ဒီေန႔ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာတဲ့ ရင္နင္စရာ ရက္စက္တဲ့ ဗြီဒီယိုဖိုင္ တစ္ခု ၾကည့္လိုက္ရပါတယ္။ ကေလးငယ္တစ္ေယာက္ကို အမ်ိဳးသမီးနွစ္ဦးမွ တစ္လွည့္စီ ေရထဲႏွစ္ၿပီး ရက္ရက္စက္စက္ ႏွိပ္စက္ေနတဲ့ ဗြီဒီယိုဖိုင္ပါ။ ၾကည့္ၿပီး ရင္ထဲမေကာင္း ျဖစ္မိပါတယ္..။

အခု အဲ့ဒီကေလးကို ကူညီလိုက္ႏိုင္ပါၿပီဆိုတဲ့ သတင္းကို ေအာက္ပါအတုိင္း ေတြ႔ျမင္ရေတာ့ အတိုင္းမသိ ဝမ္းသာမိပါတယ္..။ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသမီး ႏွစ္ဦးကိုလည္း သက္ဆုိင္ရာမွ ထုိက္တန္ေသာအေရးယူမႈမ်ား ေဆာင္ရြက္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ေရထဲႏွစ္ၿပီး ရက္ရက္စက္စက္ ႏွိပ္စက္ခံရတဲ့ ကေလးငယ္အား ကူညီလိုက္ႏိုင္ပါၿပီ ရန္ကုန္တိုင္းေဒသႀကီးေျမာက္ဥကၠလာပၿမိဳ႕နယ္ (ခ)ရပ္ကြက္မွ ကေလးငယ္ ေမာင္ခ်စ္မင္းသူအား အသက္ (၁)ႏွစ္နဲ႕၉လ အား လူမႈ႕ဝန္ထမ္းဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒၚခင္ေဖြးၾကည္ ႏွင့္

လူကုန္ကူးမႈ႕တားစီးႏွိမ္နင္း ေရးရဲတပ္ဖြဲ႕ / ေဒၚနီနီျမင့္ (ဦးစီးမွဴးအေရွ႕ပိုင္းခ႐ိုင္လူမႈ႕ဝန္ထမ္းဦးစီးဌာန ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းမွ အမႈ႕စစ္အရာရွိ ဒုရဲအုပ္ေအာင္မ်ိဳးလြင္ ႏွင့္(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္

ပုလဲၿမိဳ႕သစ္အရန္မီးသတ္တပ္ဖြဲ႕မွ ကေလးငယ္အား လူမႈ႕ဝန္ထမ္းႏွင့္ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနသို႔လႊဲေျပာင္းေပအပ္ကူညီခဲ႕ပါသည္ ျပစ္မႈ႕က်ဴးလြန္သူမ်ားကိုလည္း ေျမာက္ဥကၠလာပရဲစခန္းမွ

(ပ)၇၁၇/၁၉ျဖင့္အေရးယူေဆာင္ရြက္ထားၿပီး ျဖစ္ပါသည္မၾကာခင္တရာရံုးသို႕ တရားဆြဲတင္မည္ျဖစ္ပါသည္ ကေလးငယ္မွာညီအကိုႏွစ္ေယာက္တြင္အငယ္ျဖစ္ၿပီးအေဖနဲ႕နဲ႕အေမမွာကြဲေနၿပီး ဖခင္ျဖစ္သူ၏မိဘအိမ္တြင္ေနထိုင္သည္ဟုသိရပါသည္..။ Credit – Htin Lin Aung

ဒီနေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ရင်နင်စရာ ရက်စက်တဲ့ ဗွီဒီယိုဖိုင် တစ်ခု ကြည့်လိုက်ရပါတယ်။ ကလေးငယ်တစ်ယောက်ကို အမျိုးသမီးနှစ်ဦးမှ တစ်လှည့်စီ ရေထဲနှစ်ပြီး ရက်ရက်စက်စက် နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်ပါ။ ကြည့်ပြီး ရင်ထဲမကောင်း ဖြစ်မိပါတယ်..။

အခု အဲ့ဒီကလေးကို ကူညီလိုက်နိုင်ပါပြီဆိုတဲ့ သတင်းကို အောက်ပါအတိုင်း တွေ့မြင်ရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်..။ ပြစ်မှုကျူးလွန်သူအမျိုးသမီး နှစ်ဦးကိုလည်း သက်ဆိုင်ရာမှ ထိုက်တန်သောအရေးယူမှုများ ဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လေးစားစွာဖြင့်…ApannPyay

ရေထဲနှစ်ပြီး ရက်ရက်စက်စက် နှိပ်စက်ခံရတဲ့ ကလေးငယ်အား ကူညီလိုက်နိုင်ပါပြီ ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်မှ ကလေးငယ် မောင်ချစ်မင်းသူအား အသက် (၁)နှစ်နဲ့၉လ အား လူမှု့ဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဖွေးကြည် နှင့်

လူကုန်ကူးမှု့တားစီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ / ဒေါ်နီနီမြင့် (ဦးစီးမှူးအရှေ့ပိုင်းခရိုင်လူမှု့ဝန်ထမ်းဦးစီးဌာန မြောက်ဥက္ကလာပမြို့မရဲစခန်းမှ အမှု့စစ်အရာရှိ ဒုရဲအုပ်အောင်မျိုးလွင် နှင့်(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်

ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ကလေးငယ်အား လူမှု့ဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့လွှဲပြောင်းပေအပ်ကူညီခဲ့ပါသည် ပြစ်မှု့ကျူးလွန်သူများကိုလည်း မြောက်ဥက္ကလာပရဲစခန်းမှ

(ပ)၇၁၇/၁၉ဖြင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်မကြာခင်တရာရုံးသို့ တရားဆွဲတင်မည်ဖြစ်ပါသည် ကလေးငယ်မှာညီအကိုနှစ်ယောက်တွင်အငယ်ဖြစ်ပြီးအဖေနဲ့နဲ့အမေမှာကွဲနေပြီး ဖခင်ဖြစ်သူ၏မိဘအိမ်တွင်နေထိုင်သည်ဟုသိရပါသည်..။ Credit – Htin Lin Aung

Facebook Comments