Gyan Pone

Media, Entertainment and News Website

crime-news, News

မွေးကင်းစကလေးစွန့်ပစ်မှုနဲ့  အရေးယူခံလိုက်ရတဲ့ စိုးစန္ဒာထွန်း

မွေးကင်းစကလေးစွန့်ပစ်မှုနဲ့  စိုးစန္ဒာထွန်းကို အရေးယူလိုက်ပြီ

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ချက်ကြိုးတန်းလန်းဖြင့် သေဆုံးနေသော မွေးကင်းစကလေး
ငယ်တစ်ဦးစွန့် ပစ်ထားသည်ကိုတွေ့ရှိရသဖြင် တာဝန်ရှိသူများမှစုံစမ်းဖေါ်ထုတ်ကာဥပဒေနှင့်အညီအရေးယူထားခဲ့သည်။

ဖြစ်ပွါးပုံမှာ ဇွန်လ(၁၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ခန့် တွင်မိုးညှင်းမြို့မရဲစခန်း၌ဒုရဲအုပ်ကျော်မင်းနိုင်သည်တာဝန်မှူး အဖြစ်ဆောင်ရွက်နေစဉ်မိုးညှင်းမြို့နယ်ပြည့်သူ့ ဆေးရုံကြီး သားဖွားမီးယပ်အဆောင်နှင့်

ဓါတ်မှန်အဆောင်ကြားတွင်မွေးကင်းစ ယောင်္ကျားလေးအလောင်းစွန့် ပစ်ထားကြောင်းသတင်းရရှိခဲ့သဖြင့် ဒုရဲအုပ်ကျော်မင်းနိုင်နှင့်အဖွဲသည်သက်သေမြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်စိုးနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာတွင်ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေး အလောင်းအားမှောက်လျက် ဦးခေါင်းစောင်းအနေအထားဖြင့်တွေ့ ရှိရပြီးဆက်လက်စုံစမ်းချက်အရ မော်ဟန်ကျေးရွာနေမစိုးစန္ဒာထွန်း သည် ဗိုက်အောင့်သဖြင့်

၎င်း၏မိခင်လိုက်ပါလျက် မိုးညှင်းဆေးရုံသို့ လာရောက်ပြသစဉ် ဗိုက်ထဲမှအောင့်လာ၍ သားဖွားဆောင်အောက်ထပ် အိမ်သာသို့ဝင်ရောက်ခဲ့ရာမှ ကိုယ်ဝန်ပျက်ကျခဲ့၍

၎င်းကလေးငယ်အားအိမ်သာမှန်ကပ်ရှင်ပေါက်မှ စွန့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်ဒုရဲအုပ်ကျော်မင်းနိုင်မှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။

ထို့ ကြောင့် မွေးကင်းစကလေးအသေအား တာဝန်ရှိသူတို့ထံ သတင်းပေးအကြောင်းကြားခြင်းမရှိဘဲ စွန့်ပစ်သူ မစိုးစန္ဒာထွန်း (၁၇)နှစ်(ဘ)ဦးတင်စိုး နတ်ကြီးကုန်းရပ်ကွက် မော်ဟန်ကျေးရွာနေသူအား မိုးညှင်းမြို့မရဲစခန်းမှ(ပ)

—-/၂၀၁၉ ပုဒ်မ—– ဖြင့်အမှုရေးဖွင့် ခဲ့ပြီး မစိုးစန္ဒာထွန်းမှာ မိုးညှင်းမြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။

Facebook Comments

620 Shares

Comments are Closed

Powered by M.N.T