Gyan Pone

Media, Entertainment and News Website

International News

ရေကြီးနေချိန်မှာ ကလေးနှစ်ယောက်ကို ပုခုံးထမ်းတင်ပြီး ကယ်လာတဲ့ရဲသား ချီးကျူးခံနေရ

sdkfgjweritu843457ui769345876iewurt3487568435tu 2

ရေကြီးနေချိန်မှာ ကလေးနှစ်ယောက်ကို ပုခုံးထမ်းတင်ပြီး ကယ်လာတဲ့ရဲသား ချီးကျူးခံနေရ

sdkfgjweritu843457ui769345876iewurt3487568435tu 1

အိန္ဒိယပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေမှာလည်း ကယ်ဆယ်မှုတွေ လုပ်နေရပါတယ်။ ဂူဂျာရက်ဒေသမှာလည်း ရေကြီးလို့ နေရာ ရွှေ့ပြောင်းမှုတွေ လုပ်နေရချိန်၊ တာဝန်ကျရဲသားတစ်ဦးရဲ့ လုပ်ရပ်တစ်ခုက ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

sdkfgjweritu843457ui769345876iewurt3487568435tu 1

ရေကြီးခဲ့တဲ့ ဒေသက ကယ်ရန်ပါဆိုတဲ့ ရွာလေးဟာ အရေးပေါ်အခြေအနေနဲ့ ရုတ်တရက် ရွှေ့ပြောင်းခဲ့ ရပါတယ်။ အဲဒီအချိန်မှာ ကယ်ဆယ်ရေးအတွက် လိုက်ပါသွားတဲ့ ရဲတပ်သားတစ်ဦးဟာ ရွာက ကလေးလေး နှစ်ယောက်ကို ပုခုံးပေါ်ထမ်းတင်ပြီး၊ ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ရေပြင်ကြီးကို ခက်ခက်ခဲခဲ ဖြတ်ခဲ့ပါတယ်။

sdkfgjweritu843457ui769345876iewurt3487568435tu 1

ဒီဗီဒီယိုလေးကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ချိန်မှာတော့ တော်တော်လေးကို ချီးကျူးခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဆီ ဗီဒီယိုကရောက်သွားပါတယ်။ သူတို့ဘက်ကလည်း ထုတ်ပြန်ချက်အနေနဲ့ လူစုစုပေါင်း (၄၂)ယောက် ကယ်တင်ခဲ့ပြီး၊ အဲဒီအထဲမှာ ကေလး (၁၂)ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရေကတော့ ဆက်လက်မြင့်တက်နေပြီး၊ လောလောဆယ် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ်ဆိုပါတယ်။

sdkfgjweritu843457ui769345876iewurt3487568435tu 1

ရဲသားဟာ လွယ်လွယ်ကူကူတော့ ကလေးနှစ်ယောက်ကို ကယ်ခဲ့ရတာမဟုတ်ပါဘူး။ (၁.၅)ကီလိုမီတာ (၁)မိုင်နီးပါး ပုခုံးပေါ် ထမ်းတင်ခဲ့ရတဲ့အပြင် နှစ်ယောက်ဖြစ်နေတဲ့အတွက် ခက်ခဲခဲ့မှာ သေချာပါတယ်။ ဒီအကြောင်းကို ဒေသရဲ့ ဝန်ကြီးချုပ် ရူပါနီကိုယ်တိုင်က သူ့ရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်ကနေ ချီးကျူးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဟာလည်း နာမည်တက်ခဲ့ရပါတယ်။

sdkfgjweritu843457ui769345876iewurt3487568435tu 1

ကယ်ဆယ်ခဲ့တဲ့ ရဲသားကောတ့ သူ့အနေနဲ့ ကလေးတွေကို ကယ်ထုတ်ဖို့ သူ့အနေနဲ့ စဉ်းစားချိန် တောင်မရခဲ့သလို ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အခက်အခဲရှိခဲ့တဲ့အတွက် ကိုယ်ထူကိုယ်ထ လုပ်ခဲ့ရကြောင်းကို ပြောပါတယ်။ ဒါကြောင့်လည်း ရဲသားရဲ့ လုပ်ရပ်ဟာ ချီးကျူးခံနေရတာဖြစ်ပြီး၊ အားလုံးက သြဘာပေးနေကြပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

61 Shares
Share61
Tweet
Share
Pin