Gyan Pone

Media, Entertainment and News Website

health, Life Style

ညဖက်အိပ်မပျော်တဲ့ရောဂါကို တွန်းလှန်နိုင်ဖို့ နည်းလမ်း(၇)မျိုး

ညဖက်အိပ်မပျော်တဲ့ရောဂါကို တွန်းလှန်နိုင်ဖို့ နည်းလမ်း(၇)မျိုး

ညဖက်ဆိုရင် ဘာလို့မှန်းမသိ အိပ်မပျော်ဖြစ်နေတာမျိုး ကြုံနေရပြီလား။ ဘာမှ ဟုတ်တိပတ်တိ လုပ်စရာရှိမနေပေမယ့်လည်း ည ၁ နာရီ ၂ နာရီလောက်အထိ အိပ်မပျော်ပဲ မနက်ဆို

အိပ်ယာမထချင်ဖြစ်နေတတ်တာမျိုးလေ။ ဆေးပညာအရတော့ အိပ်မပျော်တဲ့ရောဂါ (Insomania) ဟာ အလေ့အကျင့်တွေလုပ်ပေးရင်းနဲ့ ပျောက်ကင်းသွားနိုင်တာမျိုးပါ။ ဒီထဲမှာပါတဲ့အချက်လေးတွေကိုသာ

ဂရုစိုက်ပြီးလုပ်ပေးရင် သင့်မှာ အိပ်မပျော်တဲ့ရောဂါရှိခဲ့ဖူးတယ်ဆိုတာကိုတောင် မေ့သွားလောက်တဲ့အထိ အိပ်ပျော်နေစေပါလိမ့်မယ်နော်။

(၁)။ အိပ်ယာထချိန်ကို ပုံမှန်ဖြစ်နေအောင်ကြိုးစားပါ

သင်ဘယ်လောက်ပဲ နောက်ကျပြီးမှ အိပ်ခဲ့တာဖြစ်ပါစေ အိပ်ယာထချိန်ကိုတော့ ပုံမှန်အချိန်တစ်ခု သတ်မှတ်ပြီး ထဖို့ကြိုးစားပါ။ ဥပမာ- သင်က မနက်(၇)နာရီ ထဖို့ဆုံးဖြတ်ထားတယ်ဆိုရင် ဘာပဲဖြစ်ဖြစ်

မနက်(၇)နာရီမှာ အိပ်ယာထနိုင်ပါစေ။ ဒီလိုနည်းနဲ့ သင့်ရဲ့ခန္ဓာကိုယ်က အိပ်စက်ချိန်လိုအပ်မှုကို ဆုံးဖြတ်ပေးသွားမှာဖြစ်ပြီး သင့်ကို ဟန်ချက်ညီအောင် ကူညီပေးပါလိမ့်မယ်။

(၂)။ အယ်လ်ကိုဟော၊နီကိုတင်းနဲ့ကဖင်း

အဲဒီ (၃)မျိုးထဲက တစ်ခုခုကိုသောက်လိုက်တိုင်း သင် အိပ်မပျော်ဘူးလို့ ခံစားရရင် အိပ်ယာဝင်တော့မယ့်နာရီအနည်းငယ်အတွင်းမှာ အဲဒါတွေကို မသောက်မိပါစေနဲ့။

အထူးသဖြင့် ကဖင်းဓာတ်ဟာ သင့်ရဲ့အိပ်ချင်စိတ်တွေကို ပျောက်ဆုံးသွားစေနိုင်တာမို့ အိပ်ခါနီးကော်ဖီတစ်ခွက်လောက်

သောက်လိုက်ရင် တစ်ညလုံးအိပ်မပျော်တာမျိုးနဲ့တောင် ကြုံရနိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ဒီ(၃)မျိုးသောက်ရင် ဘယ်လောက်တောင်အိပ်မရ ဖြစ်သလဲလို့။

(၃)။ ခဏမှေးလိုက်ဦးမယ်ဆိုတာမျိုး သိပ်မလုပ်ပါနဲ့

နေ့လည်ဖက်တစ်ရေးအိပ်လိုက်ဦးမယ်၊ ညနေထမင်းစားပြီးခဏအိပ်လိုက်ဦးမယ် ဆိုတာမျိုးက သင့်ရဲ့ပုံမှန်အိပ်ယာဝင်ချိန်ကို အနှောင့်အယှက်ပေးနိုင်တာမျိုးပါ။ နေ့လည်ဖက်၊ ဒါမှမဟုတ်

ညနေဖက်တွေမှာ တရေးတမောအိပ်စက်မိလိုက်ရင် ညဆို အိပ်ပျော်ဖို့ ခက်တော့မှာပါ။ သင်က အဲဒီလို အိပ်တတ်သူတစ်ယောက်ဆိုရင် တရေးအိပ်တာကိုလျော့ပြီး ညဖက်ကို အိပ်ယာစောစောဝင်ဖို့ ကြိုးစားကြည့်ပါ။

