Gyan Pone

Media, Entertainment and News Website

International News, News

သင်္ချိုင်းမှာနေ၊ သင်္ချိုင်းမှာကြီး၊ သင်္ချိုင်းတွင်းမှာ ကစားနေရတဲ့ ဖိလစ်ပိုင်ကလေးတွေ

သင်္ချိုင်းတို့ သုဿန်တို့ဆိုတာ သာမန်လူတွေအတွက်တော့ ကြောက်စရာနေရာ၊ ရွံစရာနေရာလို့ ထင်မြင်ဖွယ်ရာ ရှိပါတယ်။ ဒါပေမယ့် တစ်ချို့တွေအတွက်တော့ သင်္ချိုင်းတို့သုဿန်တို့ဆိုတာ ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရာနေရာ ဖြစ်နေတာကြောင့်၊ ကြောက်ရမှန်းမသိ၊ ပျော်စရာဇာတိလို့ ဖြစ်နေခဲ့ပါတယ်။

သင်္ချိုင်းမှာပဲ မျိုးရိုးစဉ်ဆက် နေထိုင်တဲ့ လူနေမှုဘဝဆိုတာ နိုင်ငံတိုင်းမှာ ရှိကြပါတယ်။ အထူးသဖြင့်တော့ မိသားစုစားဝတ်နေရေး မပြေလည်ရာက၊ ကျူးကျော်ဘဝနဲ့ လမ်းဘေးမှာနေရတာထက်၊ သင်္ချိုင်းတစပြင်က ပိုပြီး သူတို့အတွက် ဘေးကင်းလုံခြုံတယ်လို့ တွေးမိရာကနေ သင်္ချိုင်းပျော်ဘဝတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြပြီး၊ တစ်ချို့ဆို မျိုးရိုးနှစ်ဆက်(၃)ဆက်ထိ တိုင်ခဲ့ပါတယ်။

အခုလည်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ၊ Manila North Cemetery ဟာ လူဦးရေ ထောင်ချီရဲ့ နေအိမ်ငယ်လေးတွေ တည်ရှိရာနေရာဖြစ်ပါတယ်။ ဒီမှာပဲနေ၊ ဒီမှာပဲကစား၊ ဒီနားမှာပဲ သွားလာကျင်လည်ကြသူမျာြးုဖစ်ပြီး၊ အဲဒီ သင်္ချိုင်းရွာလေးမှာ တရားမဝင်လိုင်းခိုးချိတ်ဆက်ထားတဲ့ လျှပ်စစ်မီး၊ နီးစပ်ရာ ရေပိုက်ကနေ သွယ်တန်းထားတဲ့ ရေနဲ့၊ ကြုံရာကျပန်း လုပ်ရင်းက ရလာတဲ့ ငွေလေးတွေကိုသုံး၊ သူတို့ဘဝသူတို့ ပျော်နေကြပါတယ်။

ကလေးတွေရဲ့ ကစားစရာအရုပ်တွေဟာ လူတွေရဲ့ အရိုးစုတွေဖြစ်သလို၊ အုတ်ဂူတွေကလည်း သူတို့တစ်တွေ အိပ်စက်ရာ၊ စစ်တိုက်တမ်းကစားရာ၊ တူတူပုန်းတမ်းကစားရာ၊ လူကြီးတွေ ဖဲကစားရာ၊ တီဗွီထိုင်ကြည်စရာ၊ ကျောင်းသားတွေရဲ့ စာရေးစားပွဲ၊ စသဖြင့် အမျိုးမျိုး အသုံးဝင်လို့ နေပါတယ်။ Manila North Cemetery ကို (၁၉၀၄)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး-

(၁၉၅၀)မှာ အဲဒီသင်္ချိုင်းကို အမှီပြုနေထိုင်သူပေါင်း (၁)သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ သူတို့တစ်တွေရဲ့ လူနေမှုဘဝဟာ ကြမ်းတမ်းတယ်လို့ ထင်ရပေမယ့်၊ သူတို့က မြို့ပြလူနေမှုဘဝနဲ့ယှဉ်ရင် ဒီမှာ နေလို့ သိပ်ကောင်းတယ်လို့ ပြောပါတယ်။ ရာဇဝတ်မှုထူပြောလှတဲ့ မြို့ပြပတ်ဝန်းကျင်နဲ့ယှဉ်ရင်၊ ဒီမှာ အများထိတ်လန့်စရာကောင်းတဲ့ အခြေအနေက ရာဇဝတ်မှုတွေ ကင်းစင်တဲ့နေရာတစ်ခု ဖြစ်တယ်လို့ သူတို့က ပြောကြပါတယ်။

Facebook Comments

Leave a Reply

Powered by M.N.T

0 Shares
Share
Tweet
Share
Pin