စနေ သားသမီးတွေ ရဲ့ အားသာချက်များ

စနေ သားသမီးတွေ ရဲ့ အားသာချက်များ

စနေသားသမီးတွေဟာ များသောအားဖြင့် စိတ်သဘောထားပြည်ဝကြတယ်။ စိတ်ထားကောင်းကြတယ်။ သင်ဟာစနေသားသမီးနဲ့ ချစ်သူဖြစ်နေပီဆိုရင် ဂုဏ်ယူလိုက်ပါတော့နော် …။

သူတို့ကိုလက်လွှတ်ဆုံးရှုံးမခံပါနဲ့။ စနေသားသမီးတွေက သူ့ရဲ့ချစ်သူကိုပျော်ရွှင်အောင်ထားကြတယ်။ သူ့ချစ်သူကို စိတ်ညစ်စေမယ့် အပြုအမူမျိုးကို လုပ်လေ့မရှိဘူး …။

တကယ်လို့ သူ့ချစ်သူက အကြောင်းတစ်ခုခုကြောင့်စိတ်ညစ်နေရင်လည်း ပျော်ရွှင်လာအောင်လုပ်ပေးတတ်ကြတယ်။ ဒါကလည်းသူတို့ရဲ့ ဗီဇလို့ပြောရမှာပေါ့ …။

စနေသားသမီးတွေက နည်းနည်းတော့ စိတ်ကြီးကြတယ်။ သူတို့ကို မဟုတ်တာပြောရင်မကြိုက်ကြဘူး။ စတာပဲဖြစ်ဖြစ် အတည်ပြောတာပဲ ဖြစ်ဖြစ် မကြိုက်ကြဘူး။ ဒါပေမယ့် စိတ်တိုတဲ့အချိန်ကလည်း နာရီဝက်တောင်မကြာပါဘူး …။

စနေသားသမီးတွေကအချစ်ကြီးကြတယ်။ လူတစ်ယောက်ကိုချစ်ပီဆိုရင်သူ့ရဲ့ပစ္စုပ္ပန်ကိုမကြည့်ဘူး။ ရူးရူးမူးမူး စွဲစွဲလန်းလန်း ချစ်တတ်ကြတယ် …။

သူ့ချစ်သူရဲ့အတိတ်က မကောင်းဘူးဆိုရင်တောင် အနာဂတ်မှာ သူ့ချစ်သူကို သေချာတိုင်ပင်ပြီး ပြုပြင်ပေး တတ်ကြတယ် …။

စနေသားသမီးအများစုကတော့ ရုပ်ရည်အားဖြင့် ရုပ်ဆိုးတဲ့သူမရှိကြဘူး။ ရှိခဲ့ရင်လည်းနည်းတယ် …။

ရုပ်ရည်အသင့်အတင်ရှိတဲ့သူကလည်း သူ့ရဲ့fashion နဲ့တင်ကြွေလောက်တယ်။ ရုပ်ချောပီဆိုရင်တော့ ဘယ်သူမှလိုက်မမှီဘူး …။

စနေသားသမီးတွေက အရပ်အားဖြင့် အရမ်းလည်း မရှည်ဘူး။ အရမ်းလည်း မပုကြဘူး။ အနေတော်လေးနဲ့ ချစ်စရာအရမ်းကောင်းကြတယ် …။

စကားပြောတဲ့ အချိန်တို့ ရယ်လိုက်တဲ့ အချိန်တွေကတော့ စနေသားသမီးတွေရဲ့ အလှပဆုံးနဲ့ ချစ်စရာအကောင်းဆုံးအချိန်တွေပါပဲ …။ ။

374 Shares