Gyan Pone

Media, Entertainment and News Website

health, Life Style

လက်ဝဲဘက်ကို စောင်းပြီးအိပ်စက်ခြင်းက ဘာကြောင့်ကောင်းမွန်လဲဆိုတော့…

လက်ဝဲဘက်ကို စောင်းပြီးအိပ်စက်ခြင်းက ဘာကြောင့်ကောင်းမွန်လဲဆိုတော့…

ညဘက် နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းက ကျွန်တော်တို့တစ်နေ့ကုန်သုံးသမျှအားတွေကို ဒီလိုအိပ်စက်ချိန်မှာ ပြန်လည်အားမွေးတဲ့သဘောပါ။ ပြန်လည်အားမွေးနေချိန်မှာ ကောင်းကောင်းအိပ်ပျော်ဖို့တော့ လိုတာပေါ့။

ဒါကြောင့် ကျွန်တော်တို့ အခုသိပံသီအိုရီတစ်ခုကို စမ်းသပ်ကြည့်ရအောင်။ လက်ဝဲဘက်ကိုစောင်းပြီးအိပ်စက်ခြင်းက သင့်ကို

သက်တောင့်သက်သာနဲ့ အိပ်ပျော်စေတယ်လို့ ဒီသီအိုရီမှာပြောထားတယ်။ ဒီလိုစောင်းအိပ်ရင် ဘာတွေအကျိုးထူးလဲဆိုတာပါ သူကတစ်ခါတည်း ဖော်ပြထားပါတယ်။

(၁) သွေးဖြူကြောလုပ်ဆောင်ချက်ကို တိုးတက်စေခြင်း

သွေးဖြူကြောလုပ်ဆောင်ချက်ကောင်းရင် ခနာကိုယ်မှာရှိတဲ့ အညစ်ကြေးတွေ၊အဆိပ်တောက်တွေ ဖယ်ရှားပေးနိုင်တယ်။ ကျွမ်းကျင်ပညာရှင်တွေကသူက လက်ဝဲဘက်မှာရှိနေတဲ့အတွက်

စောင်းပြီးအိပ်ပေးရင် ပိုပြီးကောင်းကောင်းလုပ်နိုင်တယ်လို့ပြောပါတယ်။ သွေးဖြူကြောလုပ်ဆောင်ချက်က ခနာကိုယ်အတွက်လိုအပ်တဲ့

အဆီ၊ ပရိုတိန်း နဲ့အခြားအရေးကြီး တစ်ရှုးတွေကို ပိုမိုသွက်လက်စွာ ဖြည့်ဆည်းပေးနိုင်တယ်လို့သိရပါတယ်။

(၂) သရက်ရွက်ပိုကောင်းလာ

သွေးဖြူကြောစနစ်မှာတော့ သရက်ရွက်ကအကြီးဆုံး အင်္ဂါအစိတ်ပိုင်းဖြစ်ပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်တဲ့အခါ သရက်ရွက်က

ပိုပြီးအလုပ်လုပ်တယ်။အဓိကအကြောင်းရင်းကတော့ သူ့မှာ ဆွဲငင်အားရှိနေလို့ပါ။ သွေးတွေက သရက်ရွက်ထိ စီးဆင်းပြီး မသန့်ရှင်းတဲ့အညစ်ကြေးတွေကို ဖယ်ထုတ်ပေးပါတယ်။

(၃) ခနာကိုယ်တွင်းရှိ အဆိပ်အပုပ်များလုံးဝရှင်းသွားခြင်း

အစာခြေလမ်းကြောင်းသေးနဲ့ လမ်းကြောင်းအကြီးက ခနာကိုယ်ရဲ့ဘယ်ဘက်မှာ တည်ရှိနေတာကြောင့် ထိုနေရာကို ဆေးပညာအရ ileocecal valve လို့ခေါ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ပေးမယ်ဆို

ဆွဲငင်အားကအစာခြေလမ်းကြောင်းသေးနဲ့ အကြီးက အညစ်ကြေးတွေသန့်ရှင်းရာမှာ ပံ့ပိုးမှုကောင်းတစ်ခုဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းလည်း ကင်းဝေးစေတယ်။

(၄) ရင်ပူရင်ဆာဖြစ်ခြင်း လျော့ကျနိုင်

မကြာခဏ သင်ရင်ပူရင်ဆာဖြစ်နေတယ်ဆိုရင် ဘယ်ဘက်ကို စောင်းအိပ်လိုက်ပါ။ ဒီအနေထားတိုင်း သင့်အစာအိမ်က

နှလုံးကြွက်သားနဲ့ဆက်နွယ်နေတဲ့ အစာပြွန်အောက်ကို ရောက်သွားမှာဖြစ်ပါတယ်။ စောင်းအိပ်ခြင်းကနေ ရင်ပူခြင်းကိုတဖြည်းဖြည်းလျော့ကျစေပါတယ်။

(၅) အသည်းလွန်ကျွံစွာ အလုပ်လုပ်နေခြင်းကို လျော့ချနိုင်

အသည်းက ခနာကိုယ်ရဲ့ညာဘက်အခြမ်းမှာရှိတော့ ညာဘက်ကိုစောင်းအိပ်မယ်ဆို ဒီအင်္ဂါကိုထိခိုက်စေပါတယ်။

ဘယ်ဘက်စောင်းအိပ်ပေးမယ်ဆို အဆိပ်တောက်တွေနဲ့ အခြားအရာတွေက သင့်အသည်းကို လာရောက်ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၆) နှလုံးအား ကောင်းစေ

နှလုံးက ဘယ်ဘက်စောင်းအိပ်ရင် အဆုတ်မှ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးကိုလည်း အလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီပေးတာကြောင့် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။

ပင်မသွေးလွှတ်ကြောနဲ့ venacava လုပ်ဆောင်ချက်ကို အထူးသဖြင့် ပံ့ပိုးပေးပြီးခန္ဓာကိုယ်အတွင်း အောက်စီဂျင်လည်ပတ်မှုကောင်းစေတယ်။



















(၆) နှလုံးအား ကောင်းစေ



Facebook Comments

Comments are Closed

Powered by M.N.T

12 Shares
Share12
Tweet
Share
Pin