4K Shares

ရပ္ေစာက္ၿမိဳ႕နယ္၊ ပါမဲေက်း႐ြာအုပ္စု၊ ေရဝန္း႐ြာေန အသက္ ၁၇ ႏွစ္အ႐ြယ္ မိန္းကေလးငယ္သည္ ဧၿပီလ ၁၅ ရက္က ေညာင္ပင္သာေက်း႐ြာရွိ ၎၏အစ္မထံ အလည္သြားရန္ ေညာင္ပင္သာေက်း႐ြာမွ ခ်စ္စနိုး (၂၁ ႏွစ္) ဆိုသူအား လိုက္ပို႔ခိုင္းရာ

အဆိုပါ ခ်စ္စနိုးမွ ငါးပင္ေက်း႐ြာလမ္းခြဲသို႔ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္ေခၚေဆာင္သြားၿပီး လူသူမရွိသည့္ ေတာင္ယာတဲတစ္ခုအတြင္း မိန္းကေလးငယ္အား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုကာ အဓမၼ တစ္ႀကိမ္ ျပဳက်င့္ခဲ့ၿပီးေနာက္

ေညာင္ပင္သာေက်း႐ြာ ေျမာက္ဘက္ သက္ရက္ၿခံရွိ လူသူမရွိသည့္ တဲအတြင္း ထပ္မံ၍ အဓမၼ ျပဳက်င့္ကာ ၎ေနာက္ ေျမနီေက်း႐ြာ အေရွ႕ဘက္၊ လူမေနသည့္ တဲတစ္လုံးအတြင္း တစ္ညအိပ္၍ မိန္းကေလးငယ္အား အႀကိမ္ႀကိမ္ သားမယားအျဖစ္ ျပဳက်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ရပ္ေစာက္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းတာဝန္ခံ ဒုရဲအုပ္ ၿငိမ္းမင္းဟန္ႏွင့္ ရဲတပ္ၾကပ္လွေဖတို႔မွ အခင္းျဖစ္ပြားရာ ေနရာမ်ားႏွင့္ တဲမ်ားအား လိုက္လံစစ္ေဆးခဲ့ၿပီး မိန္းကေလးငယ္အား အလိုမတူဘဲ ဖ်ားေယာင္း ေသြးေဆာင္၍ အႀကိမ္ႀကိမ္ သားမယားျပဳက်င့္ခဲ့သူ ခ်စ္စနိုးအား ရပ္ေစာက္ၿမိဳ႕မရဲစခန္းမွ (ပ) ၅၁ /၂၀၁၉၊ ရာဇ သတ္ႀကီး ပုဒ္မ-၃၇၆ /၃၆၃ /၅၀၆ တို႔ျဖင့္ အမႈဖြင့္စစ္ေဆး အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။CRD

Unicodeရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ ရေဝန်းရွာနေ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်သည် ဧပြီလ ၁၅ ရက်က ညောင်ပင်သာကျေးရွာရှိ ၎င်း၏အစ်မထံ အလည်သွားရန် ညောင်ပင်သာကျေးရွာမှ ချစ်စနိုး (၂၁ နှစ်) ဆိုသူအား လိုက်ပို့ခိုင်းရာ

အဆိုပါ ချစ်စနိုးမှ ငါးပင်ကျေးရွာလမ်းခွဲသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ခေါ်ဆောင်သွားပြီး လူသူမရှိသည့် တောင်ယာတဲတစ်ခုအတွင်း မိန်းကလေးငယ်အား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ အဓမ္မ တစ်ကြိမ် ပြုကျင့်ခဲ့ပြီးနောက်

ညောင်ပင်သာကျေးရွာ မြောက်ဘက် သက်ရက်ခြံရှိ လူသူမရှိသည့် တဲအတွင်း ထပ်မံ၍ အဓမ္မ ပြုကျင့်ကာ ၎င်းနောက် မြေနီကျေးရွာ အရှေ့ဘက်၊ လူမနေသည့် တဲတစ်လုံးအတွင်း တစ်ညအိပ်၍ မိန်းကလေးငယ်အား အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ရပ်စောက်မြို့မရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ငြိမ်းမင်းဟန်နှင့် ရဲတပ်ကြပ်လှဖေတို့မှ အခင်းဖြစ်ပွားရာ နေရာများနှင့် တဲများအား လိုက်လံစစ်ဆေးခဲ့ပြီး မိန်းကလေးငယ်အား အလိုမတူဘဲ ဖျားယောင်း သွေးဆောင်၍ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သူ ချစ်စနိုးအား ရပ်စောက်မြို့မရဲစခန်းမှ (ပ) ၅၁ /၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ-၃၇၆ /၃၆၃ /၅၀၆ တို့ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။CRD

Facebook Comments
4K Shares