Gyan Pone

Media, Entertainment and News Website

Knowledge, Life Style

သမၼတ ႏွင့္ ဆရာမ

အိပ္ခန္းထဲ႐ွိ စေလာင္းတီဗြီ၌အင္တာဗ်ဴး တစ္ခုလာေနသည္။၎ အင္တာဗ်ဴးကို….စိတ္ဝင္တစားနားေထာင္မိခဲ့သည္။သေဘာက်မိပါသည္။ယင္းအင္တာဗ်ဴးတြင္ မူႀကိဳေက်ာင္းမွ ဆရာမငယ္တစ္ဦးကို ေမးျမန္းျခင္း ျဖစ္သည္။

ျပထားေသာ ေနာက္ခံလႈပ္႐ွားမႈတြင္ ကေလးငယ္မ်ားက ျမက္ခင္းေပၚတြင္ ေဆာ့ကစားေနၾကသည္။
” ဆရာမ တာဝန္ထမ္းတာ ၾကာၿပီလား ”

” ၃ႏွစ္ေလာက္႐ွိၿပီ”
” ဘာတာဝန္ယူရလဲ ”

” ကေလးေတြရဲ႕ စ႐ိုက္သဘာဝကို သူတို႔စ႐ိုက္ အမွန္အတိုင္း မိဘေတြသိဖို႔ ၊ ကေလးေတြကိုယ္တိုင္ သိဖို႔ တာဝန္ကို ယူရတယ္ ”
” မူႀကိဳဆရာ အလုပ္ကိုဘာေၾကာင့္ေရြးခ်ယ္ျဖစ္တာလဲ ”

” ေနာင္တစ္ခ်ိန္မွာ တန္ဖိုးအ႐ွိဆံုး လူသားေတြ ျဖစ္လာမဲ့ ကေလးငယ္ေတြ ကို အေသအခ်ာ ေလ့လာခြင့္ ထိေတြ႔ခြင့္ ရတဲ့ အလုပ္ဆိုတာ မူႀကိဳဆရာမအလုပ္ပဲ ႐ွိတာေလ ဒါေၾကာင့္မူႀကိဳဆရာမ. အလုပ္ကို ကြၽန္မေရြးခ်ယ္တာ ”

” ဒီထက္ပို႐ွင္းျပလို႔ရမလား ”
” ကေလးဆိုတာ ခ်စ္စရာေကာင္းတယ္ အားကိုးစရာေကာင္းတယ္ ေၾကာက္စရာေကာင္းတယ္႐ွင့္ ”

” ဘာေၾကာင့္လဲ ”
႐ိုးသားလို႔. ခ်စ္စရာေကာင္းတာေလ ။ အနာဂတ္အတြက္ ပညာတတ္ေတြ ပညာ႐ွင္ေတြ ျဖစ္လာမွာမို႔ အားကိုးစရာ လည္းေကာင္းတယ္ ”

“ဒါျဖစ္ရင္ ဘာလို႔ ေၾကာက္စရာ ေကာင္းတာလဲ ”
” ဒီကေလးေတြ ယဥ္ေက်း လိမၼာျခင္း မ႐ွိပဲ ႀကီးလာခဲ့ရင္ အားလံုးအတြက္ ရန္သူျဖစ္ႏိုင္လို႔ ပဲ …အေ႐ွ႕တိုင္းစာေပမွာ အေမြခံသားသမီး ဆိုးကို ရန္သူထဲမွာ ထည့္ထားတာ ဖတ္ဖူးတယ္။ဒီေတာ့ကေလးဆိုတာ ကြၽန္မတို႔ပညာေရး ေပၚလစီမွားရင္ ရန္သူျဖစ္လာႏိုင္တယ္ …ဒါေၾကာင့္ ေၾကာက္တာ ”

