တောင်ငူ-ရန်ကုန် Express ယာဉ်ပေါ်မှာ ကိုယ်ဝန် ၇ လနဲ့ ခလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး

တောင်ငူ-ရန်ကုန် Express ယာဉ်ပေါ်မှာ ကိုယ်ဝန် ၇ လနဲ့ ခလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး

တောင်ငူ-ရန်ကုန်ရွှေမန်းသူ Express ယာဉ်ပေါ်ပါခရီးသည်အမျိုးသမီးတစ်ဦးမှာကိုယ်ဝန် (၇)လဖြင့် ခလေးမွေးဖွားမှု ယနေ့ညကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

ယနေ့ည ၈နာရီ၄၅မိနစ်အချိန်က မိုင်တိုင် (၅/ဝ) အနီး တောင်ငူ-ရန်ကုန်ပြေးဆွဲသည့် ရွှေမန်းသူ Express ယာဉ်အမှတ် 2D/—ခုံနံပါတ်(၁၁)တွင် လိုက်ပါလာသည့် မနွေးနွေးဇင်၊၂၃နှစ်၊ မြို့ဦးရပ်ကွက်၊ ပျဉ်းမနားမြို့နေသူမှာ (၇)လအရွယ်ကိုယ်ဝန် မွေးဖွားရန် ဗိုက်နာလာသဖြင့် ကူညီပေးရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အမှတ်(၃) စခန်း တပ်ဖွဲ့ ဝင်များသို့ ဆက်သွယ်ကူညီ တောင်းခံလာသဖြင့် တပ်ဖွဲ့ဝင်များက ယာဉ်ပေါ်ပါခရီးသည်ဆရာဝန်၏ အကူအညီရယူ၍ အခြေအနေ အရ ယာဉ်ပေါ်တွင် သမီး မိန်းခလေး ကို မီးဖွားပေးခဲ့ကြောင်းသိရသည်။

လူနာအား လိုအပ်သော ဆေးကုသခံယူရန်အတွက် လှည်းကူးဆေးရုံသို့ ပို့ဆောင်ကူညီ ဆောင်ရွက်ခဲ့ကြောင်းနှင့်ယာဉ်ပေါ်တွင် မွေးဖွားနိုင်ရေး အမြန်လမ်းတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ကူညီပေးပါသော ဒေါက်တာ ဒေါ်ပီနန်း အား ကျေးဇူးအထူးတင်ရှိပါကြောင်းလည်းယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

128 Shares