Gyan Pone

Media, Entertainment and News Website

Knowledge, Life Style

ဘဝနေဝင်ချိန်တွင် ထူးဆနျးသော တုံးခေါကျသံ‘‘အင်း ဘွားပုတော့ ဘိုးလေးဝင်းကို မျှော်နေရှာပြီထင်ပါရဲ့’’

ဘဝနေဝင်ချိန်တွင် ထူးဆနျးသော တုံးခေါကျသံ‘‘အင်း ဘွားပုတော့ ဘိုးလေးဝင်းကို မျှော်နေရှာပြီထင်ပါရဲ့’’

ထူးဆန်းသော တုံးခေါက်သံ (သို့မဟုတ်) ဘဝနေဝင်ချိန်တွင် ချိုမြိန်သော ဂီတသံတခု –

‘‘အင်း ဘွားပုတော့ ဘိုးလေးဝင်းကို မျှော်နေရှာပြီထင်ပါရဲ့’’

ကန့်ဘလူမြို့နယ် ရွှေဘို- မြစ်ကြီးနား လမ်းပေါ်တွင် ငှက် ပျောတိုင်းအမည်ရှိ ကျေးရွာတစ် ရွာရှိသည်။ ထိုကျေးရွာ၏ အ နောက်ဘက်တွင် ရွာဟောင်းရှိပြီး ရွာဟောင်း၏ အနောက်ဘက် ခပ်ကျကျ၌

ကုန်းမြေအနိမ့်အမြင့်များသည့် တောတိုက် ဟူသော နေရာတစ်ခုရှိသည်။ တောတိုက် တွင် အိမ်ခြေအချို့ ဟိုနားတစ် အိမ်၊ သည်နားတစ်အိမ် ခပ်ကျဲ ကျဲဖြင့် တောင်သူ လုပ်ကိုင်စား သောက်ကာ နေထိုင်ကြသည်။

ဇွန်လကုန်ရက်တစ်ရက်၏ နေ့ခင်းသည် မိုးအုံ့တုံ့အုံ့တုံ့ဖြင့် မှိုင်းပျပျ ဖြစ်နေသည်။ ထိုမိုးသား၏ အောက်တွင် တောတိုက်ဝန်းကျင် သည်

ဝါးရုံပင်အချို့လေတိုး၍ ခပ်ရှဲရှဲမြည်သံမှအပ တိတ်ဆိတ် နေသည်။ ထိုသို့တိတ်ဆိတ်နေချိန် အသံတစ်သံထွက်ပေါ်လာသည်။

‘တောက်…တောက်…တောက်.. တောက်… တောက်တောက် တောက်တောက် တောက် တောက်တောက်…’

‘တောက်…တောက်… တောက် …တောက်… တောက်တောက် တောက်တောက် တောက် တောက်တောက်…’

တုံးမောင်း (အုန်းမောင်း) ခေါက်သံလေးဖြစ်သည်။ ထိုတုံး မောင်း (အုန်းမောင်း) ခေါက်သံ သည် တောတိုက်ဝန်းကျင် တစ် မိုင်ပတ်လည်အတွင်း ကောင်း ကောင်းကြီး ကြားရလေသည်။ အဝေးကလာသူ

အချို့ကတော့ ဘုန်းကြီးကျောင်းလည်း ဝေးသည့် နေရာတစ်ခုတွင် အဘယ်ကြောင့် တုံးမောင်း (အုန်းမောင်း)ခေါက် သံကြားနေရသနည်းဟု တွေးထင် မိကြပါလိမ့် မည်။ တောတိုက်ဝန်း ကျင် နေထိုင်သူတွေအဖို့တော့ တုံးမောင်း

ခေါက်သံကြားရတာ မထူးဆန်းတော့ပါ။ ထိုတုံးမောင်း ခေါက်သံကြားလျှင်ဖြင့် ခပ်ပြုံးပြုံး တောင် ဖြစ်မိကြသည်။ ‘‘အင်း ဘွားပုတော့ ဘိုးလေးဝင်းကို မျှော်နေရှာပြီထင်ပါရဲ့’’ဟု တွေးမိကြ သည်။

ဟုတ်ပါသည်။ ထိုတုံးမောင်းသံသည် တောတိုက်တစ်နေရာရှိ အိမ်သေးလေးတစ်လုံးထဲက ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအိမ်သေးလေးထဲမှာတော့ ခန္ဓာကိုယ် ပါးပါးလျလျ၊ ခေါင်းတုံးဆံပင်ပေါက်ဖြင့်

အသက်(၇၀)ကျော် (၈၀)နီးပါး ခပ်ပိန်ပိန်အဘွားဒေါ်ပုက တီးခေါက်နေခြင်းဖြစ်သည်။ သူ၏လက်များ အကြောများ ပေါ်သည့်တိုင်အောင်

တစ်ဖက်က တုံးမောင်းကိုကိုင် တစ်ဖက်က တုတ်တံလေးတစ်ချောင်းကိုကိုင်ကာ တတောက်တောက် ခေါက်နေလေ၏။

အဘွားဒေါ်ပုသည် တ ကယ်တော့ သာမန်လူတွေလိုမျက်စိနှစ်ကွင်း အလင်းရသူတစ် ယောက်မဟုတ်ပါ။ မသန်စွမ်း မျက်မမြင်တစ်ယောက် ဖြစ်လေ သည်။

အဘွားတစ်ယောက်တည်း တင်မဟုတ်။ ထိုအိမ်လေးတွင် အ တူနေသူ အဘွား၏ အိမ်သားအဘ ဦးကျော်ဝင်းမှာလည်း မျက်မမြင် တစ်ယောက်ဖြစ်လေသည်။

ထို တုံးမောင်းလေးမှာ အဘွားဒေါ်ပု နှင့် အဘဦးကျော်ဝင်းအတွက် မရှိမဖြစ် ပစ္စည်းလေးတစ်ခုဖြစ် သည်။ အဘွားနှင့်အဘိုးကြား တစ်ခုတည်းသော ဆက်သွယ်ရေး ပစ္စည်းလေးဖြစ်ပါလေသည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော် (၃၀)နီးပါးကဖြစ်သည်။ထို အချိန်က ဒေါ်ပု အသက်(၅၀)စွန်းစွန်း။ လင်သားသေပြီး နောက် မုဆိုးမဘဝရောက်ချိန် သား၊ သမီး လည်း

တစ်ယောက်မှ မထွန်းကား ခဲ့၍ ဘဝကို တစ်ယောက်တည်း ခက်ခက် ခဲခဲရုန်းကန်နေရချိန် သူ့ ထက် အသက်(၁၀)နှစ်ကျော်ငယ် သည့် လူပျိုကြီးဦးကျော်ဝင်းနှင့် ဆုံခဲ့ခြင်းဖြစ်သည်။ တကယ်ေ တာ့

နှစ်ယောက်စလုံးက ဒီနယ်က မဟုတ်။ ဒေါ်ပုက ဒီပဲယင်းမူးကမ်း ကြီးဘက်က၊ ဦးကျော်ဝင်းက ကန့်ဘလူ မင်းဘာရွာ ဘက် ကဖြစ် သည်။

လုပ်စားကိုင်စားစရာ အလုပ်အကိုင်ရှားပါး၍ ဒီတော တိုက်ဘက်ရောက်လာရင်း ဆုံကြ ခြင်းဖြစ်သည်။

