Gyan Pone

Media, Entertainment and News Website

International News

အထုပ်ကြီးတစ်ခုကို အချောင်ရပြီဆိုပြီး ခိုးပြေးတဲ့သူခိုး မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေ

trfwyfwhgfs56472385

အထုပ်ကြီးတစ်ခုကို အချောင်ရပြီဆိုပြီး ခိုးပြေးတဲ့သူခိုး၊ မြွေတွေထည့်ထားတဲ့ အထုပ်ဖြစ်နေ

trfwyfwhgfs56472385

သူခိုးတစ်ယောက်ဟာ အထုပ်တစ်ခုကို လူအလစ်မှာ အချောင်သဘောနဲ့ ခိုးယူခဲ့ရာ၊ ဘာအထုပ်ရယ်လို့ သိပုံမရပါဘူး။ ဒီအကြောင်းကို Metro သတင်းက ဖော်ပြထားတာပါ။ အဲဒီသူခိုးဟာ မြွေမွေးမြူရေးသမားရဲ့ အိတ်ကိုမှ ခိုးမိရက်သား ဖြစ်ခဲ့ပါတယ်။

trfwyfwhgfs56472385

အထုပ်ခိုးယူခံရသူကတော့ Brian Grundy လို့ သိရပြီး၊ သူဟာ အထုပ်ကို ကားထဲမှာ ထားခဲ့တာပါ။ သူခိုးကလည်း လူလစ်ချိန်မှာ အဲဒီအထုပ်ကြီးကို ဝင်မပြီး ပြေးခဲ့ပါတယ်။ အဲဒီအထုပ်ထဲမှာ စပါးအုံးမြွေဖြူ (၄)ကောင်နဲ့၊ (၂၈)လက်မအရွယ် ဧရာမ ဖွတ်ကြီး ထည့်ထားတာပါ။

trfwyfwhgfs56472385

Brian ဟာ သူရဲ့ကားကို ကယ်လီဖိုးနီးယား၊ ကမ့်ဘဲလ်မှာ တည်ရှိတဲ့ Martin Luther King Jr Library အနီးအနားမှာ ရပ်ထားချိန် မြွေအိပ်ကို ခိုးယူခံခဲ့ရတာပါ။ သူဟာ For Goodness Snakes အမည်ရ လုပ်ငန်းကို လည်ပတ်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူ့ သတ္တဝါလေးတွေ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေပါတယ်။

trfwyfwhgfs56472385

Brian ဟာ ကားရပ်ထားလို့ စက္ကန့်(၉၀)လောက် ကြာချိန်အတွင်း အထုပ်ခိုးယူခံလိုက်ရတာပါ။ နောက်ပြီး အထုပ်ကို ခိုးယူသွားသူအနေနဲ့ ဒီအထုပ်ကို သူ့ဆီပြန်ပို့ပေးဖို့ရယ်၊ ရဲကို မတိုင်ဘူးဆိုတဲ့ အာမခံချက်ကိုလည်း သူက ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

Facebook Comments
114 Shares

Comments are Closed

Powered by M.N.T