” ဟုတ္တယ္ေနာ္ ..ဆက္ေျပာပါဦး ”
” ကြၽန္မ ဒါေၾကာင့္ ဆရာမ အလုပ္ကို ႏွစ္သက္တာ ေရာက္စတုန္းကေတာ့ စိတ္ညစ္တာေပါ့႐ွင္ ေမ်ာက္ေတြ က်ားေတြ ထိန္းေနရတဲ့အတိုင္းပဲ။ တျဖည္းျဖည္းနဲ႔ သူတို႔ရဲ႕ ခ်စ္စရာ အမူအက်င့္ေတြေၾကာင့္ ခ်စ္တတ္ လာတယ္။ဒီလိုပဲ ကိုယ့္ရဲ႕တာဝန္ကိုကိုယ္ကိုယ္တိုင္ ေက်နပ္လာတဲ့အတြက္ ေပ်ာ္လာတယ္။ ”

“ပညာေရးရဲ႕ အဓိကရည္မွန္းခ်က္က ဘာလဲဗ်ခင္ဗ်ားနားလည္သလို ေျပာျပစမ္းပါ ”
“ကြၽန္မ အယူအဆကိုေျပာျပမယ္ေနာ္ ပညာေရးရဲ႕. အဓိက ရည္မွန္းခ်က္ ဆိုတာဧကရာဇ္ ဘုရင္ႀကီးေတြ ေမြးဖြားေပးဖို႔ လည္းမဟုတ္ဘူး ။ မဟာသူေဌးမင္းႀကီးေတြ ေပၚေပါက္လာ ဖို႔လည္းမဟုတ္ဘူး ။

မဟာပညာေက်ာ္ႀကီးေတြ ျဖစ္လာဖို႔ လည္း မဟုတ္ဘူး။ပညာေရးရဲ႕. အဓိက. ရည္မွန္းခ်က္က တိုင္းျပည္အေနနဲ႔ေျပာရမယ္ဆိုရင္ ႏိုင္ငံသူ ႏိုင္ငံသား ေကာင္းေတြ ေမြးထုတ္ေပးဖို႔ပဲ။

လူေတြကိုခ်စ္တတ္လာေအာင္ သင္ေပးဖို႔ပဲ။အိမ္တစ္အိမ္အေနနဲ႔ ေျပာရမယ္ဆိုရင္ သားေကာင္းသမီးေကာင္း၊ မိသားစု ေကာင္း ျဖစ္ေအာင္ သင္ေပးျခင္းက. အေျခခံပညာေရးရဲ႕ ရည္မွန္းခ်က္ ပဲ ”

” ခင္ဗ်ားေျဖတာေတာ္ေတာ္ေကာင္းတာပဲ…ဆက္ၿပီးေမးခြင့္ျပဳပါ။ ”
” ရပါတယ္ ”

” လစာဘယ္ေလာက္ရလဲ ”
” ဒီေမးခြန္းေတာ့ မေမးသင့္ဘူးထင္တယ္ ”

” ဒီလိုပါ …ဝန္ထမ္းတစ္ေယာက္ဟာ လစာလံုေလာက္စြာမရရင္ အက်င့္ ပ်က္ႏိုင္တယ္။ အက်င့္ပ်က္ဝန္ထမ္းဆိုတာ သူ႔အလိုလို ျဖစ္လာတာမဟုတ္ဘူး။ ေခတ္အေျခအေန လစာညီမ်ွမႈမ႐ွိျခင္း ဟာ အက်င့္ပ်က္ဝန္ထမ္းကိုေမြးဖြား ေပးတတ္တယ္။ဒါေၾကာင့္ေမးတာပါ။

” လစာကလံုေလာက္ပါတယ္ ။ ခံစားခြင့္ေတြလည္း အျပည့္အဝေပးထားတယ္ေလ ။ဒီေတာ့ က်မတို႔ဘက္က ကိုယ္လုပ္တဲ့ အလုပ္အေပၚမွာ ေစတနာလည္းပါ သင့္တယ္ ။ဝါသနာလည္းပါသင့္တယ္။ ကိုယ့္အလုပ္ကို ကိုယ္တန္ဖိုးထားတတ္ဖို႔ လည္းလိုတယ္။ဒါမွ ဝန္ထမ္းေကာင္းျဖစ္မွာ႐ွင့္ ”

ဆက္ၿပီးေမးပါရေစ “” ေကာင္းပါၿပီ ..ေမးပါ႐ွင္ ”
” ကေလးေတြဉာဏ္ရည္ဘယ္လိုေနသလဲ ”

