်ပဲများများပေါ့နော် ပရိသတ်ရဲ့ခွင်ထဲဆင်းသွားပြီဆိုတဲ့အခါမှာ ကိုယ့်ရဲ့ပရိသတ်ဘယ်နှယောက်လိုက်လာလဲ ဆိုတဲ့ဟာကိုသက်သေပြဖို့ လိုပါတယ် ။

ကျနော်ဆိုရင်ဟိုတလောက စိုင်းစိုင်းခမ်းလှိုင်ကနေ ပြီးတော့သူ့ One man Show အတွက်ပေါ့ မြန်မာပလာဇာမှာ လက်မှတ်ရောင်းတဲ့အခါမှာ သူရဲ့လူတွေဟာဒီမြန်မာပလာဇာ ကြီးတစ်ခုလုံးလျှံသွားတဲ့ ဒီပုရွက်ဆိတ်အုံကြီးမက ဖြစ်သွားတယ်ဆိုတာ သူမှာ ခိုင်မာတဲ့ပရိသတ်ရှိတယ် လို့ခံယူလို့ရတယ် ။တချို့တွေဆို Facebook မှာ တစ်ထောင်ကျော်၊ နှစ်ထောင်ကျော် ၊ သုံးထောင်ကျော်Likeတယ် ။

သူပွဲခင်းထဲဆင်းလာတဲ့အခါမှာအနောက်ကလိုက်လာတဲ့သူက သုံးလေးယောက်တို့ ၊ ဆယ်ယောက်တို့ ဒါသူရဲ့ဖန်ပေါ့နော် ။ ဖန်ဆယ်ယောက်လောက်လိုက်လာတာ ကျနော်တို့အနေနဲ့အောင်မြင်တယ်လို့မသတ်မှတ်ဘူး ။ ဒါ ဖန်လို့လည်းမသတ်မှတ်ဘူး။ အမှန်ဆို လူသုံးထောင်Like ထားတယ်ဆိုရင် လူနှစ်ထောင်လောက် ပွဲခင်းထဲမှာသူရောက်လာမယ်ဆိုရင် သူရှိရမယ် ။ အဲ့ဒါမှတကယ့်ကို ဆယ်လီအစစ်လို့သတ်မှတ်တယ် ။

တစ်ခါတလေ ကျရင်ကိုယ့်ကိုယ်ကိုယ်အောင်မြင်တယ်ကျော်ကြားတယ်ဆိုတဲ့လူတွေဆိုရင် ကျနော် အေဂျင်ဆီမှာလည်းတချို့ရှိတယ်။ သူတို့ကိုလူတွေစသိတယ်ဆိုရင်ကျနော်ဘာလုပ်ပြလည်းဆိုတော့ ခဏနေဦး ငါသက်သေပြမယ်ဆိုပြီးတော့ လာဦးဆိုပြီး အစ်ကိုရေ သူ့ကိုသိလားဆိုပြီးတော့ကောက်မေးလိုက်တယ် ။ သူ့ကိုသိလားလို့ကောက်မေးလိုက်တဲ့အခါကျတော့ မသိတဲ့သူတွေအများကြီးရှိတယ် ။

အဲ့ဒီတော့ဘယ်လိုခေါ်မလဲဆိုတော့ သူ့ကိုသိတယ် မသိဘူးဆိုတာပရိသတ်ကတာသတ်မှတ်ပေးလို့ရတာ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လို့မရဘူး ။ အခုဟာကဘယ်လိုခေါ်မလဲဆိုတော့ သူတို့Facebookတွေအောင်မြင်လာတယ် ကျော်ကြားလာတယ်ဆိုရင် သူတို့ကသူတို့ကိုယ်သူတို့အထင်ကြီးလာတာတွေလည်းပါတာပေါ့ ။