အတိုချုပ်ဆိုရလျှင် တစ် ကိုယ်တည်း မုဆိုးမဘဝဖြင့် ရုန်း ကန်နေရသည့် ဒေါ်ပုကို တစ် သက်လုံး လူပျိုကြီးဘဝဖြင့် အရိုး ထုတ်တော့မည်ဟု သန္နိဋ္ဌာန်ချ ထားခဲ့သည့် ဦးကျော်ဝင်းတစ် ယောက် မေတ္တာသက်ဝင်ရလေ သည်။

ဒေါ်ပုကတော့ ဦးကျော်ဝင်းကို ငြင်းချင်ခဲ့ပါသည်။ အခြား ကြောင့်မဟုတ်။ သူ့လို မုဆိုးမတစ်ယောက်ကို ယူရမည့် လူပျိုလူလွတ် ကလေး ကို သနားမိ၍ဖြစ်သည်။ သို့သော် ဦးကျော်ဝင်းကတော့ အခြားဘာညာမတွေးစေလိုပဲ

တစ်ကိုယ်စီ ရုန်းနေရသည်ထက် နှစ်ကိုယ်ပေါင်းကာ အတူရုန်းကြရန် စကားဆိုလာခဲ့တော့ ဒေါ်ပုလည်း မိန်းမသားမို့ အားကိုးလည်းရှာ ဦးကျော်ဝင်းအပေါ် လည်း မေတ္တာတုံ့ပြန်စိတ်ပေါ် လာ၍ တစ်ပင်လဲမူ တစ်ပင်ထူ ခဲ့ရလေသည်။

ထိုအချိန်က အဘွားဒေါ်ပု က (၅၀)စွန်းစွန်း၊ အဘဦးကျော် ဝင်းက (၄၀)ကျော်ကျော်။ အဘ ဦးကျော်ဝင်းက သူ့မိန်းမ အဘွား ဒေါ်ပုကို ဘယ်လိုခေါ်ရမလဲ စဉ်း စားခဲ့ရသေးသည်။ မပုလို့ ခေါ်လို့ မရ။ သူ့ထက် (၁၀)နှစ်ကြီးသည်

။ ဒေါ်ပု ဆိုတော့လည်း စိမ်းနေသေး သည်။ နောက်ဆုံးတော့ ချစ်စနိုး ဖြင့် ‘အမယ်ကြီးအို’ဟု ခေါ်လေ သည်။ အဘွားဒေါ်ပုက

သူ့အား အမယ်ကြီးအိုဟု ခေါ်သော်လည်း စိတ်မဆိုး။ အဘိုးဦးကျော်ဝင်းကို ပြန်ခေါ်သည်က ‘‘ဟဲ့ မောင်ကျော် ဝင်း’’တဲ့။

အရွယ်လွန်မှ နှစ်ကိုယ်တူ ဘဝပေါင်းဖက်ခဲ့သည့် အဘွားပု တို့၏ အိမ်ထောင်ရေးသည် သာ တောင့်သာယာ ရှိခဲ့ပါသည်။ တောင်သူအလုပ်ကို နှစ်ယောက် သား ပျော်ပျော်ရွှွှင်ရွှင်ပင် လုပ် ကိုင်ခဲ့ပါသည်။

ဘိုးလေးဝင်းက တောင်သူအလုပ်တင်မက ကျရာ ပင်ပေါက် ပန်းရန်၊ ရေတွင်းတူး လိုက်စသဖြင့် လုပ်ငန်းဟူသမျှ မရွေးဘဲလိုက်လုပ်ကာ အဘွားပု ကို ရှာဖွေကျွေးမွေး ခဲ့ပါသည်။ အဘွားပု ပျော်ရပါသည်။

အရွယ် လွန် မုဆိုးမတစ်ယောက်ကို သား မှတ်မှတ်၊ မယားမှတ်မှတ် ပေါင်း ပေးခဲ့ သည့် မောင်ကျော်ဝင်းတစ် ယောက် ကျန်းမာ၊ ချမ်းသာပါစေ ကြောင်း အမြဲမေတ္တာပို့ခဲ့ရသည်။ ကျေးဇူးလည်းတင်ခဲ့ရသည်။

သို့သော် ဘဝဆိုသည်မှာ အဘွားပုတို့နေသည့် တောတိုက် နေရာကဲ့သို့ပင် အတက်၊ အဆင်း တွေ ကမူကထစ်တွေက များပါ ဘိ။ နဂိုကတည်းက ညဆိုလျှင် မျက်စိကောင်းကောင်းမမြင်သည့် ဘိုးလေးဝင်းသည်

အိမ်ထောင်ကျ ပြီး (၁၀)နှစ် နီးပါးအကြာမှာ မျက် စိနှစ်လုံး တဖြည်းဖြည်းအမြင်အာ ရုံချို့တဲ့လာခဲ့လေသည်။ အဘွား ပု စိတ်ထိခိုက်ရပါသည်။ ဘိုးလေး ဝင်း၏ မျက်စိအတွက် မြို့ပေါ် တက် ဆေးရုံ၊ ဆေးခန်းပြကာ

ကုသပေးချင်ပါသော်လည်း မြို့နဲ့လည်းဝေး၊ ငွေစကြေးစ လည်း မရွှင်သဖြင့် ဒီအတိုင်းထားခဲ့ရာမှ နောက်ဆုံးတော့ ဘိုးလေးဝင်း၏ အမြင်လွှာ တဖြည်းဖြည်းကွယ်ခဲ့ရလေသည်။

ဘိုးလေးဝင်း မျက်စိကွယ် တော့ အဘွားဒေါ်ပုက အားပေး သည်။ မောင်ကျော်ဝင်း နင် ဘာမှ အားမငယ်နဲ့ ငါတစ်ယောက် လုံး ရှိတယ်ဟု။ အဘွားဒေါ်ပု တောင် သူအလုပ်တွေ အကုန်လုပ်သည်။ ဘိုးလေးဝင်းကလည်း

အဘွားပု တစ်ယောက် တည်း ရုန်းကန်နေရ တာကို မမြင်ရပေမယ့် သိနေရ၍ မနေနိုင်။ သူလည်း မမြင်သော် လည်း တောင်သူအလုပ်တွေ စမ်းတမ်းစမ်းတမ်းဖြင့် ဝင်လုပ်သည်။

အဘွားပုတို့၏ ကံဆိုးမှုက ထိုမျှနှင့်မရပ်သေး။ ဘိုးလေးဝင်း မျက်စိကွယ်ပြီး (၁၀)နှစ်လောက် အကြာမှာ အဘွားပု၏ မျက်စိတွေ ပါ ကွယ်လာခဲ့လေသည်။ လင် ကိုယ်မယား နှစ်ယောက်တည်းမို့ မျက်စိလည်းမမြင်ကြတော့

အတော်လေး ဒုက္ခတွေရောက်ရလေ သည်။ သို့သော် လင်မယားနှစ် ယောက်စလုံး အချစ်အခင်မပျက် ကြပါ။ မျှစ်တွေစမ်းချိုးကြသည်။ မှိုခြောက်ခူးကြသည်။

ငရုတ်သီး စိုက်ကာ အခြောက်လှန်းပြီး ငရုတ်သီးခြောက် ရောင်းကြ သည်။ ပြောင်းဖူးခွာကြသည်။ ထင်းခုတ်ကြသည်။