” ျပန္ၿပီးေမးပါ ..ေမးခြန္းကို နားမလည္လို႔ပါ ”
” ကေလးေတြက ေတာ္သလား ညံ့သလား လို႔ဆိုလိုတာပါ ”

” ဒါဆိုရင္ ႐ွင့္ကို ေမးခြန္းတစ္ခု ျပန္ေမးမယ္ …ႏွင္းဆီပန္းနဲ႔ စပယ္ပန္း ဘယ္ပန္းကလွလဲ ”
” ဘာဆိုင္လို႔လဲ ”

” ေျဖၾကည့္ပါ ”
” ႏွင္းဆီ ပန္းကလွတာေပါ့ ”

” ကြၽန္မေမးတာ ႏွင္းဆီ ပန္းနဲ႔ စံပယ္ပန္း ဘယ္ပန္းပိုလွ သလဲလို႔ ေမးတာေလ ”
” ေျဖၿပီးၿပီေလ ႏွင္းဆီပန္းက လွတယ္လို႔ ”

” ကြၽန္မေမးတာ ဘယ္ပန္းကိုပိုႀကိဳက္ သလဲ လို႔ ေမးတာမဟုတ္ဘူး ..႐ွင္က ..႐ွင္ႀကိဳက္တဲ့ ႏွင္းဆီ ပန္းကိုပဲ လွတယ္လို႔ ေျပာေနတယ္။ ”

“ဟုတ္သားပဲ က်ဳပ္ကႏွင္းဆီပန္းကိုႀကိဳက္တာဗ် ဒါေၾကာင့္ ႏွင္းဆီပန္းကို လွတယ္ လို႔ေျဖလိုက္မိတာပဲ ”
” တကယ္ေတာ့ ႏွင္းဆီပန္းလည္းလွသလို စပယ္ပန္းလည္း လွတာပါပဲ႐ွင္ ။ ကေလးေတြကို ေတာ္သလားညံသလား ဆိုတဲ့ေမးခြန္းဟာလူႀကီးေတြ ဘယ္ေတာ့မွ မေမးသင့္တဲ့ ေမးခြန္းပဲ ။

သူ႔အလွနဲ႔သူ အားလံုးလွၾကပါတယ္။ က်မတို႔လူႀကီးေတြကသာ လူငယ္ေတြကို တန္ဖိုးထားတတ္ၾကဖို႔ ပိုၿပီးလိုအပ္တယ္။

ဘာပဲေျပာေျပာ ကေလးေတြအားလံုး မညံ့ၾကပါဘူး ။သူတို႔မွာ ကြၽန္မတို႔နဲ႔ မတူတဲ့ စိတ္ကူး စိတ္သန္းေတြ ႐ွိတယ္။လူငယ္ေတြရဲ႕ စိတ္ကူးစိတ္သန္းဟာ တိုင္းျပည္တစ္ျပည္ရဲ႕ သယံဇာတ တစ္ခုပါပဲ႐ွင့္။

အဲဒီစိတ္ကူး စိတ္သန္းေတြကို ဖ်က္ဆီး မပစ္ဖို႔ဘဲလိုတယ္။ လူငယ္ေတြရဲ႕အိမ္မက္ေတြကို တည္ေဆာက္ေပးျခင္းဟာ ႏိုင္ငံတစ္ခုရဲ႕ တာဝန္ပဲ႐ွင့္ ”

” ခင္ဗ်ားက ဆရာမလုပ္သက္ အနည္း ငယ္သာ႐ွိေပမယ့္ ေမးခြန္းေတြရဲ႕ အေျဖ ကို စနစ္တက်ေျပာတတ္တယ္ေနာ္ ”

” စာဖတ္လို႔ပါ ”
“ဘာစာေတြဖတ္လဲ ”

” အစံု ဖတ္တယ္ အားရင္ ကြၽန္မစာဖတ္တယ္ ”
” ဒါနဲ႔.ေမးရအံုးမယ္ အိုဘားမားကို ႏွစ္သက္လား ”

” ႏွစ္သက္ခဲ့ပါတယ္ ”
” ေနာက္တစ္ႀကိမ္အတြက္ ထပ္ၿပီးႏွစ္သက္ႏိုင္ပါ ဦးမလား ”

