Gyan Pone

Media, Entertainment and News Website

Local Celebrity News

အဖမ်းခံရပြီးမှ ပြန်လွတ်လာတဲ့ ဖြိုးပြည့်စုံ ကိစ္စနဲ့ ပတ်သက်ပြီး ပန်ဆယ်လို ဝုန်းပြီ

sghfdsgfds674356

အဖမ်းခံရပြီးမှ ပြန်လွတ်လာတဲ့ ဖြိုးပြည့်စုံ ကိစ္စနဲ့ ပတ်သက်ပြီး ပန်ဆယ်လို ဝုန်းပြီ

sghfdsgfds674356

အဆိုတော် ဖြိုးပြည့်စုံပါ သုံးဦးကို လွှတ်ပေးလိုက်ပါပြီတဲ့။ ဖမ်းမိတဲ့ဆေးပြားတွေက မူးယစ်ဆေးဝါး မဟုတ်လို့ ဓါတုဗေဒဝန်ရုံးက ပြန်ကြားပါသတဲ့

လွတ်မြောက်လာပြီဆိုတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မေးစရာ မေးခွန်းတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ အပြစ်ရှိတယ် မရှိဘူး၊ မူးယစ်ဆေးဝါးဟုတ်မဟုတ် မသေချာဘဲ သတင်းအရဆိုတာနဲ့ လူကြားသူကြားထဲ သောက်ခွက်ရိုက်ပြီး ဖမ်းလို့ရတယ်ပေါ့ အဲ့ကိစ္စကို ရှင်းပြပါ။

sghfdsgfds674356

(၁)လူမြင်ကွင်းမှာ ဖမ်းဆီးရုံတင်မဟုတ်ဘဲ မျက်နှာနဲ့ ခေါင်းကို ရိုက်ပုတ်ခေါ်ဆောင်ခြင်း

(၂)မူးယစ်ဆေးဟုတ်မဟုတ် မသေချာဘဲ ရောင်းဝယ်ဖောက်ကားပုဒ်မအပါအဝင် ပုဒ်မတွေတပ်ခြင်း

(၃)အပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်း

(၄)ဂုဏ်သိက္ခာထိပါးနစ်နာစေခြင်း

ဒါတွေနဲ့ပတ်သက်ပြီး ဘယ်သူက တာဝန်ယူမလဲ၊ ဘယ်လို တာဝန်ယူမလဲ။ မှားဖမ်းတာ ဆောရီးနော်ဆိုတာနဲ့ ရမလား

sghfdsgfds674356

အခုကိစ္စက နာမည်ကြီး အဆိုတော်ဖြစ်နေလို့သာ Candy က Candy ဖြစ်တာ။ ဒါတောင် အစက ကက်တမင်းဆေးပြားလို့ သတင်းတက်သေးတယ်။

အကယ်၍ ဖြိုးပြည့်စုံနေရာမှာ သာမန်မျက်နှာမွဲ လူငယ်တစ်ယောက်ဆိုရင်ရော Candyက Candyပါလို့ အဖြေထွက်ပါ့မလား။

နောက်တစ်ချက်က အခုကိစ္စက အဆိုတော်မို့ ဘေးလူက ဗီဒီယိုရိုက်ထားလို့ မျက်ခွက်ရိုက်တဲ့ကိစ္စက လူတွေသိသွားတာ။ အကယ်၍သာ ဒီနေရာမှာ အခြားသူတွေသာဆို ဒီကိစ္စလည်း လူမသိနိုင်ဘူး။

sghfdsgfds674356

ကိုယ်ကတော့ ဖြစ်တဲ့နေ့ကတည်းက ဗီဒီယိုဖိုင်ကို ကြည့်ပြီး နည်းနည်းမှ မကျေနပ်ဘူး။ မူးယစ်ဆေး ဟုတ်တာ မဟုတ်တာ အသာထား၊ မူးယစ်ဆေးပဲ ထားဦးခုခံနေတာမဟုတ်ဘဲ ရန်ပြုနေတာ မဟုတ်ဘဲ ရိုက်နှက်စရာအကြောင်း တစ်ပြားသားဖိုးမှ မရှိဘူး။

အခုလုပ်ပုံက မြန်မာပလာဇာ မျက်နှာစာလိုနေရာမျိုးမှာ သကြားလုံးဘူးလေး အိတ်ထဲထည့် ထိုင်နေရင်တောင် နေရင်းထိုင်းရင်း သတင်းအရဆိုပြီး ပါးဝင်ချဖမ်းပြီး အချုပ်ထဲ နှစ်ညထည့်ထားလို့ရတယ်ဆိုတဲ့ သဘော ဖြစ်နေပြီ။

အခုက မူးယစ်ဆေးလည်း မဟုတ်ဘူးဆိုတာ အဖြေထွက်လာပြီ။ သတင်းအမှားပေးတဲ့ သတင်းပေးကို ဘယ်လို အရေးယူမလဲ။ မသေချာဘဲ ဇွတ်ဖမ်းတဲ့ လူတွေရော၊ အထူးသဖြင့် ရိုးရိုးမဖမ်းဘဲ ရှယ်ဇွန်းတပ်ပြီး အခွက်ရိုက်ဖမ်းတဲ့ လက်စွမ်းပြပုဂ္ဂိုလ်ထူးကြီးကရော ဘယ်လို အထူးတာဝန်ယူပေးမလဲ နားစွင့်ထားပါရစေနော်

sghfdsgfds674356

ခေတ်ကိုက ကော်ဖီဆိုင်ထိုင်ရင်း သကြားလုံးက အော်တို ကက်တမင်းဖြစ်ပြီး မျက်ခွက်ရိုက် အဖမ်းခံရနိုင်တဲ့ခေတ်

မရတော့ဘူး မတရားတွေ ကြည်ညိုနေပြီ

ခြေသလုံးဖက်မိတော့မယ်

အားးးးးးး

Facebook Comments
91 Shares

Comments are Closed

Powered by M.N.T