ပတ်ဝန်းကျင်ကလည်း အဘွားပုတို့ကို တတ်အားသရွေ့ စောင့်ရှောက်ကြပါသည်။ စားဖို့သောက်ဖို့ ဆန်လေး၊ ပဲလေး လာ ပေးတာမျိုး၊ ချက်ပြီးပြုတ်ပြီး ဟင်းခွက် လာပေးတာမျိုးဖြင့် ကြည့်ရှုစောင်မကြသည်။

၂၀၁၆ ခုနှစ် မေလမှာ ဘွားပုတို့ဘက် လေတွေတအားတိုက်သည်။ ဘွား ပုတို့တဲလေး ပျက်စီးသွားခဲ့သည်။ ထိုအချိန် လေဘေးအတွက် ရောက်လာသည့်

ကန့်ဘလူက ကိုဇေယျာမြင့်အောင်တို့က အဘွားတို့ကို တွေ့သွားခဲ့ပြီး လို အပ်သည့် ကူညီမှုတွေပေးကာ ပတ်ဝန်းကျင် နှင့်အတူ အိမ်လေး လည်း ပြန်ဆောက်ပေးကြသည်။

ကိုဇေယျာမြင့်အောင်တို့က ထိုအချိန်ကစကာ ယနေ့အချိန်ထိ မကြာခဏလာလာကြည့်ကာ လို အပ်သည့် စားသောက် စရာ တွေ၊ ဆေးဝါးကုသမှုတွေ အမြဲမပြတ် လုပ်ပေးခဲ့ပါသည်။

လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင် ကာ မျက်စိ ဆေးရုံတွေလည်း ပို့ ပေးကြသည်။ သို့သော် အဘိုး၊ အဘွားတို့ မျက်စိမှာ ပြန်ကောင်း မလာခဲ့တော့ပါ။

အဘွားပုတို့မှာ မျက်စိမမြင် ၍ သာမန်လူတွေလိုတော့ အလုပ် လုပ်ရသည်မှာ မတွင်လှပါ။ အဘွားပုမှာ အသက်လည်း ကြီး၍ ဘိုးလေးဝင်းကသာ ချက်ပြုတ်ကျွေးမွေးပါသည်။ မမြင်မစမ်းနှင့် ချက်ရသည်မို့

ဆားပါတဲ့အခါပါ၊ မပါတဲ့အခါမပါ။ မီးမွှေးရင်း ဘိုးလေးဝင်း လက်တွေ မီးပူမိသည် ကလည်း မကြာခဏ။ သို့သော် ဘိုးလေးဝင်း တစ်စက်လေးမှ မညည်း မညူခဲ့။ ဘွားပုက ပဲလေးကြိုက်သဖြင့် ပတ်ဝန်းကျင်ကလာပေးသည့် ပဲလေးကို မကြာခဏ ပြုတ်ပြုတ်ကျွေးသည်။

အိမ်မှာ ဆန်နည်းနေသည့် အခါ ဘိုးလေးဝင်းမှာ သူ လျှော့စားပြီး အဘွားပုကိုသာ များများကျွေးသည်။ ဘိုးလေးဝင်း တစ်ယောက် အနီးအနားဝန်းကျင် မှိုလေး၊ မျှစ်လေးသွားရောင်းချိန် ကရုဏာသက်မိသူတွေက

မုန့်လေးဘာလေး စားဖို့ပေးလျှင် သူဘယ်တော့မှမစား၊ ခါးပိုက်ထဲထည့်ကာ အဘွားပုအတွက် ယူ သွားသည်။ ‘အမယ်ကြီးအို စားစမ်းပါ။ ခင်ဗျားက အိုပြီဗျ။ ကျုပ်က ငယ် သေးတယ်’’ဟု နောက်ပြောင်ရင်း ကျွေးသည်။ ဘွားပု စိတ်မကောင်း။

ဘိုးလေးဝင်းမှာ အိမ်သုံးဖို့ နှင့် အဘွားပုချိုးဖို့ရေကို အိမ်နှင့် အတန်ငယ်လှမ်းသည့် ချောင်းက လေးထဲသို့ ဆင်းခပ် လေ့ရှိသည်။ ရေဆင်းခပ်ပြီး ပြန်အတက်မှာ မြေတွေကမညီ တောင်ကုန်း၊ တောင်တက်တွေမို့ မကြာခဏ

ချော်လဲရသည်။ နောက်ပြီး လမ်း တွေမှားကာ ရေထမ်းကြီးနှင့် တောရောက် တောင်ရောက် ရောက်ကုန်သည်။ လူတွေနဲ့ ဆုံ လျှင်တော့ အိမ်ပြန်ပို့ပေးကြ သည်။

ရေကူခပ်ပေးကြသည်။ မဆုံလျှင်တော့ ဘိုးလေးဝင်းမှာ တောထဲ လမ်းတွေပျောက်ကာ တော်တော်နှင့် အိမ်ပြန်မလာနိုင်။ ဒါတင်မကသေး ဘိုးလေးဝင်း လူ တစ်ရပ်လောက်ရှိသည့် ရေတွင်း ထဲလည်း ကျဖူးသည်။

တစ်ခါကလည်း ထင်းခုတ် ရင်း ထင်းစည်းတွေနှင့် ကျောက် ကျင်းတစ်ခုထဲ ဘိုးလေးဝင်း လိမ့် ကျသွားခဲ့သည်။ ဒူးတွေ၊ ပေါင် တွေလည်း ပွန်းပဲ့ကုန်သည်။ အ ခြားသူလိုက်ပို့၍ အိမ်ရောက်လာမှ အကြောင်းစုံသိတော့ ဘွားပု

မျက်ရည်ကျရ သည်။ တစ်ခါက လည်း ရေခပ်ရင်း မြွေပွေးနှင့် သူ့ ခြေထောက် ခတ်မိခဲ့သေးသည်။ သူတို့နယ်ဘက်က မြွေပွေးအ တော်ပေါသည်။ ကံကောင်းသည်မှာ မြွေပွေးက သူ့ကိုပေါက် မသွား။

ဘေးကလူက ဘိုးလေး ဝင်းသွားရာနား မြွေပွေးတွေ့ တော့မှ ဘိုးလေးဝင်းက သူခုနက ခြေထောက်နှင့် ခတ်မိခဲ့ကြောင်း၊ ကြိုးကြီးထင်နေကြောင်း ပြော တော့ ဝန်းကျင်က လူတွေ ဘုရား တရသည်။

ဘွားပုမှာ ထိုထိုအကြောင်း တွေကြောင့် ဘိုးလေးဝင်းကို စိတ် ပူနေရသည်။ ဘိုးလေးဝင်း ထွက် သွားပြီဆိုလျှင်ဖြင့် ပြန်လာဖို့ကို ရင်တမမ မျှော်နေရသည်။ ရောက်ချိန်တန်၍ မရောက်လျှင် ဘွားပု စိတ်ပူရပါပြီ။ သို့သော်

သူ့မှာလည်း မျက်မမြင်မို့ ဘာမှ မတတ်နိုင်။ နောက်ဆုံးတော့ သူ အကြံတစ်ခုရလေသည်။ ဘိုးလေးဝင်းနှင့် သူ့အကြား ဆက်သွယ်ဖို့ ဖြစ်သည်။