” ဒါကေတာ့ မေျပာႏိုင္ဘူး႐ွင့္ သူ႔အေျပာနဲ႔ သူ႔အလုပ္ကို ေစာင့္ၾကည့္ရမွာပဲ အေျပာနဲ႔ အလုပ္ညီရင္ေတာ့ တစ္မ်ိဳးေပါ့ အေျပာတျခား အလုပ္တျခားဆိုရင္ေတာ့ လည္းတစ္မ်ဳိးေပါ့ေလ ”

” သမၼတႀကီးနဲ႔ ခင္ဗ်ားနဲ႔ ဘယ္သူက တိုင္းျပည္အတြက္ပိုအေရးႀကီးသလဲ ”

“တိုင္းျပည္အတြက္ဆိုရင္ေတာ့သူေရာ၊ ကြၽန္မေရာ ၊ ႐ွင္ေရာ ဒီႏိုင္ငံမွာ ႐ွိတဲ့လူေတြအားလံုး အတူတူပဲ အေရးႀကီးတယ။္႐ွင့္ေမးခြန္းက တစ္ခုခုလိုေနသလိုပဲ ။ဒီႏိုင္ငံမွာေန ဒီေျမ ၊ ဒီေရ ၊ ဒီေလ နဲ႔ အသက္႐ွင္ၾကသူအခ်င္းခ်င္း အားလံုး အတြက္ …အားလံုး အေရးႀကီးတယ္… အားလံုးအေရးပါတယ္။ အားလံုးေကာင္းမွ အားလံုးေကာင္းမယ္ ။ တစ္ဦးတစ္ေယာက္ တစ္သင္းတစ္ဖြဲ႔ ေကာင္းရံုနဲ႔အားလံုးမေကာင္းႏိုင္ပါဘူး

” all rightsေကာင္းလိုက္တဲ့အေျဖဗ်ာ ေနာက္ဆံုးေမးခြန္းတစ္ခုေမးပါရေစ ”
” သမၼတ ႀကီးနဲ႔ ခင္ဗ်ား တိုင္းျပည္ အတြက္ ဘယ္သူက ပိုၿပီးတာဝန္႐ွိသလဲ ”

” ဒါကလည္း႐ွင္း႐ွင္းေလးပါ ကြၽန္မက ပိုၿပီးတာဝန္႐ွိတာေပါ့ ”
” ဘာေၾကာင့္လဲဗ် ခင္ဗ်ားအေျဖက တစ္မ်ဳိးႀကီးပါလား ”

” ဟုတ္တယ္႐ွင့္…သမၼတ တို႔ ဝန္ႀကီးခ်ဳပ္တို႔ အမတ္တို႔ဆိုတာ ပါတီေနာက္ခံတစ္ခုနဲ႔ ေရြးခ်ယ္ခံရၿပီး တာဝန္အပ္ႏွင္းခံရတဲ့သူေတြေလ ..၄..ႏွစ္သက္တမ္းအတြင္းမွာကို တာဝန္က ရပ္စဲျခင္းခံရႏိုင္တာပဲ ။ ေနာက္ထပ္ ၄..ႏွစ္ဆိုတာ ဘာမွမေသခ်ာ ဘူးေလ။

ကြၽန္မတို႔က ႏိုင္ငံဝန္ထမ္းေတြ႐ွင့္။ ပင္စင္မယူမခ်င္းအလုပ္လုပ္ၾကရမွာ ..တိုင္းျပည္အတြက္ က်မတို႔ ဝန္ထမ္း ေတြက ပိုၿပီးတာဝန္႐ွိတာေပါ့႐ွင္… ဝန္ထမ္းေကာင္းမွ တိုင္းျပည္ေကာင္း မွာ႐ွင့္ ”

” ေက်းဇူးတင္ပါတယ္ ..ခင္ဗ်ားအေျဖကိုသေဘာက်ပါတယ္ ”
” ကြၽန္မလည္း ေျဖဆိုခြင့္ရလို႔ ေက်းဇူးတင္ပါတယ္ ”