ဘယ်လောက်တောင်အံ့သြစရာကောင်းလည်းဆိုရင် ကျနော်တို့မအောင်မြင်ခင်တုန်းက ကျနော်တို့ Facebook မှာ ကျနော်တို့တင်တဲ့ပိုစ့်တွေကိုShare ပေးတာတွေရှိတယ် တင်ပေးတာတွေရှိတယ် ။ သူအောင်မြင်လာတဲ့အခါကြတော့Shareခြင်းပြုခြင်းမရှိတော့ဘူး။ သူတို့Facebookကို Very Clean လုပ်ထားတယ်ပေါ့နော် Cleanလုပ်ထားပြီးသူတို့Postတွေကို သူတို့အဓိကတင်လာတာလေးတွေရှိတယ်။

ကျနော့အနေနဲ့ကပြဿနာလည်းမရှိဘူး အရေးလည်းမကြီးဘူးပေါ့နော် ။ နောက်တစ်ခုက ဒီအောင်မြင်တဲ့အနုပညာရှင်တွေကိုလည်းကျနော်ပြောချင်တာက သူတို့ရဲ့ကိုယ်ပိုင်Facebook က Postတွေတင်ပြီးပိုက်ဆံတွေရှာလို့ရတယ် ။ တချို့ကလည်းကုန်ပစ္စည်းတွေက အဲ့ဒီလိုပဲတင်ပေးပါဆိုပြီး ၅သိန်းတို့၇သိန်းတို့၃သိန်းတို့ နဲ့ညှိပြီးတင်ခိုင်းတာလေးတွေရှိတယ် ။

ဒါပေမယ့်တစ်ခုလောက်ပြောချင်တာပေါ့နော် သူတို့လည်းပိုက်ဆံရှာတာကရှာတာပဲပေါ့နော်။ ကိုယ့်Facebook နဲ့ကိုယ့်လောကအတွက်အကျိုးရှိနိုင်တဲ့အရာတစ်ခုကို ကိုယ့်ရဲ့Facebookကနေပြီးတော့ လှမ်းမြင်လိုက်တယ်ဆိုရင် ကျေးဇူးပြုပြီးShare ပေးကြပါ ။

လူတစ်ယောက်ဒုက္ခရောက်နေတယ်ဆိုရင် ကူညီတဲ့အနေနဲ့Share ပေးကြပါ ကိုယ့်မှာ Follower များတဲ့အတွက်ကြောင့် ကိုယ်Shareလိုက်တဲ့အတွက်ကြောင့် သူများတွေထိရောက်စွနဲ့ခံစားမှုတစ်ခုရသွားနိုင်တယ်ပေါ့နော်။ ကျနော်ဆိုရင် ကျနော်Facebook လူကဘယ်လောက်မှမရှိပါဘူး ၂သိန်းကျော်လား၃သိန်းကျော်လားဒီလောက်ပဲရှိတယ် ။ဒါပေမယ့်ကျနော်မြင်တဲ့အရာလေးတွေကိုShareပေးတယ် ။

Shareပေးတဲ့အတွက်ကြောင့်လူတွေကလှုချင်တယ်ပြုချင်တယ်ဆိုရင် သူတို့ချိတ်ဆက်မျသွားတာပေါ့နော် ။အဲ့ဒါကြောင်းသွားတဲ့အရာလေးဖြစ်ပါတယ် ။ အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မင်းသား၊မင်းသမီးမှမဟုတ်ပါဘူး ။ ကိုယ့်ရဲ့Facebook မှာ Like တွေများတယ် Followerများတယ်ဆိုရင် ကူညီပြီးတော့ ပရဟိတအလုပ်ကိုအိမ်မှာနေပြီးတော့ လုပ်လို့ရပါတယ် ။

ဒီလိုမျိုးသွားပြီးတော့လမ်းမမှာ အမှိုက်ကောက်ပြတာထက် သက်သက်ကြီးလူမြင်အောင်လုပ်ပြတာထက် ကိုယ့်ဟာကို မြင်သာတယ်သိသာတယ် ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကို ကူညီကြပါဆိုပြီးတော့ ကိုယ့်Facebookကနေ Shareပေးပြီးတော့ပရဟိတကိုလုပ်လို့ရတယ်လို့ ကျနော်ပြောချင်ပါတယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Facebook Comments
589 Shares