Gyan Pone

Media, Entertainment and News Website

Knowledge

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သိကောင်းစရာများ နှင့် ထူးခြားချက်မျာ

jkhgiujyotihjt

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သိကောင်းစရာများ နှင့် ထူးခြားချက်မျာ

jkhgiujyotihjt

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားကဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

jkhgiujyotihjt

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌“ပဉ္စဝဂ္ဂိယ ကထာ”-အမည်ဖြင့် လာရှိပါသည်။ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္ကပဝတ္တန ဝါရ”အမည်ဖြင့် လာရှိပါသည်။မဟာဝဂ္ဂသံယုတ် ပါဠိတော်၌“ဓမ္မစက္ကပဝတ္တန သုတ္တ” အမည်ဖြင့် လာရှိပါသည်။ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟုအဓိပ္ပါယ် ရပါသည်။[ဓမ္မစက္က=တရားတော် + ပဝတ္တ=ဖြစ်စေ၊ လည်စေခြင်း။)

jkhgiujyotihjt

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကိုညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

jkhgiujyotihjt

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာ တရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။အမြို့မြို့အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး၊ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

jkhgiujyotihjt

☸ ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ ☸

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-

(၁)။ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၂)။ဂေါတမဘုရားလောင်း တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၃)။ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၄)။ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၅)။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၆)။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၇)။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၈)။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်း ခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

(၉)။ “ဧဟိ ဘိက္ခု”-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

jkhgiujyotihjt

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့်“ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့”ကို ဆင်နွှဲပြုလုပ်ကြပါသည်။ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး

Facebook Comments

Comments are Closed

Powered by M.N.T

453 Shares
Share453
Tweet
Share
Pin