သူ့အကြံအစည်လေးတစ်ခုဖြစ်မြောက်ဖို့ တောတိုက် မှာပဲနေသည့် လူတစ်ယောက်ကို အကူအညီတောင်း သည်။ ထိုလူကလည်း အဘွားပု ခိုင်းသည့်အတိုင်း လုပ်ပေးခဲ့သည်။

တစ်ပေခန့်ရှိသည့် ကျွန်းသားလေးတစ်တုံးကို အထဲမှာအခေါင်းထွင်းပြီး တုံးမောင်းလေးတစ်ခု ဖန်တီးလိုက်ခြင်းဖြစ်သည်။

တုံးမောင်းခေါက်ဖို့ ကျွန်းသား တုတ်တံတစ်ချောင်းလည်း ပါ လေသည်။ ထိုပစ္စည်းလေးရတော့ ဘွားပုပျော်ရသည်။ ဘိုးလေးဝင်း သွားတာကြာ၍ ပြန်မရောက်လျှင် ထိုတုံးမောင်းလေးကို ဘွားပု ခေါက်ပါလေပြီ။

‘တောက်…တောက်…တောက်.. တောက်… တောက်တောက် တောက်တောက် တောက် တောက်တောက်…’

‘တောက်…တောက်… တောက် …တောက်… တောက်တောက် တောက်တောက် တောက် တောက်တောက်…’

ရေခပ်ရင်း၊ ထင်းခွေရင်း လမ်းပျောက်နေသည့် ဘိုးလေး ဝင်းသည် ဘွားပု၏ တုံးမောင်း ခေါက်သံကြားတော့ မျက်နှာဝင်း ခနဲဖြစ်သွားရသည်။ အသံလာရာ ဆီရည်မှန်းရင်း ခြေလှမ်းကိုပြင်ရ သည်။ အဘွား၏ တုံးမောင်း

ခေါက်သံနောက် လိုက် ရင်း နောက်ဆုံးတော့ အိမ်ကလေးဆီ တန်းတန်းမတ်မတ် ပြန်ဆိုက် ရောက်လာခဲ့လေသည်။ အိမ် လေးထဲမှာတော့ ဘွားပုက တုံး မောင်းလေးကိုခေါက်ဆဲ။ အိမ်ထဲ ဝင်ရင်း ဘိုးလေးဝင်းက ဘွားပု အားစသည်။

‘‘အမယ်ကြီးအို၊ တ တောက်တောက်နဲ့ နားကိုငြီးနေ တာပဲဗျာ။ မလာမချင်းကို ခေါက် နေတော့တာပဲ’’ဟု။ ဘွားပုက ပြန်ပြောသည်။ ‘‘မောင်ကျော်ဝင်း ရယ် နင်က

ငါ့အဖေဆိုလည်း ဟုတ်။ အမေဆိုလည်း ဟုတ်ပါ တယ်။ နင်ရောက်မှပဲ ငါစိတ်အေး ရတာ။ ဒါကြောင့် တီးရတာပါ့’’ ဟုပြောတော့ ဘိုးလေးဝင်း စိတ် ထဲမကောင်း။

ဘွားပုမှာ သူကိုယ်တိုင် မျက်မမြင်တစ်ယောက် ဖြစ်သော် လည်း ဘိုးလေးဝင်းအတွက် ဘယ် တော့မှစိတ်မချ။ နောက်ဆံ တင်း နေသည်။ သူ့အသက်အရွယ်အရ ဘိုးဘွားရိပ်သာ လိုက်သွားမည် ဆိုလည်းရသည်။

ဘိုးလေးဝင်း တစ်ယောက် တည်း ကျန်ခဲ့ပြီး ဒုက္ခ ရောက်မှာစိုးသည်။ နှစ်ယောက်စလုံး ခေါ်သွားသည်ထားဦး။ အတူ မနေရ၍ အဆင်မပြေကြမှာစိုး သည်။

ဒီအရွယ်ကြီးကျမှ အတူနေချင်သည်တော့ မဟုတ်ပါ။ မျက်မမြင် အဘိုး၊ အဘွား နှစ် ယောက် တစ်ယောက် လိုအပ်ချက် တစ်ယောက်အသိဆုံးဖြစ်၍ပင်။

ဘိုးလေးဝင်းကတော့ လိုက်သွားဖို့ ပြောသေးသည်။ ဘွားပုမလိုက်။ ဘွားပု စကားတစ်ခွန်း ပြန်ပြော သည်။ ‘‘မောင်ကျော်ဝင်းရယ် သေလည်းအတူတူပေါ့’’တဲ့။

‘သက်ဆိုင်သူသို့ ပို့မေတ္တာ တေးလွှာေ၀ ဘေးဘယာတွေ ကင်းပါစေ သပြေနု ငွေခရု ဇေ ယျတု ပြုတယ်လေ မေ့မေတ္တာ မေ့မေတ္တာ သောက်ကာသုံး ပြုံးရွှင်စေ’’၊ ရေး-ဘိုကလေးတင့် အောင်

အခုလည်း ဘွားပုတို့ အိမ် ကလေးဆီကနေ တုံးမောင်း ခေါက်သံလေး လွင့်လာပြန်လေ ပြီ။ ဘိုးလေးဝင်း ရေခပ်သွားတာ လား၊ ထင်းခွေသွားတာလား တစ် ခုခုသွားရင်း ပြန်မလာသေး၍ ဘွားပု တုံးမောင်းခေါက်နေခြင်း

ဖြစ်မည်။ တုံးမောင်း ခေါက်သံ လေးကတော့ တိတ်ဆိတ်နေသည့် ဝန်းကျင်မှာ တတောက် တောက်ဖြင့် ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စည်းချက်မှန်မှန် ထွက်ပေါ်လာနေလေသည်။

ထို တုံးမောင်း ခေါက်သံလေးသည် တောတိုက်ထဲက ချစ်ခြင်း၏ သင်္ကေတ လေးတစ်ခု ဖြစ်နေမည် မှာ သေချာလေသည်။ ။

ထူးဆန္းေသာ တုံးေခါက္သံ (သို႔မဟုတ္) ဘဝေနဝင္ခ်ိန္တြင္ ခ်ိဳၿမိန္ေသာ ဂီတသံတခု –

ကန႔္ဘလူၿမိဳ႕နယ္ ေ႐ႊဘို- ျမစ္ႀကီးနား လမ္းေပၚတြင္ ငွက္ ေပ်ာတိုင္းအမည္ရွိ ေက်း႐ြာတစ္ ႐ြာရွိသည္။ ထိုေက်း႐ြာ၏ အ ေနာက္ဘက္တြင္ ႐ြာေဟာင္းရွိၿပီး ႐ြာေဟာင္း၏

အေနာက္ဘက္ ခပ္က်က်၌ ကုန္းေျမအနိမ့္အျမင့္မ်ားသည့္ ေတာတိုက္ ဟူေသာ ေနရာတစ္ခုရွိသည္။ ေတာတိုက္ တြင္ အိမ္ေျခအခ်ိဳ႕ ဟိုနားတစ္ အိမ္၊ သည္နားတစ္အိမ္ ခပ္က်ဲ က်ဲျဖင့္ ေတာင္သူ လုပ္ကိုင္စား ေသာက္ကာ ေနထိုင္ၾကသည္။

