195 Shares

IS အကြမ်းဖက်အဖွဲ့ဝင်(၇)ဦးကို ရုရှားနိုင်ငံ မော်စကိုမြို့ပြင်တစ်နေရာရှိ အိမ်တစ်အိမ်တွင် စီးနင်းဖမ်းဆီးခဲ့သည်။ အဆိုပါ အကြမ်းဖက်အဖွဲ့ဝင်များသည် IS တို့၏ ပြည်ပသူလျှိုများဖြစ်ကြပြီး ဒေသခံအကြမ်းဖက်သမားများမွေးထုတ်လူစုရန်အတွက် ဆောင်ရွက်ရသူများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးများကဆိုသည်။

ယခုကဲ့သို့ စီးနင်းဖမ်းဆီးမှုကို ရုရှားတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးအဖွဲ့သားများပါဝင်သော အဖွဲ့ကဆောင်ရွက်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ စုံစမ်းထာက်လှမ်းရေးကော်မတီက တနင်္လာနေ့ကပြောသည်။ ထို့အပြင် အကြမ်းဖက်သမားများခိုအောင်းနေထိုင်ကြသည့် အိမ်အား ၀င်ရောက်စီးနင်းပြီး ယင်းတို့ကိုဖမ်းဆီးသည့် ဗီဒီယိုဖိုင်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ အဖွဲ့သည် ၂၀၁၆ ခုနှစ်ကတည်းက လှုပ်ရှားနေကြသူများဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့အတွက် စည်းရုံးခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် ရုရှားတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရန် လှုံ့ဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း ရုရှားထောက်လှမ်းရေးကဆိုသည်။ ထို့အပြင် အချို့သော လက်နက်ကိုင်လုယက်များကိုလည်း ကျူးလွန်ခဲ့သည်ဟုလည်း သံသယရှိသည်။ အဆိုပါ အကြမ်းဖက် cell သည် ပြည်ပမှ အဆင့်မြင့် အကြမ်းဖက်အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးများကပြောသည်။

ယခုဖမ်းဆီးရမိသူများတွင် ရုရှားနိုင်ငံသားများ၊ အာရှအလယ်ပိုင်းနှင့် ကော့ကေးဆပ်တောင်ပိုင်းမှလူများပါဝင်ကြောင်း ရုရှားနိုင်ငံလုံခြုံရေးတပ်ဖွဲ့မှ အတည်ပြုသည်။

Facebook Comments
195 Shares