(၄)။ လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့ကို အနည်းဆုံးနာရီဝက်လောက် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးတာက သင့်ရဲ့အိပ်ချင်စိတ်ကို အများကြီးအထောက်အကူ ဖြစ်စေပါတယ်။ ညဖက်လုံး၀ အိပ်မပျော်ဘူးဆိုတဲ့သူတွေအတွက်လည်း

ပုံမှန်အိပ်ယာဝင်ချိန်ရဲ့နာရီဝက်အလိုလောက် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းကနေ အိပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။

(၅)။ အိပ်ယာကို အိပ်ဖို့အတွက်ပဲထားပါ

အိပ်ယာထဲမှာ ဖုန်းသုံးတာ၊ အိပ်ယာထဲမှာ စာကြည့်တာ၊ လက်ပ်တော့တစ်လုံးနဲ့အိပ်ယာပေါ်မှာ ဇာတ်ကားတွေကြည့်တာ အဲဒီအကျင့်တွေကလည်း သင့်ရဲ့အိပ်ချင်စိတ်ကို ပျောက်ဆုံးသွားစေနိုင်ပါတယ်။

သင့်အတွက် အိပ်ယာဆိုတာ အိပ်ဖို့လို့ မခံစားရတော့ပဲ တစ်ခုခုလုပ်ဖို့နေရာလို့တောင် ထင်ကောင်းထင်လာမှာဖြစ်လို့ အိပ်ယာကို အိပ်ဖို့အတွက်ပဲ သီးသန့်ထားကြည့်ပါ။

(၆)။ အိပ်ယာဝင်ခါနီး တတ်နိုင်သလောက်ဘာမှမစားပါနဲ့

သင်က တစ်နေကုန်ဘာမှမစားရသေးလို့ အိပ်ယာဝင်ခါနီးတစ်ခုခုစားတာ ပြဿနာမရှိပေမယ့် အိပ်ယာဝင်ခါနီးတိုင်း တစ်ခုခုစားနေကျဆိုရင် အဲဒါကိုရှောင်သင့်ပါတယ်။ အစားတစ်ခုခုစားတာ၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုးမျိုးကို

အိပ်ယာဝင်ခါနီးသောက်တာက သင့်ရဲ့အစာခြေစနစ်ကို အလုပ်ပေးလိုက်သလို ဖြစ်သွားပြီး သင့်အနေနဲ့ အိပ်မပျော်ပဲ ဖြစ်နေတတ်ပါတယ်။

(၇)။ ပတ်ဝန်းကျင်က သက်သောင့်သက်သာရှိဖို့

သင့်အနေနဲ့ကောင်းကောင်းကြီး အိပ်စက်နိုင်ဖို့ဆိုရင် သင့်ရဲ့ပတ်ဝန်းကျင်က အိပ်ချင်စိတ်ဝင်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ဖို့လည်းလိုပါသေးတယ်။ ကိုယ်ကသာ အိပ်ဖို့ကြိုးစားနေတာ အိမ်ရှေ့ခန်းက

တီဗီသံတွေလည်းကြားနေရ၊ ဘေးအိမ်ကလည်း ဆူဆူညံညံရန်ဖြစ်နေ ဆိုရင် သင် ဘယ်လိုမှ အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။ အခန်းအပူချိန်အနေတော်လေး၊ အလင်းရောင်ကလည်းမှိန်မှန်လေး၊

တိတ်ဆိတ်နေတဲ့နေရာ၊ သက်သောင့်သက်သာလည်းရှိတယ်ဆိုရင်တော့ သင် အိပ်ချင်စိတ်ပေါ်လာဖို့ အခွင့်အရေးတွေအရမ်းများသွားမှာပါ။

ညဖက္အိပ္မေပ်ာ္တဲ့ေရာဂါကုိ တြန္းလွန္ႏုိင္ဖုိ႔ နည္းလမ္း(၇)မ်ိဳး

ညဖက္ဆုိရင္ ဘာလုိ႔မွန္းမသိ အိပ္မေပ်ာ္ျဖစ္ေနတာမ်ဳိး ႀကဳံေနရၿပီလား။ ဘာမွ ဟုတ္တိပတ္တိ လုပ္စရာရွိမေနေပမယ့္လည္း ည ၁ နာရီ ၂ နာရီေလာက္အထိ အိပ္မေပ်ာ္ပဲ မနက္ဆုိ

