Gyan Pone

Media, Entertainment and News Website

crime-news

၁၇ နှစ်အရွယ်အမျိုးသားက ၃ နှစ်ကျော်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မူဖြစ်ပွား

7ujm67urjyhng

၁၇ နှစ်အရွယ်အမျိုးသားက ၃ နှစ်ကျော်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မူဖြစ်ပွား

atat17nit82394 1

မတ္တရာမြို့နယ်တွင် ၁၇ နှစ်အရွယ်အမျိုးသားက အခန်းချင်းကပ်လျက်နေထိုင်သည့် ၃ နှစ်ကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်နေ ဒေါ်…..သည် ဇူလိုင်လ ၁၃ ရက်၊ နေ့လယ် ၂ နာရီခန့်က နေအိမ်တိုက်ခန်းအပေါ်ထပ်တွင် သမီးဖြစ်သူ မ……၊ (၃)နှစ်(၃)လမှာ အိပ်ပျော်နေချိန် အိမ်နီးချင်းအိမ်သို့ အလည်သွားပြီး ကွမ်းယာတောင်းစား၍ နာရီဝက်ခန့်အကြာ၌ ပြန်လာရောက်စဉ် အိပ်ယာထဲတွင် သမီးဖြစ်သူငိုနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သမီးဖြစ်သူကို ငိုရသည့်အကြောင်းအရင်းအား ဒေါ်…… မှ မေးမြန်းခဲ့ရာမှ အဆိုပါဖြစ်စဉ်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။

atat17nit82394 1

“အဲဒီကောင်လေးနဲ့ ကလေးမလေးရဲ့အဖေတို့က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်မှာ အလုပ်အတူတူကြတယ်။ ဆိုင်ပိုင်ရှင်က သူ့ဆီကဝန်ထမ်းတွေကို နေစရာပေးထားတယ်။ အဲဒီပေးတဲ့အခန်းမှာပဲ သူတို့တွေက နေကြတာပေါ့။ ကလေးမလေးရဲ့အမေက သူ့သမီးအိပ်နေတုန်းမှာ သူ့အိမ်ဘေးကအိမ်တစ်အိမ်ကို အိမ်လည်သွားတယ်။ ကွမ်းသွားပြီးလည်း တောင်းစားရင်းပေါ့။ နာရီဝက်လောက်ကြာလို့ အိမ်ပြန်တဲ့အခါ သမီးဖြစ်သူငိုနေတာကိုမေးကြည့်ရာကနေ သိရတယ်” ဟု မတ္တရာမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

atat17nit82394 1

လက်ရှိတွင် သမီးဖြစ်သူ မ—– ကို မတ္တရာဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ပို့ဆောင်ကာ ဆေးဝါးကုသနေပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ထိုက်(ခ)ကျော်စိုးထိုက်၊ (၁၇)နှစ်ကို မတ္တရာမြို့နယ်ရဲစခန်း၌ (ပ)၅၃၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇/၅၁၁ ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

7ujm67urjyhng
Facebook Comments

Comments are Closed

Powered by M.N.T

430 Shares
Share430
Tweet
Share
Pin