Gyan Pone

Media, Entertainment and News Website

Knowledge

လူစည်ကားတဲ့ နေရာတွေ ကလေးငယ်များနှင့် သွားရင် သတိပြုကြပါ

jkhhgiugoifghigfu

လူစည်ကားတဲ့ နေရာတွေ ကလေးငယ်များနှင့် သွားရင် သတိပြုကြပါ

jkhhgiugoifghigfu

ဖြစ်သွားပုံက တော်တော်လေးကြောက်စရာကောင်းပါတယ် အများသတိထားရအောင် မျှဝေပေးပါ လူစည်ကားတဲ့ နေရာတွေ ကလေးငယ်များနှင့် သွားရင် သတိပြုကြပါ မနေ့ညက၊ အင်းစိန်၊ အာလိမ်ငါးဆင့်ဘုရားက ကရင်နှစ်သစ်ကူး ပွဲဈေးတန်းကို မိသားစုနဲ့ လျှောက်ဖြစ်တယ်။သားအငယ်လေး (၂ နှစ်၊ ၅ လ အရွယ်)ကို ချီပြီးတော့၊ ဘုရားဝင်းထဲကို ဝင်မိတော့၊ လူတွေက တစ်အားကျပ်နေတယ်။

jkhhgiugoifghigfu

နည်းနည်းလောက် တိုးမိပြီးတော့၊ ခပ်လှမ်းလှမ်းက နောက်မှာကျန်ခဲ့တဲ့ ဇနီးဖြစ်သူက “မတိုးချင်တော့ဘူး။ ပြန်ထွက်ကြရအောင်” ဆိုလို့ နောက်ကြောင်းပြန်လှည့်လိုက်တယ်။အဲဒီအချိန်မှာပဲ ဘေးနားက လူလတ်ပိုင်းအရွယ် ယောင်္ကျားတစ်ယောက်က “ဟာ။ ပိုက်ဆံနှိုက်သွားပြီ။ လိုက်။ လိုက်။ ကလေးကျွန်တော့ကိုပေး။” ဆိုပြီး ကျွန်တော်ချီထားတဲ့ သားအငယ်ကို ရုတ်တရက် လှမ်းယူလာပါတယ်။

jkhhgiugoifghigfu

ကျွန်တော်က ဘောင်းဘီအိတ်တွေထဲကို ပြန်စမ်းကြည့်လိုက်တယ်။ ညာဖက်အိပ်ထဲမှာ ဟန်းဖုန်း၊ ဘယ်ဘက်အိပ်ထဲမှာ ပိုက်ဆံအိတ်၊ ပြီးတော့ ကားသော့။ ကိုယ့်ပစ္စည်း (၃)မျိုးစလုံး ရှိနေတယ်။ အဲဒီအချိန်မှာ ကလေးက သူနဲ့ ကိုယ်နဲ့ (၂)ယောက်စလုံးရဲ့ လက်ထဲမှာ ကိုင်လျှက်သားဖြစ်နေပြီ။ ကျွန်တော် ကလေးကို ချီထားတဲ့ လက်ကို မလွတ်သေးဘဲ သူ့ကို ပြန်မေးလိုက်တယ်။“ဘယ်သူ့ပိုက်ဆံ နှိုက်သွားတာလဲ” လို့။ သူကပြောတယ်။ “အကို့ပိုက်ဆံနှိုက်သွားတာ။ ဟိုအကောင်။ မြန်မြန်လိုက်။ မြန်မြန်လိုက်။” လို့ပြောရင်း၊ ကိုယ့်ဆီက ကလေးကို လှမ်းယူတယ်။

jkhhgiugoifghigfu

ကျွန်တော်၊ သေချာအောင် ကိုယ့်ရဲ့ ဘောင်းဘီအိတ်တွေကို နောက်တစ်ခါ ပြန်စမ်းကြည့်ရင်း၊ “မဟုတ်ဘူးဗျ။ ဘာမှ မနှိုက်သွားပါဘူး။” လို့ ပြောလိုက်ပြီး၊ ကိုယ့်ကလေးကို ပြန်ဆွဲယူလိုက်တယ်။“အဲဒါဆိုလည်း ပြီးရော။ စေတနာနဲ့ ပြောတာနော်” တဲ့။ ကျွန်တော်လည်း “ဟုတ်ကဲ့။ ကျေးဇူးပဲ။” လို့ပြောရင်း ကလေးချီလျှက် လှည့်ထွက်လာခဲ့တယ်။ဇနီးသည်ကို ပြန်ပြောပြတော့၊ အရမ်းစိုးရိမ်သွားတယ်။

jkhhgiugoifghigfu

တကယ်လို့များ၊ ရုတ်တရက် သူပြောတာ နားယောင်ပြီး၊ ကလေးကို သူ့ဆီထိုးပေးလိုက်မိပြီး၊ သူပြတဲ့လူနောက်၊ ကိုယ်က လိုက်သွားမိရင်၊ သူ့လက်ထဲပါသွားတဲ့ ကိုယ့်ကလေးရဲ့ ကံကြမ္မာ ဘယ်လိုများဖြစ်သွားမလဲ။ မတွေးဝံစရာပါပဲ။ဒါဟာ။ အရင်က မကြားဖူးသေးတဲ့ အကြောင်ရိုက်ပြီး အလစ်သုတ်တဲ့ နည်းလမ်းအသစ်ထင်တယ်။ အထူးသဖြင့် လူတွေတိုးနေတဲ့ နေရာမျိုးတွေမှာ လုပ်ကြံဖို့ ပိုကောင်းတာပေါ့။

jkhhgiugoifghigfu

ကိုယ်က ရုတ်တရက် သတိလေးတစ်ချက် ထားလိုက်မိလို့သာ၊ ကိုယ့်ကလေးပါမသွားတာ။ကလေးမှမဟုတ်ပါဘူး။ တခြားပစ္စည်းတွေပါလာရင်လည်း၊ အငိုက်မိပြီး သူတို့လက်ထဲမှာ ပေးထားခဲ့မိနိုင်ပါတယ်။သူငယ်ချင်းတို့ အားလုံးလည်း၊ အထူးသဖြင့်၊ ကလေးငယ်နဲ့ ခရီးသွားတဲ့ မိဘတွေ။ သတိရှိကြဖို့ မျှဝေလိုက်ပါတယ်။ နီးစပ်ရာ သူငယ်ချင်းများကိုလည်း၊ ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးကြပါ။

Facebook Comments

Comments are Closed

Powered by M.N.T

199 Shares
Share199
Tweet
Share
Pin