ဇြန္လကုန္ရက္တစ္ရက္၏ ေန႔ခင္းသည္ မိုးအုံ႔တုံ႔အုံ႔တုံ႔ျဖင့္ မႈိင္းပ်ပ် ျဖစ္ေနသည္။ ထိုမိုးသား၏ ေအာက္တြင္ ေတာတိုက္ဝန္းက်င္ သည္

ဝါး႐ုံပင္အခ်ိဳ႕ေလတိုး၍ ခပ္ရွဲရွဲျမည္သံမွအပ တိတ္ဆိတ္ ေနသည္။ ထိုသို႔တိတ္ဆိတ္ေနခ်ိန္ အသံတစ္သံထြက္ေပၚလာသည္။

‘ေတာက္…ေတာက္…ေတာက္.. ေတာက္… ေတာက္ေတာက္ ေတာက္ေတာက္ ေတာက္ ေတာက္ေတာက္…’

‘ေတာက္…ေတာက္… ေတာက္ …ေတာက္… ေတာက္ေတာက္ ေတာက္ေတာက္ ေတာက္ ေတာက္ေတာက္…’

တုံးေမာင္း (အုန္းေမာင္း) ေခါက္သံေလးျဖစ္သည္။ ထိုတုံး ေမာင္း (အုန္းေမာင္း) ေခါက္သံ သည္ ေတာတိုက္ဝန္းက်င္ တစ္ မိုင္ပတ္လည္အတြင္း ေကာင္း ေကာင္းႀကီး ၾကားရေလသည္။ အေဝးကလာသူ အခ်ိဳ႕ကေတာ့

ဘုန္းႀကီးေက်ာင္းလည္း ေဝးသည့္ ေနရာတစ္ခုတြင္ အဘယ္ေၾကာင့္ တုံးေမာင္း (အုန္းေမာင္း)ေခါက္ သံၾကားေနရသနည္းဟု ေတြးထင္ မိၾကပါလိမ့္ မည္။ ေတာတိုက္ဝန္း က်င္ ေနထိုင္သူေတြအဖို႔ေတာ့ တုံးေမာင္း

ေခါက္သံၾကားရတာ မထူးဆန္းေတာ့ပါ။ ထိုတုံးေမာင္း ေခါက္သံၾကားလွ်င္ျဖင့္ ခပ္ၿပဳံးၿပဳံး ေတာင္ ျဖစ္မိၾကသည္။ ‘‘အင္း ဘြားပုေတာ့ ဘိုးေလးဝင္းကို ေမွ်ာ္ေနရွာၿပီထင္ပါရဲ႕’’ဟု ေတြးမိၾက သည္။

ဟုတ္ပါသည္။ ထိုတုံးေမာင္းသံသည္ ေတာတိုက္တစ္ေနရာရွိ အိမ္ေသးေလးတစ္လုံးထဲက ထြက္ေပၚလာျခင္းျဖစ္သည္။ ထိုအိမ္ေသးေလးထဲမွာေတာ့ ခႏၶာကိုယ္ ပါးပါးလ်လ်၊ ေခါင္းတုံးဆံပင္ေပါက္ျဖင့္ အသက္(၇၀)ေက်ာ္ (၈၀)နီးပါး

ခပ္ပိန္ပိန္အဘြားေဒၚပုက တီးေခါက္ေနျခင္းျဖစ္သည္။ သူ၏လက္မ်ား အေၾကာမ်ား ေပၚသည့္တိုင္ေအာင္ တစ္ဖက္က တုံးေမာင္းကိုကိုင္ တစ္ဖက္က တုတ္တံေလးတစ္ေခ်ာင္းကိုကိုင္ကာ တေတာက္ေတာက္ ေခါက္ေနေလ၏။

အဘြားေဒၚပုသည္ တ ကယ္ေတာ့ သာမန္လူေတြလိုမ်က္စိႏွစ္ကြင္း အလင္းရသူတစ္ ေယာက္မဟုတ္ပါ။ မသန္စြမ္း မ်က္မျမင္တစ္ေယာက္ ျဖစ္ေလ သည္။ အဘြားတစ္ေယာက္တည္း တင္မဟုတ္။

ထိုအိမ္ေလးတြင္ အ တူေနသူ အဘြား၏ အိမ္သားအဘ ဦးေက်ာ္ဝင္းမွာလည္း မ်က္မျမင္ တစ္ေယာက္ျဖစ္ေလသည္။ ထို တုံးေမာင္းေလးမွာ

အဘြားေဒၚပု ႏွင့္ အဘဦးေက်ာ္ဝင္းအတြက္ မရွိမျဖစ္ ပစၥည္းေလးတစ္ခုျဖစ္ သည္။ အဘြားႏွင့္အဘိုးၾကား တစ္ခုတည္းေသာ ဆက္သြယ္ေရး ပစၥည္းေလးျဖစ္ပါေလသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၀) ေက်ာ္ (၃၀)နီးပါးကျဖစ္သည္။ထို အခ်ိန္က ေဒၚပု အသက္(၅၀)စြန္းစြန္း။ လင္သားေသၿပီး ေနာက္ မုဆိုးမဘဝေရာက္ခ်ိန္ သား၊ သမီး လည္း တစ္ေယာက္မွ မထြန္းကား ခဲ့၍ ဘဝကို တစ္ေယာက္တည္း ခက္ခက္

ခဲခဲ႐ုန္းကန္ေနရခ်ိန္ သူ႔ ထက္ အသက္(၁၀)ႏွစ္ေက်ာ္ငယ္ သည့္ လူပ်ိဳႀကီးဦးေက်ာ္ဝင္းႏွင့္ ဆုံခဲ့ျခင္းျဖစ္သည္။ တကယ္ေ တာ့ ႏွစ္ေယာက္စလုံးက ဒီနယ္က မဟုတ္။

ေဒၚပုက ဒီပဲယင္းမူးကမ္း ႀကီးဘက္က၊ ဦးေက်ာ္ဝင္းက ကန႔္ဘလူ မင္းဘာ႐ြာ ဘက္ ကျဖစ္ သည္။ လုပ္စားကိုင္စားစရာ အလုပ္အကိုင္ရွားပါး၍ ဒီေတာ တိုက္ဘက္ေရာက္လာရင္း ဆုံၾက ျခင္းျဖစ္သည္။

အတိုခ်ဳပ္ဆိုရလွ်င္ တစ္ ကိုယ္တည္း မုဆိုးမဘဝျဖင့္ ႐ုန္း ကန္ေနရသည့္ ေဒၚပုကို တစ္ သက္လုံး လူပ်ိဳႀကီးဘဝျဖင့္ အ႐ိုး ထုတ္ေတာ့မည္ဟု သႏၷိ႒ာန္ခ် ထားခဲ့သည့္ ဦးေက်ာ္ဝင္းတစ္ ေယာက္ ေမတၱာသက္ဝင္ရေလ သည္။

ေဒၚပုကေတာ့ ဦးေက်ာ္ဝင္းကို ျငင္းခ်င္ခဲ့ပါသည္။ အျခား ေၾကာင့္မဟုတ္။ သူ႔လို မုဆိုးမတစ္ေယာက္ကို ယူရမည့္ လူပ်ိဳလူလြတ္ ကေလး ကို သနားမိ၍ျဖစ္သည္။

