Gyan Pone

Media, Entertainment and News Website

International News

အွန်လိုင်းဗီယိုကြည့်ပြီး စမ်းသပ်ရာ ၁၄ နှစ်သမီးလေး သေဆုံး (ရုပ်သံ)

jgfhskhgfd547326 1

အွန်လိုင်းဗီယိုကြည့်ပြီး စမ်းသပ်ရာ ၁၄ နှစ်သမီးလေး သေဆုံး (ရုပ်သံ)

jgfhskhgfd547326 1

လူမှုကွန်ယက်ဆိုရှယ်မီဒီယာပေါ်မှ တက်လာသော ပြောင်းဖူးပေါက်ပေါက် အလွယ်တကူလုပ်နည်း သင်ကြားပြသတဲ့ DIY(Do It Yourself) ရုပ်သံတစ်ခုအတိုင်း ကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး စက်တင်ဘာလ ၅ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှ မိန်းကလေးနှစ်ဦး ‘ကျိုး’ ၁၄ နှစ် နဲ့ သူငယ်ချင်းဖြစ်တဲ့ ‘ပန်’ ၁၂ နှစ် တို့နှစ်ယောက် ရုပ်သံမှာ ပြသထားသည့်နည်းအတိုင်း အအေးဗူး(သံဗူး) တွေကို အသုံးပြုပြီး လိုက်လုပ်ခဲ့ကြပါတယ်။

jgfhskhgfd547326 1


ရုပ်သံမှာပါတဲ့အတိုင်း ပြောင်းဖူးစေ့များကို အလူမီနီယံသံဗူးထဲထည့်ပါတယ်၊ နောက်ထပ် သံဗူးတစ်လုံးကိုတော့ အောက်ကနေ မီးအပူပေးဖို့ အရက်တွေထည့်ထားပါတယ်။

အဲဒီသံဗူးနှစ်လုံးကို ဆင့်ပြီးမီးရှို့ခဲ့ရာမှာ သူတို့သုံးခဲ့တဲ့ အရက်တွေက အယ်လ်ကိုဟောပါဝင်မှု ရာခိုင်နှုန်းမြင့်မားတဲ့အတွက် အကြီးအကျယ်ပေါက်ကွဲမှုဖြစ်ပြီး နှစ်ယောက်စလုံး မီးလောင်ကျွမ်းဒဏ်ရာတွေနဲ့ အတွင်းလူနာအဖြစ် ဆေးရုံတင်ခဲ့ရပါတယ်။

jgfhskhgfd547326 2

သူတို့ထဲက ‘ကျိုး’ ရဲ့ ဒဏ်ရာ ပြင်းထန်ပြီး ခန္ဓာကိုယ်ရဲ့ ၉၆% မီးလောင်ကျွမ်းခံရပြီး ‘ပန်’ကတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိခဲ့ပါဘူး။ ပေါက်ကွဲမှုဖြစ်စဉ်ဟာ သြဂုတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဆေးရုံမှာကြိုးစားပြီး ကုသခဲ့ပေမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အသက် ၁၄ နှစ်အရွယ် ‘ကျိုး’ ဆိုတဲ့ မိန်းကလေး သေဆုံးသွားခဲ့ပါတယ်။

သူတို့တွေဟာ တရုပ်ပြည်မှာ နာမည်ကြီးနေတဲ့ Chef Ms Yeah ရဲ့ ဗီဒီယိုကို လက်တွေ့လိုက်လုပ်ကြည့်ရင်း အခုလို အသက်ပေးလိုက်ရတာဖြစ်တယ်လို့ အွန်လိုင်းသုံးစွဲသူတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

jgfhskhgfd547326 2

လတ်တလောမှာတော့ Chef Ms Yeah ကို ကလေးတွေကို သေရွာပို့ခဲ့သူအဖြစ် အွန်လိုင်းသုံးသူတွေက ဝိုင်းဝန်းပြစ်တင်ဝေဖန်နေကြပြီး အသက်အန္တရာယ်ခြိမ်းခြောက်တဲ့စာတွေ ပေးပို့ခံနေရပါတယ်။ နောက်ဆုံးမှာတော့ Chef Ms Yeah က သူမအနေနဲ့ စိတ်မကောင်းကြောင်း စာအရှည်ကြီးကို ဝီဘိုမှာ ရေးတင်ထားခဲ့ပြီး အသက်ရှင်ကျန်ခဲ့တဲ့ ‘ပန်’ အတွက် ဆေးကုသစရိတ်တွေကို သူမတတ်နိုင်သလောက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကတိပေးထားပါတယ်။

jgfhskhgfd547326 3

ဒါ့အပြင် မိန်းကလေးနှစ်ယောက်ဟာ သူ့ရဲ့ဗီဒီယိုမှာ ပြထားသလိုမျိုး လုပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာကိုလည်း သင်္ကာရှင်းထားပါသေးတယ်။ သူ့ရဲ့ဗီဒီယိုမှာ အောက်ကနေ ရေနွေးအပူပေးတဲ့ ဖန်ကရားတစ်ခုနဲ့ မီးအေးအေးထားကာ ပြောင်းဖူးပေါက်ပေါက်တွေ ဖောက်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ရှင်းပြထားပါတယ်။

Facebook Comments

189 Shares

Comments are Closed

Powered by M.N.T