အိပ္ယာမထခ်င္ျဖစ္ေနတတ္တာမ်ိဳးေလ။ ေဆးပညာအရေတာ့ အိပ္မေပ်ာ္တဲ့ေရာဂါ (Insomania) ဟာ အေလ့အက်င့္ေတြလုပ္ေပးရင္းနဲ႔ ေပ်ာက္ကင္းသြားႏုိင္တာမ်ိဳးပါ။

ဒီထဲမွာပါတဲ့အခ်က္ေလးေတြကုိသာ ဂရုစုိက္ၿပီးလုပ္ေပးရင္ သင့္မွာ အိပ္မေပ်ာ္တဲ့ေရာဂါရွိခဲ့ဖူးတယ္ဆုိတာကုိေတာင္ ေမ့သြားေလာက္တဲ့အထိ အိပ္ေပ်ာ္ေနေစပါလိမ့္မယ္ေနာ္။

(၁)။ အိပ္ယာထခ်ိန္ကုိ ပုံမွန္ျဖစ္ေနေအာင္ႀကိဳးစားပါ

သင္ဘယ္ေလာက္ပဲ ေနာက္က်ၿပီးမွ အိပ္ခဲ့တာျဖစ္ပါေစ အိပ္ယာထခ်ိန္ကုိေတာ့ ပုံမွန္အခ်ိန္တစ္ခု သတ္မွတ္ၿပီး ထဖုိ႔ႀကိဳးစားပါ။ ဥပမာ- သင္က မနက္(၇)နာရီ ထဖုိ႔ဆုံးျဖတ္ထားတယ္ဆုိရင္ ဘာပဲျဖစ္ျဖစ္ မနက္(၇)နာရီမွာ

အိပ္ယာထႏုိင္ပါေစ။ ဒီလုိနည္းနဲ႔ သင့္ရဲ႕ခႏၶာကုိယ္က အိပ္စက္ခ်ိန္လုိအပ္မႈကုိ ဆုံးျဖတ္ေပးသြားမွာျဖစ္ၿပီး သင့္ကုိ ဟန္ခ်က္ညီေအာင္ ကူညီေပးပါလိမ့္မယ္။

(၂)။ အယ္လ္ကုိေဟာ၊နီကုိတင္းနဲ႔ကဖင္း

အဲဒီ (၃)မ်ိဳးထဲက တစ္ခုခုကုိေသာက္လုိက္တုိင္း သင္ အိပ္မေပ်ာ္ဘူးလုိ႔ ခံစားရရင္ အိပ္ယာ၀င္ေတာ့မယ့္နာရီအနည္းငယ္အတြင္းမွာ အဲဒါေတြကုိ မေသာက္မိပါေစနဲ႔။

အထူးသျဖင့္ ကဖင္းဓာတ္ဟာ သင့္ရဲ႕အိပ္ခ်င္စိတ္ေတြကုိ ေပ်ာက္ဆုံးသြားေစႏုိင္တာမုိ႔ အိပ္ခါနီးေကာ္ဖီတစ္ခြက္ေလာက္ ေသာက္လုိက္ရင္

တစ္ညလုံးအိပ္မေပ်ာ္တာမ်ိဳးနဲ႔ေတာင္ ႀကဳံရႏုိင္တာပါ။ ကုိယ့္ကုိယ္ကုိယ္ ဆန္းစစ္ပါ။ ဒီ(၃)မ်ိဳးေသာက္ရင္ ဘယ္ေလာက္ေတာင္အိပ္မရ ျဖစ္သလဲလုိ႔။

(၃)။ ခဏေမွးလုိက္ဦးမယ္ဆုိတာမ်ိဳး သိပ္မလုပ္ပါနဲ႔

ေန႔လည္ဖက္တစ္ေရးအိပ္လုိက္ဦးမယ္၊ ညေနထမင္းစားၿပီးခဏအိပ္လုိက္ဦးမယ္ ဆုိတာမ်ိဳးက သင့္ရဲ႕ပုံမွန္အိပ္ယာ၀င္ခ်ိန္ကုိ အေႏွာင့္အယွက္ေပးႏုိင္တာမ်ိဳးပါ။ ေန႔လည္ဖက္၊ ဒါမွမဟုတ္ ညေနဖက္ေတြမွာ

တေရးတေမာအိပ္စက္မိလုိက္ရင္ ညဆုိ အိပ္ေပ်ာ္ဖုိ႔ ခက္ေတာ့မွာပါ။ သင္က အဲဒီလုိ အိပ္တတ္သူတစ္ေယာက္ဆုိရင္ တေရးအိပ္တာကုိေလ်ာ့ၿပီး ညဖက္ကုိ အိပ္ယာေစာေစာ၀င္ဖုိ႔ ႀကိဳးစားၾကည့္ပါ။