သို႔ေသာ္ ဦးေက်ာ္ဝင္းကေတာ့ အျခားဘာညာမေတြးေစလိုပဲ တစ္ကိုယ္စီ ႐ုန္းေနရသည္ထက္ ႏွစ္ကိုယ္ေပါင္းကာ အတူ႐ုန္းၾကရန္ စကားဆိုလာခဲ့ေတာ့

ေဒၚပုလည္း မိန္းမသားမို႔ အားကိုးလည္းရွာ ဦးေက်ာ္ဝင္းအေပၚ လည္း ေမတၱာတုံ႔ျပန္စိတ္ေပၚ လာ၍ တစ္ပင္လဲမူ တစ္ပင္ထူ ခဲ့ရေလသည္။

ထိုအခ်ိန္က အဘြားေဒၚပု က (၅၀)စြန္းစြန္း၊ အဘဦးေက်ာ္ ဝင္းက (၄၀)ေက်ာ္ေက်ာ္။ အဘ ဦးေက်ာ္ဝင္းက သူ႔မိန္းမ အဘြား ေဒၚပုကို ဘယ္လိုေခၚရမလဲ စဥ္း စားခဲ့ရေသးသည္။

မပုလို႔ ေခၚလို႔ မရ။ သူ႔ထက္ (၁၀)ႏွစ္ႀကီးသည္။ ေဒၚပု ဆိုေတာ့လည္း စိမ္းေနေသး သည္။ ေနာက္ဆုံးေတာ့ ခ်စ္စႏိုး ျဖင့္ ‘အမယ္ႀကီးအို’ဟု ေခၚေလ သည္။

အဘြားေဒၚပုက သူ႔အား အမယ္ႀကီးအိုဟု ေခၚေသာ္လည္း စိတ္မဆိုး။ အဘိုးဦးေက်ာ္ဝင္းကို ျပန္ေခၚသည္က ‘‘ဟဲ့ ေမာင္ေက်ာ္ ဝင္း’’တဲ့။

အ႐ြယ္လြန္မွ ႏွစ္ကိုယ္တူ ဘဝေပါင္းဖက္ခဲ့သည့္ အဘြားပု တို႔၏ အိမ္ေထာင္ေရးသည္ သာ ေတာင့္သာယာ ရွိခဲ့ပါသည္။ ေတာင္သူအလုပ္ကို ႏွစ္ေယာက္ သား ေပ်ာ္ေပ်ာ္႐ႊႊင္႐ႊင္ပင္ လုပ္ ကိုင္ခဲ့ပါသည္။

ဘိုးေလးဝင္းက ေတာင္သူအလုပ္တင္မက က်ရာ ပင္ေပါက္ ပန္းရန္၊ ေရတြင္းတူး လိုက္စသျဖင့္ လုပ္ငန္းဟူသမွ် မေ႐ြးဘဲလိုက္လုပ္ကာ အဘြားပု ကို ရွာေဖြေကြၽးေမြး ခဲ့ပါသည္။

အဘြားပု ေပ်ာ္ရပါသည္။ အ႐ြယ္ လြန္ မုဆိုးမတစ္ေယာက္ကို သား မွတ္မွတ္၊ မယားမွတ္မွတ္ ေပါင္း ေပးခဲ့ သည့္ ေမာင္ေက်ာ္ဝင္းတစ္ ေယာက္ က်န္းမာ၊ ခ်မ္းသာပါေစ ေၾကာင္း အၿမဲေမတၱာပို႔ခဲ့ရသည္။ ေက်းဇူးလည္းတင္ခဲ့ရသည္။

သို႔ေသာ္ ဘဝဆိုသည္မွာ အဘြားပုတို႔ေနသည့္ ေတာတိုက္ ေနရာကဲ့သို႔ပင္ အတက္၊ အဆင္း ေတြ ကမူကထစ္ေတြက မ်ားပါ ဘိ။ နဂိုကတည္းက ညဆိုလွ်င္ မ်က္စိေကာင္းေကာင္းမျမင္သည့္ ဘိုးေလးဝင္းသည္

အိမ္ေထာင္က် ၿပီး (၁၀)ႏွစ္ နီးပါးအၾကာမွာ မ်က္ စိႏွစ္လုံး တျဖည္းျဖည္းအျမင္အာ ႐ုံခ်ိဳ႕တဲ့လာခဲ့ေလသည္။ အဘြား ပု စိတ္ထိခိုက္ရပါသည္။ ဘိုးေလး ဝင္း၏ မ်က္စိအတြက္

ၿမိဳ႕ေပၚ တက္ ေဆး႐ုံ၊ ေဆးခန္းျပကာ ကုသေပးခ်င္ပါေသာ္လည္း ၿမိဳ႕နဲ႔လည္းေဝး၊ ေငြစေၾကးစ လည္း မ႐ႊင္သျဖင့္ ဒီအတိုင္းထားခဲ့ရာမွ ေနာက္ဆုံးေတာ့ ဘိုးေလးဝင္း၏ အျမင္လႊာ တျဖည္းျဖည္းကြယ္ခဲ့ရေလသည္။

ဘိုးေလးဝင္း မ်က္စိကြယ္ ေတာ့ အဘြားေဒၚပုက အားေပး သည္။ ေမာင္ေက်ာ္ဝင္း နင္ ဘာမွ အားမငယ္နဲ႔ ငါတစ္ေယာက္ လုံး ရွိတယ္ဟု။ အဘြားေဒၚပု ေတာင္ သူအလုပ္ေတြ အကုန္လုပ္သည္။

ဘိုးေလးဝင္းကလည္း အဘြားပု တစ္ေယာက္ တည္း ႐ုန္းကန္ေနရ တာကို မျမင္ရေပမယ့္ သိေနရ၍ မေနႏိုင္။ သူလည္း မျမင္ေသာ္ လည္း ေတာင္သူအလုပ္ေတြ စမ္းတမ္းစမ္းတမ္းျဖင့္ ဝင္လုပ္သည္။

အဘြားပုတို႔၏ ကံဆိုးမႈက ထိုမွ်ႏွင့္မရပ္ေသး။ ဘိုးေလးဝင္း မ်က္စိကြယ္ၿပီး (၁၀)ႏွစ္ေလာက္ အၾကာမွာ အဘြားပု၏ မ်က္စိေတြ ပါ ကြယ္လာခဲ့ေလသည္။

လင္ ကိုယ္မယား ႏွစ္ေယာက္တည္းမို႔ မ်က္စိလည္းမျမင္ၾကေတာ့ အေတာ္ေလး ဒုကၡေတြေရာက္ရေလ သည္။ သို႔ေသာ္ လင္မယားႏွစ္ ေယာက္စလုံး အခ်စ္အခင္မပ်က္ ၾကပါ။

မွ်စ္ေတြစမ္းခ်ိဳးၾကသည္။ မႈိေျခာက္ခူးၾကသည္။ င႐ုတ္သီး စိုက္ကာ အေျခာက္လွန္းၿပီး င႐ုတ္သီးေျခာက္ ေရာင္းၾက သည္။ ေျပာင္းဖူးခြာၾကသည္။ ထင္းခုတ္ၾကသည္။

ပတ္ဝန္းက်င္ကလည္း အဘြားပုတို႔ကို တတ္အားသေ႐ြ႕ ေစာင့္ေရွာက္ၾကပါသည္။ စားဖို႔ေသာက္ဖို႔ ဆန္ေလး၊ ပဲေလး လာ ေပးတာမ်ိဳး၊ ခ်က္ၿပီးျပဳတ္ၿပီး ဟင္းခြက္ လာေပးတာမ်ိဳးျဖင့္ ၾကည့္ရႈေစာင္မၾကသည္။

