Gyan Pone

Media, Entertainment and News Website

Knowledge

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၅/၂၀၁၉

dfsjgowierut348567ewrtu34856uweirt

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၅/၂၀၁၉

dsfgsdrt45634567rety35467rety34567rety456745uyrtyurtyu

သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာ ပေ့ခ်ျများအား ဒုတိယအကြိမ် ကြေညာခြင်း

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

dsfgsdrt45634567rety35467rety34567rety456745uyrtyurtyu

၂။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ”တွင် သဘောတူညီချက် (၁၃) ချက်မှ အမှတ်စဉ် (၁၀) တွင် “ သတင်းအတု/အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့အသိပေးဖြန့်ဝေ သွားရန်” ဟု ပါရှိသည်။

၃။ ၂၀၁၉ ခုနှစ်၊ မေလ (၂၇) ရက် နေ့ကလည်း သတင်းအတု/အယောင်များ၊ သတင်းမှားများနှင့် သတင်းခိုးကူး နေသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာပေ့ခ်ျများအား ကြေညာပြီးဖြစ်သည်။

dsfgsdrt45634567rety35467rety34567rety456745uyrtyurtyu

၎။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ခ်ျများ၏ အမည်စာရင်းအား ဒုတိယအကြိမ် ကြေညာလိုက်ပါသည်။ ထပ်မံရရှိမည့် သတင်းခိုးကူးသည့် အွန်လိုင်း ဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာပေ့ခ်ျများကိုလည်း ဆက်လက်ကြေညာမည်ဖြစ်သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

Facebook Comments

Comments are Closed

Powered by M.N.T

90 Shares
Share90
Tweet
Share
Pin