Gyan Pone

Media, Entertainment and News Website

Local Celebrity News

ရေဘေးသင့်အိမ်ထောင်စု (၁၁၄၃) စုကို ဆန်နဲ့ အစားအသောက်တွေကို လှူဒါန်းမယ့် ခိုင်နှင်းဝေ

wert3425623456wert34563456ewrt34563456erty3456 1

ရေဘေးသင့် အိမ်ထောင်စု(၁၁၄၃)စုကို ဆန်နဲ့ အစားအသောက်တွေကို လှူဒါန်းမယ့် ခိုင်နှင်းဝေ

wert3425623456wert34563456ewrt34563456erty3456 3

ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း သူမတတ်နိုင်တဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

wert3425623456wert34563456ewrt34563456erty3456 1

ဒီတစ်ခောက်မှာလည်း ခိုင်နှင်းဝေ ပရဟိတအသင်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ရေဘေးသင့်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ဒေါ်လန်းကျေးရွာအုပ်စု မှရေဘေးသင့်ပြည်သူများသို့ ကျမရဲ့ ခိုင်နှင်းဝေပရဟိတအသင်းမှ သဘာဝဘေးအန္တရာယ်များ အတွက်ရံပုံငွေထဲမှ ၅၀၀၀၀၀ မတည်ကာ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။

wert3425623456wert34563456ewrt34563456erty3456 4

ဒေါ်လန်းကျေးရွာအုပ်စု အိမ်ခြေ စုစုပေါင်း — ၁၁၄၃ စု… အိမ်ထောင်စုတစ်စုလျှင်,,,ဆန် — ၅ပြည် (တစ်ပြည် ၁၀၀၀ထောင် နှုန်း×၅ = ၅၀၀၀ကျပ် ) ဆီ၁လီတာ — ၂ဗူး ( ၁ဗူး၈၀၀ကျပ်×၂ = ၁၆၀၀ကျပ်)
ငါးသေတ္တာ — ၁၀ဗူး ( တစ်ဗူး၃၅၀ကျပ်×၁၀ = ၃၅၀၀ကျပ်) ရေသန့်၁လီတာ — ၁ကဒ် ( ၈၅၀ကျပ်) မုန့်ခြောက် — ၂ထုပ် (တစ်ထုပ် ၇၀၀ ကျပ်×၂ = ၁၄၀၀ကျပ်) အိမ်ထောင်စုတစ်စုလျှင်စုစုပေါင်း = ၁၂,၃၅၀ ကျပ်နှုန်းဖြင့် ရေဘေးသင့်ကာကယံရှင်ပြည်သူများထံသို့ တိုက်ရိုက်လှူဒါန်းသွားမှာဖြစ်ပါတယ်။”

wert3425623456wert34563456ewrt34563456erty3456 2

“ကျမရဲ့ fb messenger နှင့် အသင်းဖုန်းများသို့ ပါဝင်လှူဒါန်းချင်တယ်ဆိုပြီးဆက်သွယ်ထားသော အလှူရှင်များအားလုံးလည်း အခုဖော်ပြထားသည့်နှုန်းထားအတိုင်း မိမိလှူဒါန်းလိုသော အိမ်ထောင်စု အရေအတွက် အတိုင်းလှူဒါန်းနိုင်ပါတယ်။ ရေဘေးသင့်ပြည်သူများအားလုံး အခက်အခဲများမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေရှင်…ခိုင်နှင်းဝေပရဟိတအသင်း” ဆိုပြီး ခိုင်နှင်းဝေက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

wert3425623456wert34563456ewrt34563456erty3456 1

ခိုင်နှင်းဝေ ပရဟိတအသင်းကတော့ တတ်နိုင်တဲ့အားနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးသွားကြပါဦးနော်။

Facebook Comments

Comments are Closed

Powered by M.N.T

47 Shares
Share47
Tweet
Share
Pin