Gyan Pone

Media, Entertainment and News Website

International News

နှစ်ပေါင်း ၄၀၀၀ က ရွှေလက်ကောက်ဒေါ်လာ နှစ်သိန်းကျော် ရ

fgdsgfds543645 1

ရွှေမုဆိုး ရှာတွေ့သွားတဲ့ နှစ်ပေါင်း ၄၀၀၀ က ရွှေလက်ကောက်ဒေါ်လာ နှစ်သိန်းကျော် ရ

fgdsgfds543645 1

အင်္ဂလန်နိုင်ငံ Cumbria မှာနေထိုင်နေတဲ့ အသက်၅၄ နှစ်အရွယ် ဘီလီ ဘာ့ဟန် Billy Vaughan ဟာ လယ်ကွင်း မြေသားအောက် ၁၂ စင်တီမီတာ အနက်မှာ ရှာဖွေတွေ့သွားခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ခန့်က ရှေးဟောင်း ရွှေသား လက်ကောက်တကွင်းဖြစ်ပါတယ်။

fgdsgfds543645 1

မြေကြီးထဲ နစ်မြုပ်နေတဲ့ ရတနာ ရှာဖွေတဲ့ အလုပ်ကို ဝါသနာပါလို့တနေ့ ရှစ်နာရီ ကြာ ရှာဖွေခဲ့ပြီး လုပ်သက်တန်း (၆)လအတွင်း မှာ ခုလို ရှာတွေ့သွားခဲ့တာပါ ၊ဘီလီဟာ ပထမတော့ ဒီရွှေဂွင်းကို လယ်ထွန်စက်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ထင်နေခဲ့တာပါ၊ ရေဆေးသန့်စင်လိုက်တော့ ရေဆိုတာ သိလိုက်တာနဲ့ နာလည်တဲ့သူတွေကိုပြကြည့်ခဲ့ပါတယ်။

fgdsgfds543645 2

၂၂ကာရက်ရှိ ပြီး အလေးချိန် ၃၁၁ ဂရမ်(ထိုင်းဘတ်အလေးချိန် ၂၀ သားကျော်)ပုံမှန်ဈေး ဒေါ်လာ ၁၃,၀၀၀ လို့ ဈေးဖြတ်ခဲ့တာ ရှေးဟောင်းရွှေမို့ ခုဆိုရင် ဒေါ်လာ ၂၀၀,၀၀၀ (နှစ်သိန်း)အထိပေးဝယ်နေပါတယ်။

fgdsgfds543645 3

မြေကြီးထဲက ရွှေရှာတဲ့အလုပ်ကို ဥရောပ နိုင်ငံသားတွေအများဆုံး လုပ်ကြပါတယ် အသက်ရှည်ပြီး ကျန်းမာရေးကောင်းတဲ့ အလုပ်ပါ၊ အထူးသဖြင့် အသက်အရွယ်ရောက်လို့ ပင်စင်စား အလုပ်ကနေအနားယူသူတွေအတွက် ဒီရွှေရှာ သတ္တုရှာ စက် တွေကိုဝယ်ပြီး သဲကန္တရ နဲ့ ပင်လယ်ကမ်းစပ်တွေမှာ လိုက်ရှာတဲ့ ရွှေမုဆိုး လုပ်ငန်းဟာ ဝင်ငွေကောင်းပါတယ် ၊ ခုလိုကံကောင်းသွားရင် ဒေါ်လာ သိန်းနဲ့ ချီ ရနိုင်တဲ့အလုပ်ပါ။

fgdsgfds543645 1

ပင်လယ်ကမ်းစပ်တွေမှာဆိုရင် ဒင်္ဂါးပြား တွေ နာရီ စိန်လက်စွပ် ရွှေဆွဲကြိုး စတာတွေတွေ့ရတတ်ပါတယ်။ရွှေမုဆိုး စက် ဟာ မိုင်းရှာကရိယာ လို နားကြပ်နဲ့ မြေကြီးကို ရှပ်တိုက်ပြီးရှာနိုင်တဲ့ ရိုးရိုး ရွှေရှာကရိယာဟာ ထောင်ဂဏန်းအထိ ဈေးပေါက်ပါတယ်။(ခေတ်မှီစက်ဆိုရင် တန်ဘိုး အမေရိကန် ဒေါ်လာနှစ်သောင်းရှိ)

နောက်ဆုံးပေါ် 3D ရွှေမုဆိုး စက်ရုပ်သံ။

Facebook Comments
30 Shares

Comments are Closed

Powered by M.N.T