Gyan Pone

Media, Entertainment and News Website

International News

ပျောက်သွားတဲ့ လက်စွပ်ကို ဥယဉ်ထဲက မုန်လာဥထဲမှာ ပြန်တွေ့ခဲ့တဲ့ အမျိုးသား

sfdgrwt67345667ertuy4567tyu64r78rtyiu 3

ပျောက်သွားတဲ့ လက်စွပ်ကို ဥယဉ်ထဲက မုန်လာဥထဲမှာ ပြန်တွေ့ခဲ့တဲ့ အမျိုးသား

sfdgrwt67345667ertuy4567tyu64r78rtyiu 2

လက်ထပ်လက်စွပ်ဆိုတာ အမျိုးသားတွေအတွက်ရော အမျိုးသမီးအတွက်ပါ ဘ၀မှာအရေးပါဆုံး ၀တ်ဆင်တဲ့လက်ဝတ်ရတနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်စွပ်တွေကလည်း အကြောင်း အမျိုးမျိုးကြောင့် ပျောက်ဆုံးသွားတာတွေရှိတတ်ပါတယ်။ ပျောက်သွားပြီဆိုရင် အဲဒီလက်ထပ်လက်စွပ်ကို ပြန်မတွေ့တဲ့လူတွေကများပါတယ်။ တချို့ကတော့ ကံကောင်းပြီး တန်ဖိုးထားရတဲ့ လက်ထပ်လက်စွပ်ကို ပြန်တွေ့တတ်တာ မျိုးရှိတတ်ပါတယ်။

sfdgrwt67345667ertuy4567tyu64r78rtyiu 1

ဂျာမနီက အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ လက်ထပ်လက်စွပ်ကို ဥယဉ်ထဲက မုန်လာဥမှာပြန်တွေ့ခဲ့တယ်ဆိုရင် ခင်ဗျားအံ့သြမလားမသိဘူး။ (၈၂)နှစ်ရှိပြီဖြစ်တဲ့ အဘိုးအိုဟာ ပျောက်သွားတဲ့ လက်ထပ်လက်စွပ်ကို တစ်ရှာတည်းနေခဲ့ပေမယ့် ဘယ်နေရာမှာ ပျောက်ကျ ကျန်ခဲ့မှန်းမသိလို့ လုံးဝရှာမတွေ့ခဲ့ပါဘူး။ သူက လက်စွပ်ပျောက်ဆုံးသွားလို့ သေချင်သလောက် စိတ်ပျက်ခဲ့ပေမယ့် သူ့အမျိုးသမီးကတော့ အဲဒီလက်စွပ်ကို ရှင်ပြန်တွေ့မှာပါလို့ အားပေးခဲ့ပါတယ်။

sfdgrwt67345667ertuy4567tyu64r78rtyiu 2

ဒါပေမယ့် အဘိုးအိုရဲ့ တန်ဖိုးရှိလှတဲ့လက်ထပ်လက်စွပ်ဟာ ထာဝရ ပျောက်ဆုံးသွားသလိုပါပဲ။ သူဟာ အဲဒီစိတ်နဲ့ စားမ၀င်အိပ်မပျော်တွေဖြစ်ပြီး အကြိမ်ကြိမ်ငိုခဲ့ရပါတယ်။ သူ့ရဲ့အမျိုးသမီး ဆုံးသွားတဲ့ တိုင်အောင် သူဟာ သူ့ဘ၀ရဲ့ တန်ဖိုးအထားဆုံး လက်စွပ်လေးကို ပြန်မတွေ့ခဲ့ပါဘူး။ တစ်နေ့မှာတော့ သူဟာ ဂျာမနီနိုင်ငံ၊ မြူချန်စတာရီဖယ်မှာ ရှိတဲ့ သူ့ဥယဉ်လေးကို ထွက်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ တစ်သက်လုံးရှာနေခဲ့တဲ့ လက်စွပ်လေးကို ပြန်တွေ့ ခဲ့တာပါပဲ။

sfdgrwt67345667ertuy4567tyu64r78rtyiu 1

အဲဒီလက်စွပ်ကွင်းလေးထဲမှာ မုန်လာဥပေါက်နေခဲ့တာဖြစ်ပါတယ်။ အဘိုးအိုဟာ တနေ့မှာ ဥယဉ်လုပ်ရင်း လက်စွပ်လေးက ကျနေခဲ့တာဖြစ်မှာပါ။ ဒါပေမယ့် သူဟာ သတိမထားမိဘဲ ဥယဉ်ပဲလုပ်နေခဲ့လို့ လက်စွပ်ဟာ မုန်လာပင်စိုက်တဲ့ထဲကို ရောက်သွားခဲ့ရတာဖြစ်ပါတယ်။ ရှင်ပြန်တွေ့မယ်လို့ အားပေးခဲ့တဲ့ ဇနီးဖြစ်သူ ရဲ့ ပြောစကားကတော့ နောက်ဆုံးမှာ အမှန်တရားတစ်ခုပေါ့ဗျာ။ နောက်ပြီး ကောင်းကင်က ဇနီးလည်း လက်စွပ် လေးပြန်တွေ့သွားလို့ ပြုံးပြီး ကြည့်နေမှာပါ။

Facebook Comments

Comments are Closed

Powered by M.N.T

80 Shares
Share80
Tweet
Share
Pin