Gyan Pone

Media, Entertainment and News Website

Local Celebrity News

(၂၉) နှစ်ပြည့်မွေးနေ့မှာ ထမင်းကြော်နဲ့ မွေးနေ့ပွဲကျင်းပခဲ့တဲ့ သင်းသင်း

hgiufyhgohiguhg 1

(၂၉) နှစ်ပြည့်မွေးနေ့မှာ ထမင်းကြော်နဲ့ ဧည့်ခံပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ သင်းသင်း

hgiufyhgohiguhg 1

ပရိသတ်တွေ သိထားပြီးသားဖြစ်တဲ့ အလှမယ် သင်းသင်း ဟာဆိုရင် MMPA Organization မှ ခန့်အပ်ခဲ့တဲ့ Ms Tourism Ambassador ဆု ကို ရရှိထားသူပါ။ ဒါပေမယ့် သူမရဲ့ လူမှုရေးပြဿနာတွေကြောင့် သင်းသင်းက အလှမယ်သရဖူကို Organization မှ ပြန်အသိမ်းခံခဲ့ရပေမယ့် သူမဝါသနာပါရာ အနုပညာလမ်းမပေါ်မှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ(၁၃)ရက်နေ့ကတော့ သင်းသင်းရဲ့ ၂၉ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သင်းသင်းရဲ့ မွေးနေ့ပွဲကို ရန်ကုန်မြို့ Cafe 20 မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်းသင်းရဲ့ မွေးနေ့ပွဲကို ညီဘွားညီ၊ ဆောင်းအိန္ဒြေထွန်း နဲ့ အခြားသော မိတ်ဆွေအပေါင်းအသင်းတွေများစွာ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

hgiufyhgohiguhg 3
hgiufyhgohiguhg 2
hgiufyhgohiguhg 4

သင်းသင်းက ထူးထူးခြားခြားအနေနဲ့ သူမရဲ့ မွေးနေ့ပွဲတက်ရောက်လာသူကို ထမင်းကြော်နဲ ဧည့်ခံကျွေးမွေးခဲ့တာပဲ ဖြစ်ပါတယ်။ ထမင်းကြော်ကတော့ သင်းသင်းရဲ့ အကြိုက်ဆုံးအစားအစာလို့ ပြောကြားထားတာတွေလည်း ရှိပါတယ်။သင်းသင်းကတော့ မွေးနေ့ပွဲမှာ မြန်မာဝတ်စုံလှလှလေးနဲ့ ကျက်သရေရှိရှိလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်းသင်းအတွက် မွေးနေ့ဆုတောင်းစကား ပြောပေးသွားကြပါဦးနော်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin