Gyan Pone

Media, Entertainment and News Website

Local News, News

ဆိုင္ကလုန္းမုန္တိုင္းသတင္း.. ဧၿပီလ (၂၇)ရက္ေန႔ ည (၁၁) နာရီ အခ်ိန္ ထုတ္ျပန္ခ်က္

ဆိုင္ကလုန္းမုန္တိုင္းသတင္း အမွတ္စဥ္(၀၉/၂၀၁၉)
(၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၇)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၂၃:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

ဆိုင္ကလုန္းမုန္တိုင္းအေျခအေန
(က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၂၂:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္ မ်ားအရ ဘဂၤလားပင္လယ္aအာ္အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ အီေကြတာအနီး အိႏၵိယ သမုဒၵရာတို႔တြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)”ဖန္နီ” (FANI)သည္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ သီရိလကၤာႏိုင္ငံ၊ ထရင္ကိုမာလီၿမိဳ႕ (Trincomalee)၏ အေရွ႕-အေရွ႕ေတာင္ဘက္ မိုင္(၄၅၀)ခန္႔၊

အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕ (Chennai)၏ အေရွ႕ေတာင္ ဘက္ မိုင္(၆၄၀)ခန္႔၊ မာခ်ီလီပတၱနမ္ၿမိဳ႕(Machilipatnam) ၏ ေတာင္-အေရွ႕ေတာင္ဘက္ (၇၄၅)မိုင္ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ”(FANI) သည္ အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းရပါသည္။

(ခ) ဆိုင္ကလုန္းမုန္တိုင္း”ဖန္နီ”(FANI)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသး သျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

ဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(က) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)သည္ ျမန္မာ စံေတာ္ခ်ိန္ (၂၂:၃၀)နာရီ အခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၅.၉)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၈.၃)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၉၉)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီ လၽွင္ မိုင္(၅၀)ႏႈန္း ျဖစ္ပါသည္။

ေနာက္(၁၂)နာရီအတြင္းခန္႔မွန္းခ်က္
(က) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ”(FANI)သည္ ေနာက္ (၁၂)နာရီအတြင္း အားေကာင္း ေသာဆိုင္ကလုန္း မုန္တိုင္း(Severe Cyclonic Storm)”ဖန္နီ” (FANI)အျဖစ္သို႔လည္း ေကာင္း၊ ေနာက္(၃၆)နာရီအတြင္း အားအလြန္ေကာင္းေသာဆိုင္ကလုန္း မုန္တိုင္း (Very Severe Cyclonic Storm) “ဖန္နီ” (FANI)အျဖစ္ သို႔လည္းေကာင္း ေရာက္ရွိႏိုင္သည္ ဟု ခန္႔မွန္းရပါသည္။

အႀကံျပဳခ်က္
(က) အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ”(FANI)ႏွင့္ပတ္သက္၍ ျပည္တြင္းေလေၾကာင္းပ်ံသန္း‌ေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေ လၽွာက္ႏွ င့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရ ယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳ အပ္ပါသည္။
မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန

ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၉/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်aအာ်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ” (FANI)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် မိုင်(၄၅၀)ခန့်၊

အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင် ဘက် မိုင်(၆၄၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် (၇၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာ စံတော်ချိန် (၂၂:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၅.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၃)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၉)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)နှုန်း ဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် နောက် (၁၂)နာရီအတွင်း အားကောင်း သောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm)”ဖန်နီ” (FANI)အဖြစ်သို့လည်း ကောင်း၊ နောက်(၃၆)နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI)အဖြစ် သို့လည်းကောင်း ရောက်ရှိနိုင်သည် ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း‌ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှ င့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T