၂၀၁၆ ခုႏွစ္ ေမလမွာ ဘြားပုတို႔ဘက္ ေလေတြတအားတိုက္သည္။ ဘြား ပုတို႔တဲေလး ပ်က္စီးသြားခဲ့သည္။ ထိုအခ်ိန္ ေလေဘးအတြက္ ေရာက္လာသည့္

ကန႔္ဘလူက ကိုေဇယ်ာျမင့္ေအာင္တို႔က အဘြားတို႔ကို ေတြ႕သြားခဲ့ၿပီး လို အပ္သည့္ ကူညီမႈေတြေပးကာ ပတ္ဝန္းက်င္ ႏွင့္အတူ အိမ္ေလး လည္း ျပန္ေဆာက္ေပးၾကသည္။

ကိုေဇယ်ာျမင့္ေအာင္တို႔က ထိုအခ်ိန္ကစကာ ယေန႔အခ်ိန္ထိ မၾကာခဏလာလာၾကည့္ကာ လို အပ္သည့္ စားေသာက္ စရာ ေတြ၊ ေဆးဝါးကုသမႈေတြ အၿမဲမျပတ္ လုပ္ေပးခဲ့ပါသည္။

လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ တိုင္ပင္ ကာ မ်က္စိ ေဆး႐ုံေတြလည္း ပို႔ ေပးၾကသည္။ သို႔ေသာ္ အဘိုး၊ အဘြားတို႔ မ်က္စိမွာ ျပန္ေကာင္း မလာခဲ့ေတာ့ပါ။

အဘြားပုတို႔မွာ မ်က္စိမျမင္ ၍ သာမန္လူေတြလိုေတာ့ အလုပ္ လုပ္ရသည္မွာ မတြင္လွပါ။ အဘြားပုမွာ အသက္လည္း ႀကီး၍ ဘိုးေလးဝင္းကသာ ခ်က္ျပဳတ္ေကြၽးေမြးပါသည္။

မျမင္မစမ္းႏွင့္ ခ်က္ရသည္မို႔ ဆားပါတဲ့အခါပါ၊ မပါတဲ့အခါမပါ။ မီးေမႊးရင္း ဘိုးေလးဝင္း လက္ေတြ မီးပူမိသည္ ကလည္း မၾကာခဏ။ သို႔ေသာ္ ဘိုးေလးဝင္း တစ္စက္ေလးမွ မညည္း မညဴခဲ့။

ဘြားပုက ပဲေလးႀကိဳက္သျဖင့္ ပတ္ဝန္းက်င္ကလာေပးသည့္ ပဲေလးကို မၾကာခဏ ျပဳတ္ျပဳတ္ေကြၽးသည္။

အိမ္မွာ ဆန္နည္းေနသည့္ အခါ ဘိုးေလးဝင္းမွာ သူ ေလွ်ာ့စားၿပီး အဘြားပုကိုသာ မ်ားမ်ားေကြၽးသည္။ ဘိုးေလးဝင္း တစ္ေယာက္ အနီးအနားဝန္းက်င္ မႈိေလး၊ မွ်စ္ေလးသြားေရာင္းခ်ိန္ က႐ုဏာသက္မိသူေတြက မုန႔္ေလးဘာေလး

စားဖို႔ေပးလွ်င္ သူဘယ္ေတာ့မွမစား၊ ခါးပိုက္ထဲထည့္ကာ အဘြားပုအတြက္ ယူ သြားသည္။ ‘အမယ္ႀကီးအို စားစမ္းပါ။ ခင္ဗ်ားက အိုၿပီဗ်။ က်ဳပ္က ငယ္ ေသးတယ္’’ဟု ေနာက္ေျပာင္ရင္း ေကြၽးသည္။ ဘြားပု စိတ္မေကာင္း။

ဘိုးေလးဝင္းမွာ အိမ္သုံးဖို႔ ႏွင့္ အဘြားပုခ်ိဳးဖို႔ေရကို အိမ္ႏွင့္ အတန္ငယ္လွမ္းသည့္ ေခ်ာင္းက ေလးထဲသို႔ ဆင္းခပ္ ေလ့ရွိသည္။ ေရဆင္းခပ္ၿပီး ျပန္အတက္မွာ ေျမေတြကမညီ ေတာင္ကုန္း၊ ေတာင္တက္ေတြမို႔ မၾကာခဏ ေခ်ာ္လဲရသည္။

ေနာက္ၿပီး လမ္း ေတြမွားကာ ေရထမ္းႀကီးႏွင့္ ေတာေရာက္ ေတာင္ေရာက္ ေရာက္ကုန္သည္။ လူေတြနဲ႔ ဆုံ လွ်င္ေတာ့ အိမ္ျပန္ပို႔ေပးၾက သည္။ ေရကူခပ္ေပးၾကသည္။

မဆုံလွ်င္ေတာ့ ဘိုးေလးဝင္းမွာ ေတာထဲ လမ္းေတြေပ်ာက္ကာ ေတာ္ေတာ္ႏွင့္ အိမ္ျပန္မလာႏိုင္။ ဒါတင္မကေသး ဘိုးေလးဝင္း လူ တစ္ရပ္ေလာက္ရွိသည့္ ေရတြင္း ထဲလည္း က်ဖူးသည္။

တစ္ခါကလည္း ထင္းခုတ္ ရင္း ထင္းစည္းေတြႏွင့္ ေက်ာက္ က်င္းတစ္ခုထဲ ဘိုးေလးဝင္း လိမ့္ က်သြားခဲ့သည္။ ဒူးေတြ၊ ေပါင္ ေတြလည္း ပြန္းပဲ့ကုန္သည္။

အ ျခားသူလိုက္ပို႔၍ အိမ္ေရာက္လာမွ အေၾကာင္းစုံသိေတာ့ ဘြားပု မ်က္ရည္က်ရ သည္။ တစ္ခါက လည္း ေရခပ္ရင္း ေႁမြေပြးႏွင့္ သူ႔ ေျခေထာက္ ခတ္မိခဲ့ေသးသည္။ သူတို႔နယ္ဘက္က ေႁမြေပြးအ ေတာ္ေပါသည္။

ကံေကာင္းသည္မွာ ေႁမြေပြးက သူ႔ကိုေပါက္ မသြား။ ေဘးကလူက ဘိုးေလး ဝင္းသြားရာနား ေႁမြေပြးေတြ႕ ေတာ့မွ ဘိုးေလးဝင္းက သူခုနက ေျခေထာက္ႏွင့္ ခတ္မိခဲ့ေၾကာင္း၊ ႀကိဳးႀကီးထင္ေနေၾကာင္း ေျပာ ေတာ့ ဝန္းက်င္က လူေတြ ဘုရား တရသည္။

ဘြားပုမွာ ထိုထိုအေၾကာင္း ေတြေၾကာင့္ ဘိုးေလးဝင္းကို စိတ္ ပူေနရသည္။ ဘိုးေလးဝင္း ထြက္ သြားၿပီဆိုလွ်င္ျဖင့္ ျပန္လာဖို႔ကို ရင္တမမ ေမွ်ာ္ေနရသည္။ ေရာက္ခ်ိန္တန္၍ မေရာက္လွ်င္ ဘြားပု စိတ္ပူရပါၿပီ။

