Gyan Pone

Media, Entertainment and News Website

Horoscope

‌သောကြာသားသမီး ​လေး​တွေ အ​ကြောင်း

ghfjdskghf685743

‌သောကြာသားသမီး ​လေး​တွေ အ​ကြောင်း

ghfjdskghf685743

သောကြာသားသမီးတွေဟာ လူ့လောကကိုစရောက်ပြီဆိုကတည်းကအငိုသန်တယ်သွေးအေးအေးနဲ့ စိတ်ကြီးတတ်တယ်။အနေအေးတဲ့ လူအများစုဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံးလူတွေနဲ့စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြောမပြတ်နိုင်ဘူး။ သူများအကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ရှိတယ်။

ရည်မှန်းချက်တခုကို အကောင်အထည်ဖော်ရင်စိတ်ရှည်တယ်။ သီးခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်သော လူတွေဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက်တတ်ဘူး။ ကိုယ်မှန်တယ် လို့ ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။

လူမှုရေး နဲ့ပတ်သက်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာသောကြာပါ။ကိုယ်ခင်သောမိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေအတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။

ghfjdskghf685743

အပြင်မှာအေးစက်စက်နဲ့မာနကြီးတယ်လို့ထင်ရပေမဲ့ ကိုယ်ခင်တဲ့လူတွေအပေါ်မှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာသောကြာပါကလေးတွေကိုလည်း ကြင်နာစွာနဲ့ချစ်တတ်တယ်။စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေရှိရင် တစ်ယောက်ထဲအေးဆေး တွေးတောနေရတာကိုပိုပြီး နှစ်သက်တာသောကြာ။

သောကြာတွေဟာ ကိုယ့်အနားမှာရှိနေတဲ့သူတွေကို အရင်းနီးဆုံး ခင်မင်စွာနေတတ်ပေမဲ့စိတ်ထဲမှာ သိပ်ပြီးအစွဲအလန်းမထားတတ်ဘူး။ ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ သတတနဲ့သတိရနေတတ်တဲ့ လူတွေတော့ မဟုတ်ဘူး။

အချစ်ရေးကိစ္စမှာ သောကြာတွေဟာအရှက်ကြီးတယ်။ ကိုယ့်ရဲ့အချစ်ရေးအချစ်ရာအကြောင်းတွေကိုသူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံသိပ်ပြီးပြောပြလေ့မရှိဘူး။ လျို့ဝှက်တတ်တာ သိပ်တော်တာ သောကြာပါ။

ghfjdskghf685743

သောကြာတွေဟာ ပစ္စုပ္ပါန်ထက် အနာဂတ်ကိုပိုပြီး စိတ်ကူးယဉ် တွေးတောလေ့ရှိတယ်။သောကြာတွေရဲ့မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှုအပြည့်အဝ ပိုင်ဆိုင်ထားတာသောကြာတွေပါ။

သောကြာ တွေရဲ့အချစ်ရေးကတော့ အချစ်ဦးနဲ့လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားလေးပါ။သောကြာသားသမီးလေးတွေကတော့ အရိုးသားဆုံးသူလေးတွေပါ။သူတို့ဟာ အရာရာကို အလေးအနက်ထားတတ်ကြတယ်။

အပျင်းမကြီးတတ်ဘူးအစားမမက်ဘူးမိသားစုအပေါ် အမြဲအနစ်နာခံတတ်တဲ့သူတွေပါသူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့်ရင်ဆိုင်ရဲကြတယ်။စိတ်တိုလွယ်သလို စိတ်ပြေလည်းလွယ်တယ်ဒေါသမကြီးပေမဲ့ အငြိုးအတေးကြီးတတ်ကြတယ်တစ်ခုခုဆို ခံစားလွန်းတတ်တယ်မျက်ရည်လွယ်တယ်ကိုယ်ခံစားရတာတွေကိုဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲကျိတ်ခံစားတတ်တဲ့သူမျိုး။

ghfjdskghf685743

သိုသိုသိပ်သိပ်နေတတ်ကြတယ်လောဘမကြီးဘူးအချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူးကိုယ်ချစ်တဲ့သူကကိုယ့်ကို အမြဲစိတ်ဆင်းရဲစေတတ်တယ်ခေတ်မှီမှီနေခြင်းထက် ရိုးရိုးလေးနေတာကို ပိုသဘောကျတတ်တယ်ဒါပေမဲ့ သူ့နေရာနဲ့သူ။

ဝတ်တတ်စားတတ်တယ်မုသားမပြောတတ်ဘူးသူငယ်ချင်းတွေထဲမှာလည်း အမြဲအနစ်နာ ခံတတ်တယ်ချစ်သူပဲဖြစ်ဖြစ် မိသားစုပဲဖြစ်ဖြစ် သူငယ်ချင်းအပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲသူတို့။

ghfjdskghf685743

ကပဲ အနစ်နာခံတတ်ကြတယ်အချစ်ဦးမှာ ကံအရမ်းဆိုးတတ်တယ်တစ်ယောက်တည်း နေရတာကို သဘောကျတယ်သီချင်းလေးတွေကသာ သူတို့ရဲ့ အဖော်ဖြစ်တယ်စိတ်ကူးယဉ်တတ်တယ်။တစ်ခုခုဆိုလဲ အရမ်း စိုးရိမ်လွန်တတ်တယ်သောကြာသားသမီးလေးတွေရဲ့ အထူးခြားဆုံးက အနစ်နာခံနိုင်တာပါ။

Facebook Comments
29 Shares

Comments are Closed

Powered by M.N.T