Credit & Original Writer Photo ..Fb
(မွတ္​ခ်က္​။ ။ဘာသာျပန္​​ေဆာင္​းပါးျဖစ္​ပါသည္​။ျပန္​လည္​မ်​ွေဝသည္​/ ဝန

အိပ်ခန်းထဲရှိ စလောင်းတီဗွီ၌အင်တာဗျူး တစ်ခုလာနေသည်။၎င်း အင်တာဗျူးကို….စိတ်ဝင်တစားနားထောင်မိခဲ့သည်။သဘောကျမိပါသည်။ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှ ဆရာမငယ်တစ်ဦးကို မေးမြန်းခြင်း ဖြစ်သည်။

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။
” ဆရာမ တာဝန်ထမ်းတာ ကြာပြီလား ”

” ၃နှစ်လောက်ရှိပြီ”
” ဘာတာဝန်ယူရလဲ ”

” ကလေးတွေရဲ့ စရိုက်သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့ ၊ ကလေးတွေကိုယ်တိုင် သိဖို့ တာဝန်ကို ယူရတယ် ”
” မူကြိုဆရာ အလုပ်ကိုဘာကြောင့်ရွေးချယ်ဖြစ်တာလဲ ”

” နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေ ကို အသေအချာ လေ့လာခွင့် ထိတွေ့ခွင့် ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာမအလုပ်ပဲ ရှိတာလေ ဒါကြောင့်မူကြိုဆရာမ. အလုပ်ကို ကျွန်မရွေးချယ်တာ ”

” ဒီထက်ပိုရှင်းပြလို့ရမလား ”
” ကလေးဆိုတာ ချစ်စရာကောင်းတယ် အားကိုးစရာကောင်းတယ် ကြောက်စရာကောင်းတယ်ရှင့် ”

” ဘာကြောင့်လဲ ”
ရိုးသားလို့. ချစ်စရာကောင်းတာလေ ။ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာ လည်းကောင်းတယ် ”

“ဒါဖြစ်ရင် ဘာလို့ ကြောက်စရာ ကောင်းတာလဲ ”
” ဒီကလေးတွေ ယဉ်ကျေး လိမ္မာခြင်း မရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ ပဲ …အရှေ့တိုင်းစာပေမှာ အမွေခံသားသမီး ဆိုးကို ရန်သူထဲမှာ ထည့်ထားတာ ဖတ်ဖူးတယ်။ဒီတော့ကလေးဆိုတာ ကျွန်မတို့ပညာရေး ပေါ်လစီမှားရင် ရန်သူဖြစ်လာနိုင်တယ် …ဒါကြောင့် ကြောက်တာ ”

” ဟုတ်တယ်နော် ..ဆက်ပြောပါဦး ”
” ကျွန်မ ဒါကြောင့် ဆရာမ အလုပ်ကို နှစ်သက်တာ ရောက်စတုန်းကတော့ စိတ်ညစ်တာပေါ့ရှင် မျောက်တွေ ကျားတွေ ထိန်းနေရတဲ့အတိုင်းပဲ။ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ချစ်စရာ အမူအကျင့်တွေကြောင့် ချစ်တတ် လာတယ်။ဒီလိုပဲ ကိုယ့်ရဲ့တာဝန်ကိုကိုယ်ကိုယ်တိုင် ကျေနပ်လာတဲ့အတွက် ပျော်လာတယ်။ ”

“ပညာရေးရဲ့ အဓိကရည်မှန်းချက်က ဘာလဲဗျခင်ဗျားနားလည်သလို ပြောပြစမ်းပါ ”
“ကျွန်မ အယူအဆကိုပြောပြမယ်နော် ပညာရေးရဲ့. အဓိက ရည်မှန်းချက် ဆိုတာဧကရာဇ် ဘုရင်ကြီးတွေ မွေးဖွားပေးဖို့ လည်းမဟုတ်ဘူး ။ မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာ ဖို့လည်းမဟုတ်ဘူး ။

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့ လည်း မဟုတ်ဘူး။ပညာရေးရဲ့. အဓိက. ရည်မှန်းချက်က တိုင်းပြည်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသား ကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။

