1K Shares

လြန္​ခဲ့တဲ့ ႏွစ္​​​ေတြကတည္​းက ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းသ႐ုပ္ေဆာင္တစ္ဦးေနရာကေန ရပ္တည္ေနႏိုင္တဲ့ မင္းသားေျပတီဦးကေတာ့ မိသားစုကိုလည္​း အခ်ိန္​​ေပးရင္​း သ႐ုပ္​​ေဆာင္​အလုပ္​​ေတြလုပ္​​ေနတာပဲ ျဖစ္ပါတယ္။ အလႉအတန္းဆိုရင္ လက္မေႏွးတဲ့ ေျပတီဦးကေတာ့ ခ်စ္ဇနီးေခ်ာေလး အိျႏၵာေက်ာ္ဇင္နဲ႔အတူ အလႉအတန္းေတြလည္း ျပဳလုပ္ေလ့ရွိပါတယ္။

လတ္တေလာမွာေတာ့ ေျပတီဦးက သူတို႔ရဲ႕ေဖာင္ေဒးရွင္းကေနၿပီး လုပ္ျဖစ္တဲ့ အလႉေလးအေၾကာင္းကို လူမႈကြန္ယက္မွာ ​ေဝမွ်​ေပးထားတာ ​ေတြ႕ရပါတယ္​။ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ အလႉေလးမို႔ ပရိသတ္ေတြကို ၾကည္ႏူးမႈေတြ ကူးစက္ေစခဲ့ပါတယ္ေနာ္။

ခ်စ္ပရိသတ္ေတြအတြက္ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းတဲ့ ေျပတီဦးေဖာင္ေဒးရွင္းရဲ႕အလႉေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေျပတီဦးကေတာ့ ‘ဒီေန႔မနက္ ကြၽန္ေတာ္တို႔ရဲ႕ ပညာေရးေဖာင္ေဒးရွင္းအေနနဲ႔ အလႉေလးေတြလုပ္ျဖစ္ခဲ့ပါတယ္…ပထမေနရာက ႐ုပ္ရွင္အစည္းအ႐ုံးပါ..႐ုပ္ရွင္ေလာကသားေတြရဲ႕သားသမီးေလးေတြ ေက်ာင္းအပ္တဲ့အခါ အေထာက္အပံ့ေလးျဖစ္ေအာင္ ေက်ာင္းသုံးဗလာစာအုပ္ ၃၀၀ လႉဒါန္းခဲ့ပါတယ္..ဒုတိယကေတာ့ ျမန္မာအမ်ိဳးသမီးမ်ားဖြိ႕ၿဖိဳးတိုးတက္ေရးအသင္းပါ..

ဝကၤပါလမ္းထဲမွာရွိပါတယ္..တႏိုင္ငံလုံးက ကြၽန္ေတာ္တို႔ ရဲ႕သားခ်င္း အခက္အခဲရွိေနတဲ့ ျမန္မာအမ်ိဳးသမီးမ်ားကိုစနစ္တက် ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ေနရာေလးပါ..ေနရာနဲ႔ အေဆာက္အဦးႀကီးကေကာင္းေပမယ့္ ရန္ပုံေငြမလုံေလာက္လို႔ အဲဒီက ဆရာမႀကီးက ေ႐ႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ျဖစ္ေနရတယ္လို႔ေျပာေတာ့ စိတ္မေကာင္းျဖစ္မိပါတယ္.

.ေနာက္တခါ မိသားစုနဲ႔အတူ သြားလႉဦးမယ္ဆိုတဲ့စိတ္ျဖစ္မိသလို အမ်ိဳးတို႔ကိုလည္း ႀကဳံႀကိဳက္တဲ့အခါ သြားလႉဒါန္းေပးၾကပါလို႔လည္း တိုက္တြန္းခ်င္ပါတယ္ ဆိုၿပီး သူ႔ရဲ႕အလႉေလးကို ေဝမွ်ေပးထားတာပါ။

