Gyan Pone

Media, Entertainment and News Website

Local News, News

WISDOMHILLကျောင်းမှာတိုက်ကွမ်ဒိုနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မင်းထွန်းရေးတဲ့စာ…

WISDOMHILLကျောင်းမှာတိုက်ကွမ်ဒိုနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်မင်းထွန်းရေးတဲ့စာ…

ကျွန်တော်ပြောချင်ပါတယ် ဆရာဦးပညာ မပြောသင့်ဘူးလို့ထင်ပြီးနေခဲ့တာ အခုတော့ ဆရာနဲ့ အတူ တခြား ဆရာ/ဆရာမတွေ ကျောင်းသိက္ခာတွေ လုံးပါးပါးတော့မယ်

WISDOM HILLဆိုတာ ဒီကိစ္စမတိုင်ခင်က အရမ်းအောင်မြင်ခဲ့တဲ့ကျောင်းပါ ။

WISDOM HILLမှာ တိုက်ကွမ်ဒိုနည်းပြအဖြစ် ဧပြီလကုန်ထိ သင်ကြားပေးခဲ့ပါတယ်။

ဆရာကိုယ်တိုင် ကျွန်တော့ ကိုနည်းပြအဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့လို့ ကျောင်း သိက္ခာနဲ့ ဆရာတို့ရဲ့ သိက္ခ္ဒာအတွက် ကျွန်တော်ဝင်ပြောမှဖြစ်မယ်ထင်တယ်။

နေ့လည်က ဆရာ့ အင်တာဗျူး ကြည့်လိုက်ရတယ် ။

ကားသမားအောင်ကြီးမဖြစ်နိုင်ဘူးဆို တာ ကျွန်တော် သိလိုက်တယ်။ တကယ့်တရားခံအစစ်ကို ဆရာဖြေဖို့ခက်ခဲနေတယ်ဆိုတာ ရိပ်မိလိုက်တယ်။ တရားခံအစစ်မိသားစုနဲ့ ဆရာတို့ အချိန်ကုန်ငွေကုန်

လူပင်ပန်းခံတည်ဆောက်ထားတဲ့ ကျောင်းနဲ့ မိသားစုများစွာအတွက် အလုပ်လုပ်နေတဲ့ ဆရာ/ဆရာမတွေ သိက္ခာ ကျောင်းကို

ယုံကြည်စွာအပ်နှံထားတဲ့ ကလေးမိဘတွေရဲ့ သိက္ခာ ကိုငဲ့ညှာသောအားဖြင့် တရားခံအစစ်ကိုဖော်ထုတ်ပေးပါ ကျေးဇူးပြု၍။

တကယ်ဆို မူကြိုကျောင်းအုပ်ကိုအစစအရာရာ တာဝန်အပြည့်ယူခိုင်းပါ ဆရာဦးပညာတို့ဘက်က အမှန်တရားအတွက် ဖြေဖို့မခက်ခဲပါနဲ့လို့ အကြံပေးပါရစေ ။

ခံလိုက်ရတဲ့ ကလေးမိဘနေရာမှာ ဝင်Pခနလောက် ခံစားပေးပါ။ စွပ်စွဲခံရသူရဲ့ မိသားစုနေရာမှာ ဝင်Pစာနာပေးပါ။












Facebook Comments
180 Shares

Comments are Closed

Powered by M.N.T