Gyan Pone

Media, Entertainment and News Website

Local News, News

ရွှေပေါက်ကံကိုင်းတောထဲက ကလေးကိစ္စကို ပန်ဆယ်လိုဒဲ့ပြောပြီ

သက်ငယ်မုဒိမ်းမှုတစ်ခု ထပ်ဖြစ်တယ် ကြားတယ်။ ကလေးက ငယ်ငယ်လေး…မိဘက တစ်ဖက်ခန်းမှာအိပ်တယ်။ မောင်နှမ နှစ်ယောက်က ဘေးခန်းမှာ အိပ်တယ်။ ညဘက်ကြီး ပျောက်သွားတယ်တဲ့။ ကလေးကို လာခိုးသွားတဲ့ သဘောမျိုး။ နောက်တော့ ရွှေပေါက်ကံ ကားဘော်ဒီရုံနားက ကိုင်းတောထဲမှာ ကလေးကို ပြန်တွေ့တယ်။

ကလေးကို ကျူးလွန်သွားကြတယ်တဲ့။ ကျူးလွန်တယ်လို့ သံသယရှိသူက ကလေးကို လာချီနေကျ သာသနာ့ဝန်ထမ်းတဲ့။ ဖမ်းဆီးထားပြီလို့ ပြောတယ်။ နေပြည်တော်မူကြိုက Victoria လေးအမှု ဘာမှန်းမသိရသေးခင် နောက်ထပ်တစ်မှု ပေါ်လာ ပြန်ပြီ။ ကိုယ်လည်း သမီးမွေးထားတာဆိုတော့ တွေးကြောက်ရတာ ရူးချင်တော့တာပဲ။

မှတ်မိကြဦးမလား မသိဘူး။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကိုယ်ရေးဖူးတဲ့ သက်ငယ်မုဒိမ်းတစ်ခု။ ပဲခူးတိုင်း အင်းတကော်ထဲက ရွာတစ်ရွာက။ ကလေးမလေးကို ကိုယ်တိုင် အမျိုးသမီးအရေးလှုပ်ရှားသူအဖွဲ့အစည်းနဲ့ ချိတ်ပေးပြီး ဆေးစစ်တာ၊ HIV ဆေးတိုက်တာတွေ လိုက်လုပ်ပေးဖြစ်ခဲ့တယ်။

အဲ့ကလေးတုန်းက ကိစ္စက အရှင်းကြီး။ ကလေးမလေးက သေသေချာချာ ပြန်ပြောပြတတ်နေပြီ။ ပြုကျင့်တဲ့ကောင်နဲ့ ကလေးမ နှစ်ယောက်ကို ကလေးအမေက ကြွေးတောင်းဖို့ အတူလွှတ်လိုက်တာ။ ပြန်အလာမှာ အဲ့ကောင်က ကလေးမ တစ်ယောက်ကို အရင်ပြန်ခိုင်းပြီး အဓမ္မကျင့်တာ။

ဘယ်သူဆိုတာ ထင်ထင်ရှားရှားကြီး။ ရဲကိုတိုင်တယ်။ ချက်ချင်းမဖမ်းဘဲ Rape Case ဟုတ်မဟုတ် ဆေးစစ်ချက်စောင့်ရမယ်ဆိုပြီး စောင့်တယ်။ ကိုယ်တွေ ဝင်ပါလာပြီဆိုတဲ့ သတင်းလည်း ထွက်ရော ထွက်ပြေးသွားတာ အခုထိပဲ။ အခုဆို တစ်နှစ်ကျော် ကြာခဲ့ပြီ။