သို႔ေသာ္ သူ႔မွာလည္း မ်က္မျမင္မို႔ ဘာမွ မတတ္ႏိုင္။ ေနာက္ဆုံးေတာ့ သူ အႀကံတစ္ခုရေလသည္။ ဘိုးေလးဝင္းႏွင့္ သူ႔အၾကား ဆက္သြယ္ဖို႔ ျဖစ္သည္။

သူ႔အႀကံအစည္ေလးတစ္ခုျဖစ္ေျမာက္ဖို႔ ေတာတိုက္ မွာပဲေနသည့္ လူတစ္ေယာက္ကို အကူအညီေတာင္း သည္။ ထိုလူကလည္း အဘြားပု ခိုင္းသည့္အတိုင္း လုပ္ေပးခဲ့သည္။

တစ္ေပခန႔္ရွိသည့္ ကြၽန္းသားေလးတစ္တုံးကို အထဲမွာအေခါင္းထြင္းၿပီး တုံးေမာင္းေလးတစ္ခု ဖန္တီးလိုက္ျခင္းျဖစ္သည္။ တုံးေမာင္းေခါက္ဖို႔ ကြၽန္းသား တုတ္တံတစ္ေခ်ာင္းလည္း ပါ ေလသည္။

ထိုပစၥည္းေလးရေတာ့ ဘြားပုေပ်ာ္ရသည္။ ဘိုးေလးဝင္း သြားတာၾကာ၍ ျပန္မေရာက္လွ်င္ ထိုတုံးေမာင္းေလးကို ဘြားပု ေခါက္ပါေလၿပီ။

‘ေတာက္…ေတာက္…ေတာက္.. ေတာက္… ေတာက္ေတာက္ ေတာက္ေတာက္ ေတာက္ ေတာက္ေတာက္…’

‘ေတာက္…ေတာက္… ေတာက္ …ေတာက္… ေတာက္ေတာက္ ေတာက္ေတာက္ ေတာက္ ေတာက္ေတာက္…’

ေရခပ္ရင္း၊ ထင္းေခြရင္း လမ္းေပ်ာက္ေနသည့္ ဘိုးေလး ဝင္းသည္ ဘြားပု၏ တုံးေမာင္း ေခါက္သံၾကားေတာ့ မ်က္ႏွာဝင္း ခနဲျဖစ္သြားရသည္။ အသံလာရာ ဆီရည္မွန္းရင္း ေျခလွမ္းကိုျပင္ရ သည္။

အဘြား၏ တုံးေမာင္း ေခါက္သံေနာက္ လိုက္ ရင္း ေနာက္ဆုံးေတာ့ အိမ္ကေလးဆီ တန္းတန္းမတ္မတ္ ျပန္ဆိုက္ ေရာက္လာခဲ့ေလသည္။ အိမ္ ေလးထဲမွာေတာ့ ဘြားပုက တုံး ေမာင္းေလးကိုေခါက္ဆဲ။

အိမ္ထဲ ဝင္ရင္း ဘိုးေလးဝင္းက ဘြားပု အားစသည္။ ‘‘အမယ္ႀကီးအို၊ တ ေတာက္ေတာက္နဲ႔ နားကိုၿငီးေန တာပဲဗ်ာ။ မလာမခ်င္းကို ေခါက္ ေနေတာ့တာပဲ’’ဟု။ ဘြားပုက ျပန္ေျပာသည္။

‘‘ေမာင္ေက်ာ္ဝင္း ရယ္ နင္က ငါ့အေဖဆိုလည္း ဟုတ္။ အေမဆိုလည္း ဟုတ္ပါ တယ္။ နင္ေရာက္မွပဲ ငါစိတ္ေအး ရတာ။ ဒါေၾကာင့္ တီးရတာပါ့’’ ဟုေျပာေတာ့ ဘိုးေလးဝင္း စိတ္ ထဲမေကာင္း။

ဘြားပုမွာ သူကိုယ္တိုင္ မ်က္မျမင္တစ္ေယာက္ ျဖစ္ေသာ္ လည္း ဘိုးေလးဝင္းအတြက္ ဘယ္ ေတာ့မွစိတ္မခ်။ ေနာက္ဆံ တင္း ေနသည္။ သူ႔အသက္အ႐ြယ္အရ ဘိုးဘြားရိပ္သာ လိုက္သြားမည္ ဆိုလည္းရသည္

ဘိုးေလးဝင္း တစ္ေယာက္ တည္း က်န္ခဲ့ၿပီး ဒုကၡ ေရာက္မွာစိုးသည္။ ႏွစ္ေယာက္စလုံး ေခၚသြားသည္ထားဦး။ အတူ မေနရ၍ အဆင္မေျပၾကမွာစိုး သည္။ ဒီအ႐ြယ္ႀကီးက်မွ အတူေနခ်င္သည္ေတာ့ မဟုတ္ပါ။

မ်က္မျမင္ အဘိုး၊ အဘြား ႏွစ္ ေယာက္ တစ္ေယာက္ လိုအပ္ခ်က္ တစ္ေယာက္အသိဆုံးျဖစ္၍ပင္။ ဘိုးေလးဝင္းကေတာ့ လိုက္သြားဖို႔ ေျပာေသးသည္။

ဘြားပုမလိုက္။ ဘြားပု စကားတစ္ခြန္း ျပန္ေျပာ သည္။ ‘‘ေမာင္ေက်ာ္ဝင္းရယ္ ေသလည္းအတူတူေပါ့’’တဲ့။

‘သက္ဆိုင္သူသို႔ ပို႔ေမတၱာ ေတးလႊာေ၀ ေဘးဘယာေတြ ကင္းပါေစ သေျပႏု ေငြခ႐ု ေဇ ယ်တု ျပဳတယ္ေလ ေမ့ေမတၱာ ေမ့ေမတၱာ ေသာက္ကာသုံး ၿပဳံး႐ႊင္ေစ’’၊ ေရး-ဘိုကေလးတင့္ ေအာင္

အခုလည္း ဘြားပုတို႔ အိမ္ ကေလးဆီကေန တုံးေမာင္း ေခါက္သံေလး လြင့္လာျပန္ေလ ၿပီ။ ဘိုးေလးဝင္း ေရခပ္သြားတာ လား၊ ထင္းေခြသြားတာလား တစ္ ခုခုသြားရင္း ျပန္မလာေသး၍ ဘြားပု တုံးေမာင္းေခါက္ေနျခင္း ျဖစ္မည္။

တုံးေမာင္း ေခါက္သံ ေလးကေတာ့ တိတ္ဆိတ္ေနသည့္ ဝန္းက်င္မွာ တေတာက္ ေတာက္ျဖင့္ ၿငိမ့္ၿငိမ့္ေညာင္း ေညာင္းေလး စည္းခ်က္မွန္မွန္ ထြက္ေပၚလာေနေလသည္။

ထို တုံးေမာင္း ေခါက္သံေလးသည္ ေတာတိုက္ထဲက ခ်စ္ျခင္း၏ သေကၤတ ေလးတစ္ခု ျဖစ္ေနမည္ မွာ ေသခ်ာေလသည္။ ။

Facebook Comments

Comments are Closed

Powered by M.N.T

18 Shares
Share18
Tweet
Share
Pin