1K Shares

အေနာက္ေတာင္မုတ္သုံေလဟာ ျမန္မာႏိုင္ငံ တ၀န္းလုံးကို ဝင္ေရာက္ခဲ့ၿပီးျဖစ္တယ္လို႔ မိုးေလ၀သဌာနက ေၾကညာထားၿပီး ရန္ကုန္တိုင္းအပါအ၀င္ ျပည္နယ္တိုင္း ၆ခုမွာ မိုးႀကီးမယ္လို႔ ခန္႔မွန္းထုတ္ျပန္ထားပါတယ္။

ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီး ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

မုတ္သုန္ေလ တႏိုင္ငံလံုး၀င္ေရာက္အၿပီးမွာ မြန္ျပည္နယ္မွာ ေဒသအလိုက္ မိုးႀကီးခဲ့ၿပီး မွတ္သားဖြယ္ရာ မိုးေရခ်ိန္ေတြက ဘီးလင္းၿမိဳ႕မွာ (၃.၅၄)လက္မ၊ ေမာ္လၿမိဳင္ၿမိဳ႕မွာ (၃.၃၉) လက္မ၊ ေရးၿမိဳ႕မွာ (၂.၉၅) လက္မ၊ ထ၊ သထုံၿမိဳ႕မွာ (၂.၆၈)လက္မ၊ ေပါင္ၿမိဳ႕မွာ (၂.၆၀) လက္မ အသီးသီး ရြာသြန္းခဲ့ပါတယ္။

ဒါ့အျပင္ တနသၤာရီတိုင္းနဲ႔ ကရင္ျပည္နယ္တို႔မွာလည္း မိုးမ်ားခဲ့ၿပီး ထားဝယ္ၿမိဳ႕မွာ (၂.၈၇) လက္မ၊ ဘားအံၿမိဳ႕မွာ (၂.၅၅)လက္မ၊ ကမေမာင္းၿမိဳ႕မွာ (၂.၃၅)လက္မ၊ ၿမိတ္ၿမိဳ႕မွာ (၂.၂၄) လက္မ အသီးသီးရြာသြန္းခဲ့ပါတယ္။

မိုးေလ၀သပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ကလည္း မိုးလယ္ကာလမွာ ေရႀကီးမႈေတြကို ဂရုစိုက္ဖို႔ ႏႈိးေဆာ္အသိေပးထားပါတယ္။ မိုးလယ္ကာလျဖစ္တဲ့ ဇူလိုင္လနဲ႔ ၾသဂုတ္လ၊ မိုးေႏွာင္းကာလျဖစ္တဲ့ စက္တင္ဘာလ တို႔မွာ

မုတ္သံုမိုးနဲ႔အတူ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသေတြမွာ မိုးေကာင္းႏိုင္တဲ့အတြက္ ဧရာ၀တီျမစ္နဲ႔ ခ်င္းတြင္းျမစ္သာမက တျခားျမစ္ေတြပါ ေရႀကီးမႈအႏၱရာယ္ ႀကံဳေတြ႔ရႏိုင္ပါတယ္လို႔ ေဒါက္တာ ဦးထြန္းလြင္က သတိေပးထားပါတယ္။

အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ တဝန်းလုံးကို ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ မိုးလေဝသဌာနက ကြေညာထားပြီး ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်တိုင်း ၆ခုမှာ မိုးကြီးမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုတ်သုန်လေ တနိုင်ငံလုံးဝင်ရောက်အပြီးမှာ မွန်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်တွေက ဘီးလင်းမြို့မှာ (၃.၅၄)လက်မ၊ မော်လမြိုင်မြို့မှာ (၃.၃၉) လက်မ၊ ရေးမြို့မှာ (၂.၉၅) လက်မ၊ ထ၊ သထုံမြို့မှာ (၂.၆၈)လက်မ၊ ပေါင်မြို့မှာ (၂.၆၀) လက်မ အသီးသီး ရွာသွန်းခဲ့ပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာလည်း မိုးများခဲ့ပြီး ထားဝယ်မြို့မှာ (၂.၈၇) လက်မ၊ ဘားအံမြို့မှာ (၂.၅၅)လက်မ၊ ကမမောင်းမြို့မှာ (၂.၃၅)လက်မ၊ မြိတ်မြို့မှာ (၂.၂၄) လက်မ အသီးသီးရွာသွန်းခဲ့ပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း မိုးလယ်ကာလမှာ ရေကြီးမှုတွေကို ဂရုစိုက်ဖို့ နှိုးဆော်အသိပေးထားပါတယ်။ မိုးလယ်ကာလဖြစ်တဲ့ ဇူလိုင်လနဲ့ သြဂုတ်လ၊ မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလ တို့မှာ

မုတ်သုံမိုးနဲ့အတူ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ မိုးကောင်းနိုင်တဲ့အတွက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်သာမက တခြားမြစ်တွေပါ ရေကြီးမှုအန္တရာယ် ကြုံတွေ့ရနိုင်ပါတယ်လို့ ဒေါက်တာ ဦးထွန်းလွင်က သတိပေးထားပါတယ်။

Facebook Comments
1K Shares