လူတွေကိုချစ်တတ်လာအောင် သင်ပေးဖို့ပဲ။အိမ်တစ်အိမ်အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်းသမီးကောင်း၊ မိသားစု ကောင်း ဖြစ်အောင် သင်ပေးခြင်းက. အခြေခံပညာရေးရဲ့ ရည်မှန်းချက် ပဲ ”

” ခင်ဗျားဖြေတာတော်တော်ကောင်းတာပဲ…ဆက်ပြီးမေးခွင့်ပြုပါ။ ”
” ရပါတယ် ”

” လစာဘယ်လောက်ရလဲ ”
” ဒီမေးခွန်းတော့ မမေးသင့်ဘူးထင်တယ် ”

” ဒီလိုပါ …ဝန်ထမ်းတစ်ယောက်ဟာ လစာလုံလောက်စွာမရရင် အကျင့် ပျက်နိုင်တယ်။ အကျင့်ပျက်ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ခေတ်အခြေအနေ လစာညီမျှမှုမရှိခြင်း ဟာ အကျင့်ပျက်ဝန်ထမ်းကိုမွေးဖွား ပေးတတ်တယ်။ဒါကြောင့်မေးတာပါ။

” လစာကလုံလောက်ပါတယ် ။ ခံစားခွင့်တွေလည်း အပြည့်အဝပေးထားတယ်လေ ။ဒီတော့ ကျမတို့ဘက်က ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ စေတနာလည်းပါ သင့်တယ် ။ဝါသနာလည်းပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားတတ်ဖို့ လည်းလိုတယ်။ဒါမှ ဝန်ထမ်းကောင်းဖြစ်မှာရှင့် ”

ဆက်ပြီးမေးပါရစေ “” ကောင်းပါပြီ ..မေးပါရှင် ”
” ကလေးတွေဉာဏ်ရည်ဘယ်လိုနေသလဲ ”

” ပြန်ပြီးမေးပါ ..မေးခွန်းကို နားမလည်လို့ပါ ”
” ကလေးတွေက တော်သလား ညံ့သလား လို့ဆိုလိုတာပါ ”

” ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ် …နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းကလှလဲ ”
” ဘာဆိုင်လို့လဲ ”

” ဖြေကြည့်ပါ ”
” နှင်းဆီ ပန်းကလှတာပေါ့ ”

” ကျွန်မမေးတာ နှင်းဆီ ပန်းနဲ့ စံပယ်ပန်း ဘယ်ပန်းပိုလှ သလဲလို့ မေးတာလေ ”
” ဖြေပြီးပြီလေ နှင်းဆီပန်းက လှတယ်လို့ ”

” ကျွန်မမေးတာ ဘယ်ပန်းကိုပိုကြိုက် သလဲ လို့ မေးတာမဟုတ်ဘူး ..ရှင်က ..ရှင်ကြိုက်တဲ့ နှင်းဆီ ပန်းကိုပဲ လှတယ်လို့ ပြောနေတယ်။ ”

“ဟုတ်သားပဲ ကျုပ်ကနှင်းဆီပန်းကိုကြိုက်တာဗျ ဒါကြောင့် နှင်းဆီပန်းကို လှတယ် လို့ဖြေလိုက်မိတာပဲ ”
” တကယ်တော့ နှင်းဆီပန်းလည်းလှသလို စပယ်ပန်းလည်း လှတာပါပဲရှင် ။ ကလေးတွေကို တော်သလားညံသလား ဆိုတဲ့မေးခွန်းဟာလူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ ။

သူ့အလှနဲ့သူ အားလုံးလှကြပါတယ်။ ကျမတို့လူကြီးတွေကသာ လူငယ်တွေကို တန်ဖိုးထားတတ်ကြဖို့ ပိုပြီးလိုအပ်တယ်။

ဘာပဲပြောပြော ကလေးတွေအားလုံး မညံ့ကြပါဘူး ။သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူး စိတ်သန်းတွေ ရှိတယ်။လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ တိုင်းပြည်တစ်ပြည်ရဲ့ သယံဇာတ တစ်ခုပါပဲရှင့်။