(၄)။ ေလ့က်င့္ခန္းလုပ္ပါ

တစ္ေန႔ကုိ အနည္းဆုံးနာရီ၀က္ေလာက္ ကုိယ္လက္ေလ့က်င့္ခန္းေတြလုပ္ေပးတာက သင့္ရဲ႕အိပ္ခ်င္စိတ္ကုိ အမ်ားႀကီးအေထာက္အကူ ျဖစ္ေစပါတယ္။ ညဖက္လုံး၀ အိပ္မေပ်ာ္ဘူးဆုိတဲ့သူေတြအတြက္လည္း

ပုံမွန္အိပ္ယာ၀င္ခ်ိန္ရဲ႕နာရီ၀က္အလုိေလာက္ ကုိယ္လက္ေလ့က်င့္ခန္းေတြ လုပ္ေပးျခင္းကေန အိပ္ခ်င္စိတ္ကုိ ျဖစ္ေပၚလာေစပါလိမ့္မယ္။

(၅)။ အိပ္ယာကုိ အိပ္ဖုိ႔အတြက္ပဲထားပါ

အိပ္ယာထဲမွာ ဖုန္းသုံးတာ၊ အိပ္ယာထဲမွာ စာၾကည့္တာ၊ လက္ပ္ေတာ့တစ္လုံးနဲ႔အိပ္ယာေပၚမွာ ဇာတ္ကားေတြၾကည့္တာ အဲဒီအက်င့္ေတြကလည္း သင့္ရဲ႕အိပ္ခ်င္စိတ္ကုိ ေပ်ာက္ဆုံးသြားေစႏုိင္ပါတယ္။ သင့္အတြက္ အိပ္ယာဆုိတာ အိပ္ဖုိ႔လုိ

႔ မခံစားရေတာ့ပဲ တစ္ခုခုလုပ္ဖုိ႔ေနရာလုိ႔ေတာင္ ထင္ေကာင္းထင္လာမွာျဖစ္လုိ႔ အိပ္ယာကုိ အိပ္ဖုိ႔အတြက္ပဲ သီးသန္႔ထားၾကည့္ပါ။

(၆)။ အိပ္ယာ၀င္ခါနီး တတ္ႏုိင္သေလာက္ဘာမွမစားပါနဲ႔

သင္က တစ္ေနကုန္ဘာမွမစားရေသးလုိ႔ အိပ္ယာ၀င္ခါနီးတစ္ခုခုစားတာ ျပႆနာမရွိေပမယ့္ အိပ္ယာ၀င္ခါနီးတုိင္း တစ္ခုခုစားေနက်ဆုိရင္ အဲဒါကုိေရွာင္သင့္ပါတယ္။ အစားတစ္ခုခုစားတာ၊

ဒါမွမဟုတ္ ေဖ်ာ္ရည္တစ္မ်ိဳးမ်ိဳးကုိ အိပ္ယာ၀င္ခါနီးေသာက္တာက သင့္ရဲ႕အစာေျခစနစ္ကုိ အလုပ္ေပးလုိက္သလုိ ျဖစ္သြားၿပီး သင့္အေနနဲ႔ အိပ္မေပ်ာ္ပဲ ျဖစ္ေနတတ္ပါတယ္။

(၇)။ ပတ္၀န္းက်င္က သက္ေသာင့္သက္သာရွိဖုိ႔

သင့္အေနနဲ႔ေကာင္းေကာင္းႀကီး အိပ္စက္ႏုိင္ဖုိ႔ဆုိရင္ သင့္ရဲ႕ပတ္၀န္းက်င္က အိပ္ခ်င္စိတ္၀င္လာႏုိင္ေလာက္တဲ့ ပတ္၀န္းက်င္မ်ိဳးျဖစ္ဖုိ႔လည္းလုိပါေသးတယ္။ ကုိယ္ကသာ အိပ္ဖုိ႔ႀကိဳးစားေနတာ အိမ္ေရွ႕ခန္းက

တီဗီသံေတြလည္းၾကားေနရ၊ ေဘးအိမ္ကလည္း ဆူဆူညံညံရန္ျဖစ္ေန ဆုိရင္ သင္ ဘယ္လုိမွ အိပ္ေပ်ာ္ႏုိင္မွာမဟုတ္ပါဘူး။ အခန္းအပူခ်ိန္အေနေတာ္ေလး၊ အလင္းေရာင္ကလည္းမွိန္မွန္ေလး၊

တိတ္ဆိတ္ေနတဲ့ေနရာ၊ သက္ေသာင့္သက္သာလည္းရွိတယ္ဆုိရင္ေတာ့ သင္ အိပ္ခ်င္စိတ္ေပၚလာဖုိ႔ အခြင့္အေရးေတြအရမ္းမ်ားသြားမွာပါ။

Facebook Comments

Comments are Closed

Powered by M.N.T

141 Shares
Share141
Tweet
Share
Pin