Gyan Pone

Media, Entertainment and News Website

International News

ဘာသာတရားကို ရှုံ့ချပြီး အပြာမယ်လုပ်နေတဲ့ သမီးကိုသတ်ဖို့ ဖခင်ကိုယ်တိုင် ကြံစည်ခဲ့မှု

hjgkfdlnhgkf865437457 4

ဘာသာတရားကို ရှုံ့ချပြီး အပြာမယ်လုပ်နေတဲ့ သမီးကိုသတ်ဖို့ ဖခင်ကိုယ်တိုင် ကြံစည်ခဲ့မှု

hjgkfdlnhgkf865437457 1

အာဖဂန်လူမျိုးနှစ်ယောက်ဖြစ်တဲ့ Mohammed Patman (၅၄)နှစ်နဲ့၊ Darya Khan Safi (၄၉)နှစ်ကို UK အာဏာပိုင်တွေက လေဆိပ်မှာ စက်တင်ဘာလ(၃)ရက်က လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အမျိုးသမီးတစ်ဦးကို လုပ်ကြံဖို့ ရောက်လာခဲ့သူတွေပါ။

Patman ရဲ့ သမီးအရင်းဟာ သူတို့ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့သလို၊ ဥရောပမှာ အပြာမယ်အဖြစ် ရပ်တည်သရုပ်ဆောင်နေပါတယ်။ သူမဟာ သြစတီးယားမှာ နေထိုင်ပြီး၊ ဆလိုဗက်ကီးယားက အပြာမယ်ဗွီဒီယိုလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေသူပါ။

hjgkfdlnhgkf865437457 2

Patman နဲ့ အပေါင်းအပါဖြစ်သူ Khan တို့ ယူကေကနေတစ်ဆင့် သမီးရှိတဲ့ဆီကို သွားဖို့ပြင်ဆင်နေချိန်၊ National Crime Agency (NCA) က လက်ရဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူတို့ကို စလိုဗက်ကီးယား အာဏာပိုင်တွေက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

hjgkfdlnhgkf865437457 3

သူတို့ရဲ့ဖုန်းတွေကို စစ်ဆေးတဲ့အခါ အပြာမယ်ကို သတ်ပစ်ဖို့ကြံစည်နေတဲ့ အစီအစဉ်တွေ ပြောထားတာကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ကို ရုံးတင်ရာမှာ ဘာသာပြန်မရှိသေးတဲ့အတွက် အခက်အခဲတစ်ချို့လည်း ရှိနေပါတယ်။ သူတို့ကို ဆလိုဗက်ကီးယားကို လွှဲပေးဖို့လည်း ရှိနေပါသတဲ့။

hjgkfdlnhgkf865437457 4

တကယ်တော့ Patman နဲ့ Khan တို့ဟာ အာဖဂန်မှာရှိနေတုန်း UK တပ်မတော်ကို များစွာအကူအညီပေးခဲ့လို့ UK မှာ နေထိုင်ခွင့်ရရှိနေသူတွေပါ။ သူတို့ဟာ လောလောဆယ်၊ နာမည်နဲ့ အသက်တွေကိုသာ မေးလို့ရသေးပြီး တရားရုံးက ဘာသာပြန် ရှာဖွေနေပါသတဲ့။

Facebook Comments

85 Shares

Comments are Closed

Powered by M.N.T