သ႐ုပ္ေဆာင္ ေျပတီဦးကေတာ့ လတ္တေလာမွာ အႏုပညာအလုပ္ေတြ ဆက္တိုက္ျပဳလုပ္ျဖစ္ေနတာျဖစ္ၿပီး မိသားစုကိုလည္း အခ်ိန္ေပးရင္း ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပါ။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံႏွစ္ဦးကေတာ့ အၿမဲလိုလို ပရိသတ္ကိုေရွ႕တန္းတင္ၿပီး အႏုပညာအလုပ္ေတြလုပ္ကိုင္ေနတာေၾကာင့္ တစ္ေန႔တစ္ျခား ေအာင္ျမင္မႈေတြ တိုးတိုးလာတာဆိုရင္လည္း မမွားပါဘူး။

ခ်စ္စရာေကာင္းတဲ့ သားေလးနဲ႔ သမီးေလးကိုလည္း ပိုင္ဆိုင္ထားတဲ့ သူတို႔ဇနီးေမာင္ႏွံကေတာ့ အၿမဲလိုလို ေပ်ာ္႐ႊင္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ေျပတီဦးတို႔မိသားစုရဲ႕ ဝမ္​း​ေျမာက္​ဖြယ္​အလႉကို သာဓု​ေခၚလိုက္​ၾကပါဦး​ေနာ္။

လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ဦးနေရာကနေ ရပ်တည်နေနိုင်တဲ့ မင်းသားပြေတီဦးကတော့ မိသားစုကိုလည်း အချိန်ပေးရင်း သရုပ်ဆောင်အလုပ်တွေလုပ်နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုရင် လက်မနှေးတဲ့ ပြေတီဦးကတော့ ချစ်ဇနီးချောလေး အိန္ဒြာကျော်ဇင်နဲ့အတူ အလှူအတန်းတွေလည်း ပြုလုပ်လေ့ရှိပါတယ်။

လတ်တလောမှာတော့ ပြေတီဦးက သူတို့ရဲ့ဖောင်ဒေးရှင်းကနေပြီး လုပ်ဖြစ်တဲ့ အလှူလေးအကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အလှူလေးမို့ ပရိသတ်တွေကို ကြည်နူးမှုတွေ ကူးစက်စေခဲ့ပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ပြေတီဦးဖောင်ဒေးရှင်းရဲ့အလှူလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြေတီဦးကတော့ ‘ဒီနေ့မနက် ကျွန်တော်တို့ရဲ့ ပညာရေးဖောင်ဒေးရှင်းအနေနဲ့ အလှူလေးတွေလုပ်ဖြစ်ခဲ့ပါတယ်…ပထမနေရာက ရုပ်ရှင်အစည်းအရုံးပါ..ရုပ်ရှင်လောကသားတွေရဲ့သားသမီးလေးတွေ ကျောင်းအပ်တဲ့အခါ အထောက်အပံ့လေးဖြစ်အောင် ကျောင်းသုံးဗလာစာအုပ် ၃၀၀ လှူဒါန်းခဲ့ပါတယ်..ဒုတိယကတော့ မြန်မာအမျိုးသမီးများဖွိ့ဖြိုးတိုးတက်ရေးအသင်းပါ..

ဝင်္ကပါလမ်းထဲမှာရှိပါတယ်..တနိုင်ငံလုံးက ကျွန်တော်တို့ ရဲ့သားချင်း အခက်အခဲရှိနေတဲ့ မြန်မာအမျိုးသမီးများကိုစနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတဲ့နေရာလေးပါ..နေရာနဲ့ အဆောက်အဦးကြီးကကောင်းပေမယ့် ရန်ပုံငွေမလုံလောက်လို့ အဲဒီက ဆရာမကြီးက ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေရတယ်လို့ပြောတော့ စိတ်မကောင်းဖြစ်မိပါတယ်.

.နောက်တခါ မိသားစုနဲ့အတူ သွားလှူဦးမယ်ဆိုတဲ့စိတ်ဖြစ်မိသလို အမျိုးတို့ကိုလည်း ကြုံကြိုက်တဲ့အခါ သွားလှူဒါန်းပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ် ဆိုပြီး သူ့ရဲ့အလှူလေးကို ဝေမျှပေးထားတာပါ။

သရုပ်ဆောင် ပြေတီဦးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး မိသားစုကိုလည်း အချိန်ပေးရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပါ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။

ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပြေတီဦးတို့မိသားစုရဲ့ ဝမ်းမြောက်ဖွယ်အလှူကို သာဓုခေါ်လိုက်ကြပါဦးနော်။

Facebook Comments
1K Shares