ပြီးခဲ့တဲ့တစ်ပတ်က ကိုယ့်သူငယ်ချင်းတွေ အဲ့ရွာရောက်တော့ မုဒိမ်းကောင်က ရှမ်းပြည်ဘက်မှာ။ ရွာက မိသားစုကို ပိုက်ဆံ ပြန်ပို့နေတယ်လို့ သတင်းရတယ်။ ရဲစခန်းမှာ ပြန်သွားမေးတော့ သတင်းမရဘူးတဲ့။ ဘယ်နေရာမှာ ပုန်းနေတယ် သေချာ သတင်းပေးရင် ဖမ်းပေးမယ်တဲ့။ နားမလည်လို့ပါ။ တရားခံဖမ်းရမှာ ဘယ်သူ့အလုပ်လဲဟင်။

ဆေးစစ်ချက်မှာ Rape Case မဟုတ်ဘူးတဲ့။ ဘယ်လိုတွေတောင်လားပဲ။ ကိုယ်နဲ့ ဒီကလေးမလေး ခြောက်နာရီလောက် အတူရှိခဲ့တာ။ ဒီကလေးမလေးကို အမျိုးသမီးအဖွဲ့အစည်းက အမတွေနဲ့ အတူတူ မေးခဲ့တာ။ ကလေးမလေး ပြောပြတာ တွေအကုန်လုံးက ပြစ်မှုမြောက်တာတွေချည်းပဲ။ မရိုမသေ့စကားတွေမို့ ထည့်ရေးမပြတော့ဘူး။

နောက်ဆုံး သူတို့ပြောသလို Rape Case အဆင့်မဟုတ်ဘူးထားဦး။ ကလေးက အသက်မပြည့်ဘူး။ Child Abuse သည် ပြစ်မှုပဲ။ ဖမ်းရမှာပဲ။ တရားခံကို နေရာအတိအကျအထိ သတင်းပေးနိုင်မှတော့ ကိုယ့်ဖာသာပဲ ဓါးနဲ့ခုတ်ခဲ့တော့မပေါ့။ ဖမ်းခိုင်း နေစရာလား။ အခု ဒီလိုCase တွေ ဆက်တိုက်ပဲ။ ဘယ်လို ထိန်းချုပ်ကြမလဲ။ ကလေးတွေ အခုလို သားကောင် ဖြစ်လာတာ ဒီအတိုင်း ထိုင်ကြည့်နေကြရတော့မလား။ ငါ့ကလေးမှမဟုတ်တာဆိုပြီး မဆိုင်သလို နေကြမလား။

ကလေးဆိုတာ သားကောင်မဟုတ်ပါ။ ကလေးတွေကို ကျူးလွန်နေသူတွေကို လက်ရဖော်ထုတ်ပြီး ကြောက်ရွံ့ဖွယ် ပြစ်ဒဏ် မချမှတ်နိုင်ဘဲ နှောင့်နှေးနေမယ်ဆိုရင်တော့ ကိုယ်တိုင်တရားစီရင်တဲ့ ဥပဒေမဲ့ စီရင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ နေပြည်တော် မူကြိုကိစ္စက တရားခံ မသိရသေးဘူး။ ပဲခူးတိုင်းက ကိစ္စက တရားခံမမိသေးဘူး။ ရွှေပေါက်ကံ ကားဘော်ဒီရုံ နားက ကိစ္စကလည်း စောင့်ကြည့်ရဦးမယ်။

ကလေးတွေကို ကျူးလွန်တဲ့ မုဒိမ်းကောင်တွေကို သိလျက်နဲ့ ဖုံးဖိထားတာတွေ၊ သိလျက်နဲ့ မဖမ်းဆီးတာတွေ၊ ဒါတွေကို နှောင့်နှေးနေမယ်ဆိုရင်တော့ ဒီကလေးရဲ့ အနာဂတ်ကို ဆက်လက်ပြစ်မှုကျူးလွန်နေသူတွေထဲ ခင်ဗျားတို့ ပါဝင်နေပြီ ဆိုတာပါပဲ။ တူသောအကျိုး ပေးကြပါစေ။
အိပန်ဆယ်လို

Facebook Comments

Comments are Closed

Powered by M.N.T

4K Shares
Share4K
Tweet
Share
Pin