ကူးစက်ရောဂါ ပြန့်ပွားမှုကို ဇာတ်အိမ်တည်ထားတဲ့ စိတ်ခြောက်ခြားဖွယ် ရုပ်ရှင်ကား(၆)ကား

ကူးစက်ရောဂါ ပြန့်ပွားမှုကို ဇာတ်အိမ်တည်ထားတဲ့ စိတ်ခြောက်ခြားဖွယ် ရုပ်ရှင်ကား(၆)ကား

Pandemic လို့ခေါ်တဲ့ ရုပ်ရှင်အမျိုးအစားတွေဟာ ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်များ တော်တော်လေးကို ခေတ်စားလာခဲ့ပါတယ်။ ဒီရုပ်ရှင်အမျိုးအစားကို အကြမ်းဖျဉ်းပြောပြရမယ်ဆိုရင်တော့ ကူးစက်ရောဂါကြောင့် ရွာငယ်လေးတွေကစလို့ မြို့ပြကြီးတွေအထိ ထိန်းမရသိမ်းရအောင် ကူးစက်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးပါ ပျက်စီးသွားရတဲ့ ပုံစံမျိုးတွေပေါ့။

လူတွေကို လိုက်ကိုက်စားကြတဲ့ zombie ကားမျိုးမဟုတ်ဘူးနော်။ ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးအတွက် အကောင်းဆုံးသော pandemic ရုပ်ရှင် ၆ ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

စဉ်းစားကြည့်လိုက်ပါ၊ အပြင်မှာ ဒီလိုမျိုး ထိန်းမရတဲ့ ကူးစက်ရောဂါကြီးတွေ ပြန့်ပြီး လူသားမျိုးတွေကြီး မျိုး သုဉ်းတော့မယ့်ဘေးများ ကြုံခဲ့ရင်.. စဉ်းစားရုံနဲ့တင် စိတ်ခြောက်ခြားစရာ အတော်လေး ကောင်းနေပါပြီ။ ဘယ်လို ရုပ်ရှင် ၅ ကားဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Flu (2013)

ရှိသမျှ pandemic ရုပ်ရှင်တွေထဲ သဘောအကျရဆုံးသော ရုပ်ရှင်တစ်ကားပါ။ ကိုးရီးယားရုပ်ရှင်တစ်ကားဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Lee Yeoung-jong, Kim Sung-su တို့က ဦးဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဗီယက်နမ်ရွာငယ်လေးတစ်ရွာကနေ ကိုရီးယားကို ပြန့်ပွားလာတဲ့ ကူးစက်ရောဂါတစ်ခုဟာ လူ၊ လူချင်း အသက်ရှူလမ်းကြောင်း၊ ထိတွေ့မှုတို့ကနေ မိနစ်ပိုင်းအတွင်း ကူးစက်ကာ နောက်ဆုံး သွေးတွေအန်ပြီး အသက်ဆုံးရှုံးရပါတော့တယ်။

ဒီအတွက် စတင်ဖြစ်ပွားတဲ့ မြို့ကြီးကို အာဏာပိုင်တွေမှ ပိတ်ချပစ်လိုက်ကာ ကူးစက်ရောဂါကို မြို့တစ်ခုလုံးပြာဖြစ်အောင်လုပ်ပြီး သုတ်သင်ပစ်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ မြို့ထဲမှာ ရောဂါမကူးသေးတဲ့ လူတွေရှိနေပါသေးတယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စက္ကန့်တိုင်း ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာမလို့ pandemic ရုပ်ရှင်တွေထဲ အကြိုက်ရဆုံး ရုပ်ရှင်တစ်ကားပါပဲ။

READ
သစ်ပင်ပေါ်အထိတက်ပြီး အမိုက်စား ဓာတ်ဖမ်းခဲ့ကြတဲ့ ယုသန္တာတင်နဲ့ ခင်လေးနွယ်

Contagion (2011)

ကျွန်တော်အနေနဲ့ ဒုတိယမြောက် သဘောကျမိတဲ့ virus outbreak ရုပ်ရှင်တစ်ကားပါပဲ။ အမျိုးသမီးတစ်ယောက်က ဟောင်ကောင်ကနေပြီး Minnesota ကို ထူးဆန်းတဲ့ရောဂါလက္ခဏာတစ်မျိုးနဲ့ ပြန်ရောက်လာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားခဲ့တယ်။

နောက် ခင်ပွန်းဖြစ်သူဟာလည်း အလားတူ လက္ခဏာမျိုးပါတော့တယ်။ အဲဒီအချိန် အဲဒီကူးစက်ရောဂါဟာ ကမ္ဘာတစ်လွှားပြန့်နှံ့နေခဲပါပြီ။

