Gyan Pone

Media, Entertainment and News Website

Knowledge, Life Style

ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ အံတော် အစစ်

ဖျာပုံသူ ဖျာပုံသား များ နှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေ ဖူးချိန်တန် ဖူးထိုက်လို့. ဖူးမျှော်ခွင့်ရတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကလေးဘဝတည်းက ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်းက ဖျာပုံမှာ ဗုဒ္ဓ မြတ်စွာဘုရား အံ့တော် နှင့် ဆံတော်တစ်ဆူ ကိမ်းဝပ်နေတယ် လို့ သိခဲ့ရပါတယ်။

သမိုင်းအစဉ်အလာအရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်း နဲ့ အမည်ပေးခဲ့တဲ့ တချိန်က မွန်ဒေသတွေပေါ့။ ပုဂံ၊ ရန်ကုန်၊ တွံတေး၊ ဒလ၊ သထုံ၊ ဖျာပုံ၊ ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။ အဲအထဲမှာ မွန်ဘုရင်များ အဆက် ဆက် အုပ်စိုးခဲ့တဲ့ ဖျာပုင်း ဆိုတဲ့ ထမင်းဈေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့။ ကျိုက်ပတိုင်း စေတီ တော်မြတ်ကြီးကို မြန်မာ သက္ကရာဇ် (၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ်။

လုပ်ဥကုန်ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် (၉၀၀) ခုနှစ် မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံ လုံးမှာ ရှိတဲ့ မြို့ပေါင်းများစွာမှာ ခရေပင်ဇောက်ထိုးပါက်တဲ့ မြို့ဆိုလို့ ဖျာပုံမြို့ တစ်မြို့ပဲ ရှိပါတယ်။ ဖျာပုံက ရှေးဘုရင်တွေ အဆက်ဆက် အုပ်စိုးခဲ့စဉ် က ရန်ကုန်၊ ဒလ အပိုင်းပေါ့။ ဖျာပုံကို မွန်ဘုရင်အဆက်ဆက် က အောင်မြေလို့ သက်မှတ် ခဲ့ကြတယ်၊ ယုံကြည်ခဲ့ကြတယ်။

ဖျာပုံကို မင်းဘေးရေဘေးအစရှိတဲ့ ဘေးအန္တရာယ်အပေါင်းမှ ကင်းလွတ်စေရန် ကင်းဝေး စေရန်အတွက် ရှေ့ထုံးနန်းစဉ်လာအရ။ ဖျာပုံကို အလယ်တည့်တည့်ထား၍ ကိုးနဝင်းရိုက်ပြီး တည်ခဲ့ပါတယ်လေ။ ဖျာပုံကို ဗဟိုပြုပြီး ဖျာပုံပတ်ပတ်လည်မှာ ကြီးနဲ့ ဆုံးတဲ့ ရွာကြီး (၉)ရွာ၊ လေးနဲ့ ဆုံးတဲ့ ရွာကြီး(၉)ရွာ ပတ်ကာဝိုင်းလို့ တည်ခဲ့တာပါ။

သာဓက အနေနဲ့ပြောပြရင်…..သလိတ်ကြီး၊သလိတ်ကလေး။ အခြားကြီး အခြာလေး၊ မငေးကြီး၊ မငေးလေး စသော အဲဒီလို ကြီး နဲ့ဆုံး လေးနဲ့ ဆုံးတဲ့ ရွာတွေ ပေါ့။ ရှေ့အဆက်ဆက် မွန် အခေါ်အခေါတွေက ယနေ့အချိန် ကျန်ရစ်နေဆဲပါ။ ရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်းပေါ့။ အခုအရှေ့ဘက်ကမ်းဆိုတာက မွန်ပြည်နယ် ရေး စတဲ့ နေရာကိုခေါ်ဝေါ် သမုတ်ခဲ့တာပေါ့၊ အနောက်ဘက်ကမ်း ဆိုတာက ယခု ဖျာပုံမြို့ကို အနောက်ဘက်ကမ်းလို့ ခေါ်ဝေါ် သမုတ်ခဲ့တာပါ။

