Gyan Pone

Media, Entertainment and News Website

International News, News

စွန့်ပစ်သွားတဲ့ သမီးဖြစ်သူကို လမ်းဘေးမှာ (၁၀) နှစ်ကြာ ထိုင်စောင့်နေတဲ့ အမျိုးသား

မကြာသေးခင်က ပိုရာမက်အမည်ရ ထိုင်း အမျိုးသား တစ်ဦးဟာ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ အိမ်ရာမဲ့ အဖိုးကြီး တစ်ဦးရဲ့ အဖြစ်ကို အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ သိရတာက ၎င်းအဖိုးကြီးဟာ လမ်းဘေးမှာနေထိုင်ရင်း သူ့ကို စွန့်ပစ်သွားတဲ့ သမီးဖြစ်သူကို စောင့်နေခဲ့တာ(၁၀) နှစ်တာရှိနေပြီလို့ ဆိုပါတယ်။ ပိုရာမက်ဟာ ထမင်းစားနေရင်း ဘန်ကောက်မြို့ လမ်းဘေးတစ်ခုမှာ လမ်းအရံအတားတုံးတစ်ခုပေါ် ထိုင်နေတဲ့ အဖိုးအိုကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

အဖိုးအိုအကြောင်းနဲ့ ပတ်သက်လို့ နီးစပ်ရာ ဈေးဆိုင်က အမျိုးသမီးကြီးတစ်ယောက်ကို မေးကြည့်တဲ့အခါမှာတော့ အဖိုးကြီးဟာ နေ့လည်ခင်းတိုင်း ၎င်းနေရာကိုလာပြီး သစ္စာရှိရှိနဲ့ သမီးကိုစောင့်နေတာ နှစ်အကြာကြီး ရှိပြီလို့ သိရပါတယ်။ အမျိုးသမီးကြီးက “ကျွန်မမှတ်မိသေးတယ်။

လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကပေါ့။ ကောင်မလေးတစ်ယောက်က ကားမောင်းလာပြီး အဲ့ဒီနားရောက်တော့ ကားရပ်လိုက်တယ်။ ပြီးတော့ အဖိုးကြီးကို ကားထဲက ထုတ်ပြီး တစ်ခုခုပြောတယ်ထင်တာပဲ။ ကောင်မလေးဘာပြောလဲ ဆိုတာတော့ မကြားရဘူး။”

“ပြီးတော့ ကောင်မလေးက ကားမောင်းထွက်သွားပြီး အဖိုးကြီးကို ထားခဲ့တာပဲ။ ကျွန်မလည်း ရုတ်တရက်ဆိုတော့ လာစွန့်သွားတယ်လို့ မစဉ်းစားမိဘူး။ ကျွန်မက အဖိုးကြီးဆီ သွားပြီး မေးတော့ သူ့သမီးက အလုပ်ခဏသွားမယ်။ ပြီးရင် ပြန်လာခေါ်မယ်လို့ ပြောလို့ စောင့်နေတာတဲ့။

အဲဒီလို စောင့်နေလိုက်တာ အခုအချိန်ထိပဲ။ သူ့ကို ဘယ်ကလာလဲ မေးတာလဲ တစ်ခွန်းမှ မပြောပြဘူး။” လို့ ဆိုပါတယ်။ အဖိုးကြီးကို ၎င်းဆိုင်ကနေပဲ အစားအသောက်တွေ ပေးကမ်းကျွေးမွေးလေ့ရှိကြောင်းလည်း သိရပါတယ်။

ဈေးဆိုင်က အမျိုးသမီးကြီး ပြောစကားကို ကြားပြီးတဲ့နောက်မှာ ပိုရာမက်ဟာ အဖိုးအိုကို ကူညီပေးချင်တာကြောင့် သူကိုယ်တိုင် အဖိုးအိုဆီ သွားပြီး နာမည်နဲ့ နေရပ်လိပ်စာကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အဖိုးအိုဟာ တစ်စုံတစ်ရာ ဘာမှ ပြန်ပြောပဲ “ကျွန်တော့်သမီး လာတော့မှာ။

သူလာတော့မှာ မကြာတော့ဘူး…” လို့သာ တွင်တွင်ပြောနေပါတယ်။ အဖိုးအိုဟာ ၎င်းရဲ့ သမီးစွန့်ပစ်ခံရစဉ်တုန်းက စကားကောင်းကောင်းမွန်မွန်ပြောနိုင်ပါသေးတယ်။ ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ တစစနဲ့ စိတ်ချို့ယွင်းလာပြီး မပီမသသာ စကားပြောနိုင်ပါတော့တယ်။

ဒါကြောင့် ပိုရာမက်ဟာ အဖိုးအိုရဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ကို သမီးဖြစ်သူ သိစေလို သိစေငြား ဆိုရှယ်မီဒီယာပေါ်ကနေ တဆင့်ပြန်လည် မျှဝေခဲ့တာ ဖြစ်ပါတယ်။ အချို့ သူတွေကလည်း အဖိုးအိုရဲ့ သမီးဟာ မမျှော်လင့်တဲ့ ကံဆိုးမိုးမှောင်ကျမှုတစ်ခုနဲ့ ကြုံပြီး အဖိုးအိုကို ပြန်လာမခေါ်နိုင်ခဲ့တာလို့ ထင်ကြေးပေးနေကြပါတယ်။ အဖိုးအိုရဲ့ အဖြစ်ကို ကြားရတဲ့သူတိုင်းကတော့ အသနားကြီးသနားနေကြပြီး ယနေ့ထိ အဖိုးအိုဟာ သမီးဖြစ်သူကို မတွေ့သေးကြောင်း သိရပါတယ်။

Facebook Comments

Leave a Reply

Powered by M.N.T

0 Shares
Share
Tweet
Share
Pin