Gyan Pone

Media, Entertainment and News Website

International News

အဓမ္မပြုကျင့်ခံရတာမဟုတ်ဘူး ယောက်မက ဆေးတိုက်ပြီး ဆက်ဆံခိုင်းတာတဲ့ဗျို့

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 1

ယောက်မက ဆေးကျွေးပြီး အမျိုးသားတွေနဲ့ ဆက်ဆံခိုင်းလို့၊ (၁၁)နှစ်ကလေးမလေးမှာ ဆစ်ဖလစ်ဖြစ်ခဲ့ရ

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 2

အမျိုးသမီးတစ်ယောက်ဟာ သူမခင်ပွန်းရဲ့ ညီမလေးကို မူးယစ်ဆေးတွေကျွေးပြီး၊ အမျိုးသားများစွာနဲ့ ကာမ ဆက်ဆံစေခဲ့တယ်လို့ WorldOfBuzz သတင်းဆိုဒ်က ဖော်ပြထားပါတယ်။ အမျိုးသားများစွာက အဓမ္မကျင့်တာကို ခံခဲ့ရတာကြောင့် ကလေးမလေးမှာ ဆစ်ဖလစ်ရောဂါပင် စွဲကပ်ခဲ့ပါတယ်။

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 3

ဆစ်ဖလစ်ရောဂါဆိုတာ ကာလသားရောဂါဖြစ်ပြီး၊ လိင်ဆက်ဆံဘက် များတဲ့သူတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ ကလေးမလေးမှာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရပြီး၊ ဘာမှမသိအောင်လည်း မူးယစ်ဆေးတွေ ကျွေးပြီး စေခိုင်းခဲ့ပါတယ်။ သူမ ခိုင်းတဲ့အတိုင်း မလုပ်ရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 4

ကလေးမလေးနာမည်မှာ Nong B လို့သာ ဖော်ပြထားပြီး၊ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ Phra Samut Chedi မှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးက မိခင်ဖြစ်ကို ပြန်တိုင်ခဲ့တာကြောင့် မိခင်က ရဲစခန်းကို ဆက်ပြီးအမှုဖွင့်ခဲ့ပါတယ်။ Nong ရဲ့အပြောအရ သူမဟာ-

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 2

အသက်ထက်ဝက်ကျော်ကြီးတဲ့ အမျိုးသားတွေနဲ့ ဆက်ဆံရတာဖြစ်ပြီး၊ တစ်ခါဆက်ဆံတိုင်း ဘတ်(၅၀၀) ရပါသတဲ့။ သူမရဲ့ယောက်မဖြစ်သူကတော့ ဘတ်(၂၅၀၀) ဖြတ်ယူတယ်လို့ ဆိုပါတယ်။ ကလေးမလေး မှာ ဆစ်ဖလစ်အဆင့်(၃) ဖြစ်နေပြီဖြစ်ပြီး၊ HIV ကူးစက်မှုရှိမရှိ ဆက်ပြီး အတည်ပြုနေပါတယ်။

fhaksdjfyqweury89237456qw7euryuwqerfsjdfhsu6y453r 4

လောလောဆယ် ယောက်မဖြစ်သူကို ရဲက ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေပါတယ်။ သူမကို ဖွင့်ထား တဲ့ အမှုတွေက များလွန်းတာကြောင့် ထောင်ဒဏ်အနည်းဆုံး အနှစ်(၂၀)ကနေ ထောင်တစ်သက် အထိ ချမှတ်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T