အဲဒီစိတ်ကူး စိတ်သန်းတွေကို ဖျက်ဆီး မပစ်ဖို့ဘဲလိုတယ်။ လူငယ်တွေရဲ့အိမ်မက်တွေကို တည်ဆောက်ပေးခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့် ”

” ခင်ဗျားက ဆရာမလုပ်သက် အနည်း ငယ်သာရှိပေမယ့် မေးခွန်းတွေရဲ့ အဖြေ ကို စနစ်တကျပြောတတ်တယ်နော် ”

” စာဖတ်လို့ပါ ”
“ဘာစာတွေဖတ်လဲ ”

” အစုံ ဖတ်တယ် အားရင် ကျွန်မစာဖတ်တယ် ”
” ဒါနဲ့.မေးရအုံးမယ် အိုဘားမားကို နှစ်သက်လား ”

” နှစ်သက်ခဲ့ပါတယ် ”
” နောက်တစ်ကြိမ်အတွက် ထပ်ပြီးနှစ်သက်နိုင်ပါ ဦးမလား ”

” ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ်ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်တော့ လည်းတစ်မျိုးပေါ့လေ ”

” သမ္မတကြီးနဲ့ ခင်ဗျားနဲ့ ဘယ်သူက တိုင်းပြည်အတွက်ပိုအရေးကြီးသလဲ ”

“တိုင်းပြည်အတွက်ဆိုရင်တော့သူရော၊ ကျွန်မရော ၊ ရှင်ရော ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး အတူတူပဲ အရေးကြီးတယ။်ရှင့်မေးခွန်းက တစ်ခုခုလိုနေသလိုပဲ ။ဒီနိုင်ငံမှာနေ ဒီမြေ ၊ ဒီရေ ၊ ဒီလေ နဲ့ အသက်ရှင်ကြသူအချင်းချင်း အားလုံး အတွက် …အားလုံး အရေးကြီးတယ်… အားလုံးအရေးပါတယ်။ အားလုံးကောင်းမှ အားလုံးကောင်းမယ် ။ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းရုံနဲ့အားလုံးမကောင်းနိုင်ပါဘူး

” all rightsကောင်းလိုက်တဲ့အဖြေဗျာ နောက်ဆုံးမေးခွန်းတစ်ခုမေးပါရစေ ”
” သမ္မတ ကြီးနဲ့ ခင်ဗျား တိုင်းပြည် အတွက် ဘယ်သူက ပိုပြီးတာဝန်ရှိသလဲ ”

” ဒါကလည်းရှင်းရှင်းလေးပါ ကျွန်မက ပိုပြီးတာဝန်ရှိတာပေါ့ ”
” ဘာကြောင့်လဲဗျ ခင်ဗျားအဖြေက တစ်မျိုးကြီးပါလား ”

” ဟုတ်တယ်ရှင့်…သမ္မတ တို့ ဝန်ကြီးချုပ်တို့ အမတ်တို့ဆိုတာ ပါတီနောက်ခံတစ်ခုနဲ့ ရွေးချယ်ခံရပြီး တာဝန်အပ်နှင်းခံရတဲ့သူတွေလေ ..၄..နှစ်သက်တမ်းအတွင်းမှာကို တာဝန်က ရပ်စဲခြင်းခံရနိုင်တာပဲ ။ နောက်ထပ် ၄..နှစ်ဆိုတာ ဘာမှမသေချာ ဘူးလေ။

ကျွန်မတို့က နိုင်ငံဝန်ထမ်းတွေရှင့်။ ပင်စင်မယူမချင်းအလုပ်လုပ်ကြရမှာ ..တိုင်းပြည်အတွက် ကျမတို့ ဝန်ထမ်း တွေက ပိုပြီးတာဝန်ရှိတာပေါ့ရှင်… ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်း မှာရှင့် ”

” ကျေးဇူးတင်ပါတယ် ..ခင်ဗျားအဖြေကိုသဘောကျပါတယ် ”
” ကျွန်မလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ် ”

Credit & Original Writer Photo ..Fb
(မှတ်ချက်။ ။ဘာသာပြန်ဆောင်းပါးဖြစ်ပါသည်။ပြန်လည်မျှဝေသည်/ ဝန

Facebook Comments

423 Shares

Comments are Closed

Powered by M.N.T