Gyan Pone

Media, Entertainment and News Website

International News

ညီအစ်မ ၃ ဦးကို နှိပ်စက်ပြီးလိင်စော်ကားတဲ့ ကလေးထိန်းကို ထောင်နှစ်၂၇၀ ချမှတ်

gfhdsjhgfjsh85437854 1

ညီအစ်မ(၃)ဦးကို နှိပ်စက်ပြီးလိင်စော်ကားတဲ့ ကလေးထိန်းကို ထောင်နှစ်(၂၇၀)ချမှတ်

gfhdsjhgfjsh85437854 1

သူငယ်ချင်းမိသားစုရဲ့ ကလေးထိန်းအဖြစ် ကူညီပေးခဲ့တဲ့ အသက်(၄၄)နှစ်အရွယ် Andrew Kowalczyk အမည်ရ အမျိုးသားကို ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ထောင်နှစ် (၂၇၀)အထိ ချမှတ်ခဲ့ကြောင်း Metro သတင်းဌာနက ဆိုပါတယ်။ သူဟာ ညီအစ်မတွေဖြစ်တဲ့-

အသက်(၈)နှစ်နဲ့၊ (၂)နှစ်အရွယ် အမြွှာညီအစ်မတွေကို ရိုက်နှက်အနိုင်ကျင့်ပြီး လိင်ပိုင်းစော်ကားခဲ့တာပါ။ သူဟာ လိင်ပိုင်းစော်ကားထားတဲ့ လုပ်ရပ်တွေကို ဗွီဒီယိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကို Des Moines, Washington မှာ (၂၀၀၇) ဒီဇင်္ဘာက ကျူးလွန်ခဲ့တာပါ။

gfhdsjhgfjsh85437854 2

ဒါပေမယ့် Andrew ကို ဒီပြစ်မှုတွေအတွက်မဟုတ်ဘဲ သတ်မှတ်မြန်နှုန်းနဲ့မောင်းလို့ ရဲက လိုက်လံဖမ်းဆီးဖို့ ကြိုးစားစဉ်မှာ အဖမ်းမခံဘဲ ကားနဲ့ထွက်ပြေးခဲ့ပါတယ်။ ရဲကလည်း သူ့ကို ဖမ်းမိဖို့ ကားနဲ့အရှိန်မြင့်လိုက်ခဲ့ရပြီး၊ Puyallup ကိုရောက်မှ ဖမ်းမိခဲ့တာပါ။

gfhdsjhgfjsh85437854 1

Andrew ကိုစစ်ဆေးစဉ်မှာ ကလေးလိင်မှုနဲ့ပတ်သက်ပြီး မသင်္ကာစရာတွေ ဆက်တိုက်တွေ့ခဲ့ပါတယ်။ ဖုန်းနဲ့ ကွန်ပျုတာတွေထဲမှာ ကလေးတွေ မဟုတ်မဟတ်ပုံတွေ စုဆောင်းထားပြီး၊ ဆက်လက်စစ်ဆေးချိန်မှာ ကလေးလိင်စော်ကားမှုတွေ ပေါ်ပေါက်ခဲ့တာပါ။

gfhdsjhgfjsh85437854 2

သူဟာ နောက်ဆုံးမှာတော့ ပြစ်မှုတွေအားလုံးအတွက် ဝန်ခံခဲ့တာကြောင့် သူကို ထောင်ဒဏ် (၂၇၀)နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ သူ လိင်ပိုင်းစော်ကားခဲ့တဲ့ အသက်ကြီးဆုံး ကလေးမလေးဟာ အခုဆို (၂၃)နှစ်ဖြစ်ပြီး၊ Andrew ရဲ့လုပ်ရပ်ကြောင့် သူမရဲ့အတိတ်ဟာ အမည်းစက်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

Facebook Comments

623 Shares

Comments are Closed

Powered by M.N.T