Gyan Pone

Media, Entertainment and News Website

Local News, News

ခင်ပွန်းဖြစ်သူကိုခေါင်းဖြတ်သတ်ဖြတ်ပြီးထွက်ပြေးရန်လုပ်ဆောင်နေသည့်ဇနီးအချိန်မှီဖမ်းဆီးရမိ

3 6

3 6

ခင်ပွန်းဖြစ်သူကိုခေါင်းဖြတ်သတ်ဖြတ်ပြီးထွက်ပြေးရန်လုပ်ဆောင်နေသည့်ဇနီးအချိန်မှီဖမ်းဆီးရမိခင်ပွန်းဖြစ်သူကိုခေါင်းဖြတ်သတ်ဖြတ်ပြီးထွက်ပြေးရန်လုပ်ဆောင်နေသည့်ဇနီးဖြစ်သူကိုရဲတပ်ဖွဲ့အချိန်မှီဖမ်းဆီးရမိ

ရှမ်း(အရှေ့) ၊ဇူလိုင် ၁၀

မိုင်းတုံမြို့တွင် တောင်ယာစိုက်ခင်းတစ်ခုအတွင်း အမျိုးသားတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှုနှင့်ပတ်သက် ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းရန်နေအိမ်သို့လာရောက်စဉ် ဇနီးဖြစ်သူမှာ ရွှေရတနာပစ္စည်းများ နှင့်အတူ ထွက်ပြေးရန်ကြိုးစားနေသည်ကို ရဲတပ်ဖွဲ့တွေ့ရှိ သဖြင့် အချိန်မှီဖမ်းဆီးရမိခဲ့ကြောင်းသိရသည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၊နောင်ပါရင်ရပ်ကွက်၊အိမ်အမှတ်(၆၅)နေ ဦးအိုင်တူသည် ဇူလိုင် ၉ရက်က နံ နက် ၁၀ အချိန်ခန့်က တောင်ယာစိုက်ခင်းအတွင်းပေါင်းမြက်များရှင်းလင်းရန်သွားရောက်ရာမှ ခေါင်းဖြတ်သတ် ဖြတ်ခြင်းခံထားရကြောင်း ဦးအိုင်တူ၏ ဇနီးဖြစ်သူဒေါ်နော်မွေမှ ပတ်ဝန်းကျင်တွင် နေထိုင်သူများနှင့်ရဲတပ်ဖွဲ့ထံ သို့ အကြောင်းကြားခဲ့ကြောင်းသိရသည်။

ဇနီးဖြစ်သူ ဒေါ်နော်မွေက ခင် ပွန်းဖြစ်သူ ဦးအိုင်တူးမှာ ၎င်းနှင့်စကားများပြီးနောက် တောင်ယာစိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်းရန် နံနက်ပိုင်းကထွက်သွားခဲ့ကြောင်းနှင့် နံနက် ၁၀နာရီခန့်အချိန်တွင် ဒေါ်နော်မွေနှင့် တစ်အိမ်တည်းအတူနေသူ ကျော်ရွှေဘဆိုသူတို့မှာဦးအိုင်တူးအားထမင်းသွားရောက်ပို့စဉ်၌

ဦးအိုင်တူးမှာ ခေါင်းပြတ်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့သို့ဆက်သွယ်ကြောင်းကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များကအလောင်းအား လာရောက်စစ်ဆေးရာတွင် ဦးအိုင်တူးမှာ ဘေးစောင်းအနေအထားဖြင့် ဦးခေါင်းဖြတ်သတ်ဖြတ် ခံထားရသည့်အပြင် ဦးခေါင်းမှာ အခင်းဖြစ်နေရာ၏ တောင်ဘက်

ပေ၂၅၀ ခန့်အကွာရှိ မြက်ရိုက်ပင်များကြား၌ ဦးခေါင်းကို စစ်စောင်ကြားအစိမ်းရောင်ဖြင့်ထုတ်လျှက်တွေ့ရှိခဲ့ရကြောင်း သိရသည်။ထို့ပြင် ဦးထုတ်တစ်လုံး၊သွေးစွန်နေသည့် အကျီ ၤတစ်ထည်နှင့် လူသတ်ရာ၌အသုံးသည့် တစ်ပေခွဲအရှည်ရှိ ဓားမ တစ်ချောင်းကို ရဲတပ်ဖွဲ့သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ထို့နောက်တွင် ရဲတပ်ဖွဲ့က ဦးအိုင်တူးသေဆုံးမှုနှင့်ပတ်သက်၍ ဇနီးဖြစ်သူ ဒေါ်နော်မွေအား စစ်ဆေးမေးမြန်းရန် လုပ်အပ်သည့်အတွက် နေအိမ်လာရောက်ခဲ့ရာတွင်ဒေါ်နော်မွေမှာ နေအိမ်အားသော့ခေတ်ပြီး

တိမ်းရှောင်နေ သဖြင့် ရဲတပ်ဖွဲ့ရှာဖွေရာတွင် ဒေါ်နော်မွေးမှာ အခင်းဖြစ်နေရာနှင့်အနီးရှိ နေအိမ်တစ်လုံးအတွင်းရှိ အိမ်သာထဲ တွင်ရွှေဆွဲကြိုး(၃)ကုံး၊ လက်စွပ်(၂)ကွင်း၊ ကျပ်ငွေ(၁၃)သိန်းကျော်၊ ထိုင်းဘတ်ငွေ (၅၉,၀၀၀)၊ အဝတ်အစား အိတ်တို့နှင့်အတူ တိမ်းရှောင်ထွက်ပြေးရန်ကြိုးစားနေမှုကို

ရဲတပ်ဖွဲ့ကတွေ့ရှိဖမ်းဆီးခဲ့ပြီးနောက် တစ်အိမ် တည်း အတူနေသူဟုဆိုသူ ကျော်ရွှေဘဆိုသူမှာဆိုသူမှာလည်း ထွက်ပြေးတိမ်းရှောင်သည့်အတွက် ရဲတပ်ဖွဲ့ က၎င်းကျော်ရွှေဘဆိုသူကိုဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျှက်ရှိကြောင်းသိရသည်။…..

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin