Gyan Pone

Media, Entertainment and News Website

crime-news, News

ငိုနေသော(၃) နှစ်(၄)လ သားငယ်လေး ပထွေးဖြစ်သူလက်ချက်ဖြင့် သေဆုံး






ညီညီ-လှိုင်သာယာ

လှိုင်သာယာမြို့နယ်၌ ၌ ငိုနေသောကလေးအား ပထွေးဖြစ်သူမှ လက်ဖြင့်ထုရိုက်ရာမှ ကလေးသေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

၂၇-၄-၂၀၁၉ ရက်နေ့ ညနေ(၄း၀၀)အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၌ တရားလိုမှ စက်ရုံတွင်အလုပ်လုပ်နေစဉ် ၎င်း၏သားဖြစ်သူ မောင်——–(၃)နှစ်(၄)လ မှာ တက်နေသဖြင့် လှိုင်သာယာဆေးရုံသို့ရောက်ရှိနေကြောင်းကြားသိရသဖြင့် လှိုင်သာယာဆေးရုံသို့လိုက်သွားခဲ့ရာ ဆေးရုံသိုရောက်ရှိစဉ် တာဝန်ကျဆရာမအားမေးမြန်းရာ သားဖြစ်သူမှာ

တရားလို၏နောက်အိမ်ထောင်(ယ္ခုလက်ရှိပေါင်းသင်းနေထိုင်သူ)ကိုဖူးပွင့်ဦး(ခ)ဇော်သိန်းထက်(၂၂)နှစ် မင်းရာဇာလမ်း(၂၀)ရပ်ကွက် လှိုင်သာယာမြို့နယ် နှင့်အတူ သားဖြစ်သူမှာ သေဆုံးလျှက်ဆေးရုံသို့ရောက်ရှိလာသဖြင့် ပြန်ထည့်ပေးလိုက်ကြောင်းပြောပြသိရှိရသဖြင့် တရားလိုမှာ

ညနေ(၅း၀၀)ခန့်အချိန် နေအိမ်သို့ပြန်လည်ရောက်ရှိသွားပြီး ၎င်း၏သားဖြစ်သူအား ရင်ဘတ် နှင့် ကျောကုန်းတို့တွင် ညိုမဲဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာများ ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ခင်ပွန်းဖြစ်သူ ကိုဖူးပွင့်ဦးအား ဆယ်အိမ်မှူး ဦးမင်းအောင် ဦးမောင်ဆင့် တို့နှင့်အတူမေးမြန်းခဲ့ရာ

၂၇-၄-၂၀၁၉ ရက်နေ့ နေလည်(၁၂း၀၀)အချိန်ခန့်က တရားလို၏သားဖြစ်သူအား ကိုဖူးပွင့်ဦးမှ ရေချိုးပေးစဉ် ကလေးမှာငို၍ ပါးစပ်အား အဝတ်စဖြင့် ထိုးထည့်ပြီး ရင်ဘတ်အား(၂)ချက် ကျောကုန်းအား(၂)ချက် စုစုပေါင်း ၄ ချက်ခန့် လက်ဖြင့်ထုရိုက်ခဲ့ကြောင်း ကလေးမှာ တက်နေ၍ ဆေးရုံသို့လိုက်ပို့စဉ် သေဆုံးသွားသည်ဟု ပြေပြသိရှိရ၍ သားဖြစ်သူအား သေဆုံးအောင်လက်ဖြင့်ထုရိုက်ခဲ့သူ ကိုဖူးပွင့်ဦး(ခ)ဇော်သိန်းထက် အား ဥပဒေအရအရေးယူပေးပါရန် မဖြူဖြူသင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင်ပတ်သက်၍ သားဖြစ်သူအား သေဆုံးအောင် လက်ဖြင့်ထုရိုက်ခဲ့သူ ကိုဖူးပွင့်ဦး(ခ)ဇော်သိန်းထက် အား လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၂၆၁ /၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ညီညီ-လှိုင်သာယာ

Facebook Comments
3K Shares

Comments are Closed

Powered by M.N.T