Gyan Pone

Media, Entertainment and News Website

Local News, News

မိုးရေစိုပြီး အအေးမပတ်ရအောင် စီစဉ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အမေရယ်…

4 6

4 6

မိုးရေစိုပြီး အအေးမပတ်ရအောင် စီစဉ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အမေရယ်…

ညဉ့်နက်နက် မိုးရေစက်တွေကြားမှာ
အမေ့ဝမ်းက ထွက်ထွက်ခြင်း စွန့်ပစ်ရက်ခဲ့ကြပေမဲ့

မိုးရေစိုပြီး အအေးမပတ်ရအောင် စီစဉ်ပေးခဲ့တဲ့
အတွက် ကျေးဇူးတင်ပါတယ် အမေရယ်…

သမီးနဲ့အတူ ထည့်ပေးလိုက်တဲ့ ငွေနှစ်သောင်းမှာ

အမေ့ရဲ့ ချွေးစက်တွေ/မျက်ရေစက်တွေ

များစွာပါလာခဲ့မယ်လို့ ယုံကြည်မိတဲ့အတွက်
ကျေးဇူးတင်ပါတယ် အမေရယ်….

အမေတို့ အခတ်အခဲကြောင့်ပဲ ဖြစ်ဖြစ်
အမေတို့ အရှက်တရားကြောင့်ပဲဖြစ်ဖြစ်

အကြောင်းကြောင်းကြောင့် စွန်ပစ်ခံခဲ့ရပေမဲ့
အမေ့ဝမ်းကြာတိုက်ကနေ အသက်ရှင်သန်စွာ

မွေးဖွားပြီး လူဖြစ်ခွင့်ပေးခဲ့တဲ့ အတွက်
ကျေးဇူးတင်ပါတယ် အမေရယ်…

( 3.7.2019 ည ၁၂နာရီခန့် )
မိုးတွေ သဲသဲမဲမဲ ရွာနေချိန် စွန့်ပစ်ခံခဲ့ရသည့်

သမီးငယ်လေးအား Ygw -ဆွာမြို့ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဌာန၌
ပြုစုစောင့်ရှောက်ပေးထားပါသည်….

Ygw ဆွာမြို့ မိဘမဲ့ ပရဟိတ ဘ/က
09780411195 09420300133

Facebook Comments
29 Shares

Comments are Closed

Powered by M.N.T