Gyan Pone

Media, Entertainment and News Website

Knowledge, News

ကိုယ်ခံအား ကောင်းပြီး ကင်ဆာ ကာကွယ်ဖို့ နေ့တိုင်း တစ်ရက်ကို ဂျပိုး ၅ ကောင် စားတဲ့ အမျိုးသမီး

11

ကိုယ်ခံအား ကောင်းပြီး ကင်ဆာ ကာကွယ်ဖို့ နေ့တိုင်း တစ်ရက်ကို ဂျပိုး ၅ ကောင် စားတဲ့ အမျိုးသမီး

11

မြန်မာနိုင်ငံသားတွေမှာ ကလေးကအစ လူကြီးအဆုံးသိကြတဲ့ ကြမ်းပိုးဆိုတဲ့ အင်းဆက်ကောင်လေးတွေဟာ အတော်လေး ဒုက္ခပေးလှပါတယ်နော်။

သူတို့ဟာ အင်ဆက်တွေထဲမှာမှ သွေးစုပ်တဲ့ သတ္တဝါတွေဖြစ်ပြီးတော့ မသန့်ရှင်းတဲ့နေရာတွေမှာ အနေများလှတဲ့ သတ္တဝါတွေလည်းဖြစ်ပါတယ်။

ပြီးတော့ သူတို့ဟာ အင်မတန်မှကို အနံ့ပြင်းလှတဲ့အင်းဆက် တွေဖြစ်ပါတယ်။ အဲ့ဒီအနံ့ကတော့ Coleotoxin ဆိုတဲ့ အဆိပ်တစ်မျိုးရဲ့ အနံ့ပဲဖြစ်ပါတယ်။

ဒီ Coleotoxin လို့ ခေါ်တဲ့ အဆိပ်ကတော့ အသားပိုတွေရဲ့ ကြီးထားမှုကို ထိထိရောက်ရောက် လျော့ကျစေသလို ကင်ဆာမဖြစ်အောင်လည်း လူ့ကိုယ်ခံအားစနစ်ကို

အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲ့တာကတော့ ၂၀၁၁ တုန်းက စမ်းသပ်လေ့လာမှုအရ ပြောဆိုတာဖြစ်ပါတယ်။

ဒါကြောင့် လော့စ်အိမ်ဂျလိစ်မှာနေတဲ့ မာစီလာအီဂလီရှားဆိုတဲ့ အမျိုးသမီးကတော့ ကင်ဆာရောဂါမဖြစ်အောင်လို့ တစ်နေ့ကို ကြမ်းပိုး ၅ ကောင်ခန့်စားသုံးပေးတယ်လို့သိရပါတယ်။

သူမဟာ ကလေး၃ဦးရဲ့ မိခင်ပါ။ သူမဟာ ကြမ်းပိုးတွေမှာ ပရိုတိန်းဓာတ်ပါပြီးတော့ သူတို့သေရင် ထွက်လာတဲ့ Coleotoxin အဆိပ်က

ကိုယ်ခံအားကို ထိရောက်စွာမြင့်တင်ပေးမှာဖြစ်ပြီးတော့ ကင်ဆာဖြစ်စေမယ့်အရာတွေကို လျော့ချသွားနိုင်တာကြောင့်လို့ဆိုပါတယ်။

ဒီလို ကြမ်းပိုးစားတာကို ပတ်ဝန်းကျင်က မိတ်ဆွေတွေက မနှစ်သက်ကြပေမယ့် သူမအတွက်တော့ ဒါအခက်အခဲမဟုတ်ပါဘူးလို့ ဆိုတဲ့အပြင် ကြမ်းပိုးတွေဟာ လူသားတွေရဲ့

ကျန်းမာရေးကို များစွာ အကျိုးပြုတဲ့ အင်ဆက်တွေဖြစ်တယ်ဆိုတာကိုလည်းပြောဆိုထားပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်မှာ

စိုးရိမ်တဲ့ ပရိသတ်ကြီးအတွက်လည်း ကြမ်းပိုးလေးတွေ စားသုံးနိုင်စေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။ မင်မင်ကတော့ ကင်ဆာပဲ အဖြစ်ခံလိုက်ပါတော့မယ်

Facebook Comments
564 Shares

Comments are Closed

Powered by M.N.T