Gyan Pone

Media, Entertainment and News Website

Local News, News

လာမယ့်၂၀၁၉ဒီဇင်ဘာလအတွင်းထူးခြားမည့်ဖြစ်စဉ်များ

9

လာမယ့်၂၀၁၉ဒီဇင်ဘာလအတွင်းထူးခြားမည့်ဖြစ်စဉ်များ

9

လာမယ့် ဒီဇင်ဘာလမှာတော့ အာကာသအတွင်းမှာ ထူးခြားမည့်ဖြစ်စဉ်များနဲ့ ပြည့်နက်လို့နေပါတယ်။ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) များ၊ ဂြိုဟ်ပူးခြင်း (ဂြိုဟ်စစ်ထိုးခြင်း)

ဖြစ်စဉ်များအပြင်.. နေကြတ်ခြင်းလည်း ဖြစ်ပေါ်မှာဖြစ်ပြီး.. ညကောင်းကင်ဟာလည်း ကြည်လင်ဝင်းပလို့ နက္ခတ်တာရာ စုံညီစွာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ကြယ်တွေ ကြွေမယ့် နေ့ရက်များကတော့… ဒီဇင်ဘာ (၂-၆-၇-၉-၁၄-၁၆-၂၀-၂၃) ရက်များဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့.. ဒီဇင်ဘာ (၁၄) ညမှာ ကြွေမယ့် မေထုန်ရာသီ

ကြယ်မိုး (Geminid Meteor Shower) ဟာ ကြယ်မိုးဘုရင်လို့ တင်စားရလောက်အောင် များပြားတဲ့ (တစ်နာရီကို အလုံး ၁၂၀ လောက်ကြွေဆင်းမယ့်) ကြယ်မိုးဖြစ်ပါတယ်။

နတ်တော်လပြည့်ဟာ ဒီဇင်ဘာ (၁၂) ရက် (ကြာသပတေးနေ့) မှာ ပြိဿရာသီမှာ ပြည့်မှာဖြစ်ပြီး…

၁၄ ရက်နေ့မှာ မေထုန်ရာသီကို ရောက်နေမှာဖြစ်လို့… ကြယ်မိုးရွာချိန်မှာ လ ရဲ့ အလင်းရောင်အနှောက်အယှက်များ ရှိနေနိုင်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ဒက္ခိဏယဉ်စွန်းချိန်ဖြစ်ပြီး ကျနော်တို့ နေထိုင်တဲ့ မြောက်ကမ္ဘာခြမ်း (အီကွေတာ၏ မြောက်ဘက်) မှာ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းဥတုသို့ အပြည့်အဝ

ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၆ ရက် (နတ်တော်လကွယ်နေ့) မှာတော့ အရှေ့(တောင်)

အာရှ ဒေသများကို ဖြတ်သန်းသွားမယ့် နေကြတ်ခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေရဦးမှာဖြစ်ပါတယ်။

ဂိုဟ်တွေကတော့ နေရာပြောင်းရွှေ့နေကြပြီး ဂြိုဟ်ပူးခြင်း (ဂြိုဟ်စစ်ထိုးခြင်း) ဖြစ်စဉ်များလည်း ဖြစ်ပေါ်ဦးမှာဖြစ်ပါတယ်။ အနောက် (တောင်) အရပ်က ဗီးနပ်စ် (သောကြာဂြိုဟ်) ဟာ

တဖြည်းဖြည်း နိမ့်ဆင်းလာမယ့် စေတန် (စနေဂြိုဟ်) နဲ့ ဒီဇင်ဘာ ၁၂ ညမှာ ဓနုရာသီ (sagittarius) မှာ စစ်ထိုးမှာ ဖြစ်ပါတယ်။ ဂျူပီတာ (ကြာသပတေးဂြိုဟ်) ဟာလည်း

နိမ့်ဆင်းသွားပြီး ဒီဇင်ဘာလ ၂၈ ရက်မှာ နေ နှင့်အတူ မြင်ကွင်းနီးကပ်သွားကာ ကမ္ဘာရဲ့ ညမြင်ကွင်းကနေ အချိန်တစ်ခုကြာ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတော့တယ်….။ (မှတ်ချက်။

လပြည့်၊ လကွယ်ရက်များဟာ အတိအကျ ဖြစ်လို့ လ ပြက္ခဒိန်နဲ့ တစ်ရက်စီကွာနိုင်ပါတယ်။) အနာဂတ်ပညာရေးအတွက်..သန့်ဦး(အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T