Gyan Pone

Media, Entertainment and News Website

International News

နောက်ယောက်ျားယူဖို့ ကြိုးစားတဲ့ဇနီးကို ခင်ပွန်းဖြစ်သူမှ မီးရှို့သတ်

hghhkdhjg54783 1

နောက်ယောက်ျားယူဖို့ ကြိုးစားတဲ့ဇနီးကို ခင်ပွန်းဖြစ်သူမှ မီးရှို့သတ်

hghhkdhjg54783 1

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Rouse Hill မှာနေထိုင်တဲ့ Kulwinder Singh အမည်ရအမျိုးသားဟာ Parwinder Kaur အမည်ရ ဇနီးကို မီးရှို့သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။မူလဖော်ပြထားတဲ့ သတင်းတွေမှာတော့ ဇနီးဖြစ်သူ Kauar ဟာ နောက်လင်နဲ့ယူဖို့ ပြင်ဆင်ပြီးနောက်၊ Singh ကို ကွာရှင်းခွင့်တောင်းခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် အခြားသတင်းတွေမှာတော့ သူတို့မိသားစု ငွေရေးကြေးရေး ပြဿနာတွေကြောင့် ဇနီးက ဖိအားတွေနဲ့ မနေနိုင်ဘူးဟုဆိုကာ Singh ကို ထားရစ်ခဲ့ဖို့ ပြင်ဆင်ခဲ့ရာက အခုလို လူသတ်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။

hghhkdhjg54783 3

တရားရုံးကလည်း ဇနီး နောက်လင်ယူချင်လို့ အခုလိုဖြစ်ခဲ့တာ မဟုတ်ကြောင်း အတည်ပြုခဲပါတယ်။ငွေရေးကြေးရေး ပြဿနာကြောင့် ဒီအမှုဖြစ်ခဲ့တာပါလို့ တရားရုံးက အတည်ပြုခဲပြီး၊

သူမ သေဆုံးတဲ့နေ့မှာ Singh ရဲ့ ဘက်အကောင့်ထဲမှာ (၉၅.၃၅)ဒေါ်လာသာ ရှိတော့တယ်လို့ တရားရုံးမှတ်တမ်းက ဖော်ပြထားပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ Singh ကတော့ သူ သတ်တာမဟုတ်ဘဲ၊ ဇနီးက သူ့ဘာသာ မီးရှို့သတ်သေခဲ့တာလို့ ငြင်းဆန်ခဲ့ပါတယ်။

hghhkdhjg54783 2

ဒီအဖြစ်အပျက်ဟာ (၂၀၁၃)ခုနှစ် ဒီဇင်ဘာက ဖြစ်ခဲ့တာပါ။ ဇနီးဖြစ်သူ Kauar ဟာ အသက်(၃၂)နှစ်ဖြစ်ပြီး၊ ဓာတ်ဆီနဲ့လောင်း မီးရှို့ခံခဲ့ရတာကြောင့် ခန္ဓာကိုယ်(၉၀)%အထိ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး၊ ဆေးရုံမှာ နောက်ဆုံးဖြောင့်ချက် ပေးပြီး ကွယ်လွန်သွားပါတယ်။

hghhkdhjg54783 1

အသက်(၄၁)နှစ်အရွယ် Singh ဟာ လူသတ်မှုမှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားနေပြီမို့ ထိုက်တန်တဲ့ပြစ်ဒဏ် ကျခံခရဖို့ရှိနေပါတယ်။ ဒီလူသတ်မှုကို New South Wales Supreme Court မှာ ရုံးတင်စစ်ဆေးနေတာဖြစ်ပြီး၊ လာမယ့်လမှာပဲ အပြီးသတ် စီရင်ချက် ချနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

Facebook Comments
101 Shares

Comments are Closed

Powered by M.N.T