သမိုင်းကို ခဏလေး ထားလိုက်ပါတော့ ရှည်သွားမှာဆိုးလိုပါ။ အဲဒီအချိန်မတိုင်ကတည်း က ဖျာပုံ မှာ မြတ်စွာဘုရား အံတော်နှင့် ဆံတော် တစ်ဆူ ကိမ်းဝပ်ခဲ့တယ် သမိုင်းရှိခဲ့တယ်၊၊ အဲဒီသမိုင်း က ဖြစ်နိုင်ခြေ ရှိတယ်၊ ဘယ်ကြောင့်လည်း ဆိုတော့ ဖြစ်နိုင်ခြေရှိတယ် ။ပင်လယ်လမ်းကြောင်းက နေပြီး မြတ်စွာဘုရား ဆံတော် ပင့်ခဲ့တာလေ။ ယခု ဖျာပုံ- -ကော့ှမှူး-တွံတေး-ဒလ လမ်းတလျောက်မှာ ရှေးဟောင်းစေတီတွေ အမြောက်အများ၊ အဲဒီလမ်းအတိုင်း မှာ ရှိတဲ့ ဆံတော်ကြို စေတီ တော် ရှိတယ်တယ်လေ တွံတေးမှာပေါ့။

ထားလိုက်ပါတော့ အခုဖျာပုံမှာ ရှိတဲ့ အံတော်က မြတ်စွာဘုရား အံတော်လို သိရတယ်။ ဖျာပုံမှာ ကိမ်းဝပ်နေတာ နှစ်ပေါင်း ရာပေါင်းမက ကိမ်းဝပ်နေတာ ပါ။ အံတော် ဘယ်ကကြွလာလည်း ဆိုတော့ ရသေကြီးတစ်ပါး က ယခု သရက်မြို့နယ် ပေါ့။

အဲဒိအချိန်တုန်းကတော့ တောကြီးဖြစ်နေရင် ဖြစ်နေမှာပါ။ အဲဒိမြို့အပိုင် ရွာကလေးတစ်ရွာ တောထဲ တရားထိုင် အားထုတ် နေစဉ် တောနက်ထဲမှာ ရှိတဲ့ ထုံးဖြုစေတီ အပျက်ကြီးထဲကနေ ရောင်တော်တွေ ကွန့်မြူးနေလို့ ရသေကြီးတစ်ပါး က ပင့်ဆောင်ပူဇော်ခဲ့ရာ ဖျာပုံ ယခုမင်းကျောင်းတွင် သိုသိုသိပ်သိပ် ကိမ်းဝတ်တော်မူခဲ့ပါတယ်။

ခေတ်အဆက်ဆက် မသမာ သူတွေရဲ့ ခိုးယူလုယက်မှုတွေ ခံခဲ့ရမည် စိုးရိမ်သောကြောင့် ရှေးဘုရင်များနဲ့ ရသေ့ ဆရာတော်ကြီးများအဆက် ဆက် လုံခြုုံစိတ်ချသော နေရာတွေပြောင်းရွေ့ကိမ်းဝပ် ပူဇော်ခဲ့ကြပါတယ်။

ယခုအခါ ဖျာပုံမြို့ ချောင်းတွင်းကျေးရွာ မြတ်ဘုန်းပွင့်မြတ်စွာဘုရားကြီး ပရဝုဏ်၌ သမိုင်းအရ ဖျာပုံမင်းကျောင်း မှ ပြောင်းရွေ့ ကိမ်းဝပ်တော်မူနေသည်မှာ နစ်ပေါင်းရာချီနေပါပြီ။

ယနေ့ ဘုန်းဘုန်းလျောက်ထားပြီး ဓာတ်ပုံရိုက်ခွင့် ပူဇော်ခွင့် တောင်းခဲ့ပါတယ်။ သမိုင်းသုသေန ဦးစီးဌာန မှလည်း အံတော် အစစ် မဟုတ်မဟုတ် သုတေသနလုပ်ပေးစေချင်ပါတယ်။ အံတော်အစစ်ဖြစ်ပါကလည်း နစ်ရာထောင်ချီ ကိန်းဝပ် နေသော ဖျာပုံမြို့ကလေးမှာ နောင်လာနောင်သားများ သာသနာပြုနိုင်ရေးအတွက် စဉ်းစားပေးပါရန်။

ဓာတ်ပုံမှတ်တမ်းနင့် တကွ ပူဇော် ဖူးမျှော်ခွင့် ရနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်။ ဆရာတော်ကြီးရဲ့ ခွင့်ပြုချက် အရ ကျွန်တော်ရဲ့ ဖူးမျှော်ခွင့်ရတဲ့ အချိန် ကံစပ်လို့ သမိုင်းတစ်ခုကို ဖော်ထုတ်ခဲ့နိုင်ပါပြီ။ အတည်ပြုဖို့က သမိုင်းသုတေသန ကပါ။ ဆက်လက်ပြီး ရှေ့ဟောင်း သမိုင်းဝင်တွေ ဆက်လက်ဖော်ပြပါမည်။
ကျော်စိုးမိုး (ဖျာပုံ) (လေးစားစွာဖြင့် ခရက်ဒစ်)

Facebook Comments
21K Shares

Comments are Closed

Powered by M.N.T