ဒီရုပ်ရှင်မှာတော့ အရေးကြုံရင် အားကိုးစရာမရှိဘဲ လူတွေရဲ့ဖြစ်ပျက်တတ်တဲ့ စိတ်ထားတွေ၊ ပြိုလဲသွားတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ ကြိုးပမ်းပြီး ဖြေဆေးရှာဖွေကြတဲ့ လူတွေအကြောင်းကို ရိုက်ပြထားပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ရိုးမှာမဟုတ်ဘူးဆိုတာ အာမခံပါတယ်။ မင်းသား Matt Damon မှ ဦးဆောင်ပါဝင်ထားပါတယ်။

Otubreak (1995)

၁၉၉၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ရုပ်ရှင်ဆိုပေမယ့် ယနေ့ခေတ် pandemic ရုပ်ရှင်တွေထက်တောင် ပိုကောင်းနေတယ်လို့တော့ ကျွန်တော်ထင်မိပါတယ်။ သူ့ကူးစက်ရောဂါကတော့ မျောက်မှတစ်ဆင့် လူတွေကိုကူးစက်ကာ နောက်ဆုံး သေဆုံးသူတွေ၊ ကူးစက်သူတွေတဖြေးဖြေးများလာပြီးနောက် ကယ်လီဖိုးနီးယားမှာရှိတဲ့ မြို့လေးကို လုံးဝပိတ်ပစ်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

သရုပ်ဆောင်တွေကလည်း Dusstin Hoffman, Rena Russo, Morgan Freeman တို့လို နာမည်ကြီးတွေဆိုတော့ ပြန်ရှာကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲလို့ ညွှန်းချင်ပါတယ်။

READ
မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး

Pandemic (2016)

ရုပ်ရှင်နာမည်ကိုက pandemic တဲ့။ ကူးစက်ရောဂါကြောင့် ပိတ်ချထားတဲ့ မြို့ကြီးထဲက ရောဂါကင်းရှင်းတဲ့ပြည်သူတွေကို ကယ်ထုတ်ရမယ့်ဇာတ်လမ်းပါ။ ဒီကားထဲမှာ သေမထူးနေမထူးဖြစ်နေကြအခါ ပြောင်းလဲသွးတဲ့ လူတွေရဲ့စိတ်တွေကို မြင်တွေ့ရမှာပါ။ နောက် ရုပ်ရှင်က first-person-view ပုံစံတွေ များတဲ့အတွက် တော်တော်လေးကို ရင်တုန်ရတဲ့အခန်းတွေပါပါတယ်။

Deranged (2012)

နောက်ထပ် ကိုရီးယားရုပ်ရှင်တစ်ကားပါ။ ရေထဲမှာရှိနေကြတဲ့များစွာသော အလောင်းတွေ ပေါ်လာခဲ့တယ်။ နောက် တချို့လူတွေဟာလည်း ရေ၊ ရေ၊ ရေဆိုပြီး အမြဲတမ်းတောင့်တလာကြတဲ့ ရေမသောက်ရရင် အသက်သေတယ်၊ ရေသောက်ပြန်တော့လည်း ရေမွန်းပြီးသေကုန်တယ်။

ဘာကြောင့်လဲ။ Deranged ဟာလည်း ပရိတ်သတ်ကြီးကို မတူညီတဲ့ရသတွေတစ်မျိုးစီ ပေးစွမ်းဦးမှာမလို့ ဆက်ဆက်ကြည့်ရမယ့် ရုပ်ရှင်ကားကောင်းဆိုတာ ဝေမျှပေးလိုက်ပါတယ်။

Carriers (2009)

ကူးစက်ရောဂါတစ်မျိုး တစ်ကမ္ဘာလုံးပြန့်နှံ့ပြီးနောက် ပြိုလဲသွားတဲ့ လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုရှင်သန်ရပ်တည်ကြမလဲ။ ကူးစက်ရောဂါတိုင်းမှာ ရောဂါကူးစက်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိနေပါတယ်။

လေထု၊ ပစ္စည်းတွေမှတစ်ဆင့်၊ ကူးစက်ခံနေရတဲ့သူကို ထိတွေ့မှု စသဖြင့်ပေါ့။ ဒီလိုရောဂါကူးစက်စေမယ့် နည်းလမ်းတွေသိပြီး ရှောင်ရှားနိုင်မယ်ဆိုရင်ရော သင့်အနေနဲ့ အသက်ရှင်ရပ်တည်နိုင်မှာလားဆိုတာ ဒီကားကအဖြေရှာပေးသွားမှာပဲဖြစ်ပါတယ်။

52 Shares