Gyan Pone

Media, Entertainment and News Website

International News

ယာဉ်အသွားအလာများနေချိန် ခုံးကျော်တံတားတစင်း ပြိုကျ ၃ ဦး သေ ရုပ်သံ

gfdsytfdyhfg654

တရုတ်တွင် ယာဉ်အသွားအလာများနေချိန် ခုံးကျော်တံတားတစင်း ပြိုကျ ၃ ဦး သေ ရုပ်သံ

gfdsytfdyhfg654

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ် ဝူရှီမြို့က ခုံးကျော်တံတားတစင်းဟာ ယာဉ်တွေ သွားလာနေတဲ့ လမ်းပေါ် ပြိုကျအပြီး လူ ၃ ယောက် သေဆုံး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ အတည်ပြုထားပါတယ်။

hgsyfdsgf654367 2

လမ်းပေါ် ယာဉ်ကြော အသွားအလာများချိန် ညနေ ၆ နာရီလောက်မှာ တံတားပြိုကျခဲ့တာပါ။ ပြိုကျတဲ့တံတားရဲ့ အပျက်အစီးတွေအောက်မှာ ကား ၃ စီး ပိတ်မိနေတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

hgsyfdsgf654367 1

ကားတစီးစီးပေါ်က လူ ၃ ယောက်စလုံး သေဆုံးခဲ့တာပါ။ ဒေသခံ အာဏာပိုင်တွေက မီးသတ်သမားတွေ၊ ရဲတွေနဲ့ ဆေးဘက်လုပ်သားတွေကို စေလွှတ်ကယ်ဆယ်ခဲ့ပါတယ်။

hgsyfdsgf654367 3

စက်ယန္တရားကြီးတွေ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ဖယ်ဖို့နဲ့ ပိတ်မိနေတဲ့ ကားတွေကိုဖယ်ဖို့ ယာဉ်ကြောကန့်သတ်ထားခဲ့ရပါတယ်။

ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေဆဲပါ။ ဒေသန္တရ အာဏာပိုင်တွေဆီက နောက်ဆုံးရ သတင်းအရ ကုန်စည်တွေ ဝန်ပိုတင်လာတဲ့ ကုန်ကားတစီးက တံတားကို ဝင်တိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

Facebook Comments
38 Shares

Comments are Closed

Powered by M.N.T