Gyan Pone

Media, Entertainment and News Website

International News

အတင်းပြန်ပေးဆွဲခံရပြီး အသက် ၂ ဆကြီးသူနဲ့ အဓမ္မပေးစားခံခဲ့ရတဲ့ ကောင်မလေး

Presenta4ion1 678x381

အတင်းပြန်ပေးဆွဲခံရပြီး အသက်(၂)ဆကြီးသူနဲ့ အဓမ္မပေးစားခံခဲ့ရတဲ့ ကောင်မလေး

Presenta4ion1 678x381

ကာဂျစ္စတန်နိုင်ငံ/ခီဂျစ်စတန်နိုင်ငံ (Kyrgyzstan)မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာ အသက်(၁၆)နှစ်အရွယ် ကောင်မလေးကို ပြန်ပေးဆွဲတဲ့ ဗွီဒီယိုဟာ ကမ္ဘာ့လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက်၊ ကာဂျစ္စတန်နိုင်ငံရဲ့ ကလေးသူငယ် အတင်းအဓမ္မထိမ်းမြားမှုဟာ ဘယ်လောက်အထိ ဆိုးရွားတယ်ဆိုတာ မြင်သာစေမှာပါ။

Presenta4ion1 678x381

အဆိုပါကောင်မလေးဟာ သူမထက် အသက်(၂)ဆလောက်ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့ အတင်းအဓမ္မ ထိမ်းမြားပေးခံရတာလို့ သိရပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးမလေးဟာ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်နေတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။

Presenta4ion1 678x381

သူမနဲ့ လက်ထပ်ရတဲ့သတို့သားဟာ အသက်(၃၅)နှစ်ဖြစ်ပြီး၊ တစ်ခါမှတောင် ဒီကောင်မလေးနဲ့ မတွေ့ဖူးဘူးလို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ ဒီကောင်မလေးကို အမျိုးသမီးတွေက ပြန်ပေးဆွဲသွားတာလို့ ဆိုပါတယ်။

Presenta4ion1 678x381

သို့သော်လည်း မှတ်ချက်ရေးသူတွေအရကလေးမလေးရဲ့ ဆွေမျိုးသားချင်းတွေကပဲ အခုလို ပြန်ပေးဆွဲတာကို ပြုလုပ်ခဲ့ကြပြီး ကလေးမလေးကို သူမ မမြင်ဖူးတဲ့သူနဲ့ လက်ထပ်ပေးခဲ့တာပါလို့ ဆိုကြပါတယ်။

Presenta4ion1 678x381

သူမကို အိမ်တစ်အိမ်ရဲ့ ပွဲတစ်ခုကနေ အတင်းဝင်ပြီးခေါ်သွားတာတဲ့။ ရဲတပ်ဖွဲ့ဘက်ကတော့ စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Facebook Comments
70 Shares

Comments are Closed

Powered by M.N.T