Gyan Pone

Media, Entertainment and News Website

International News

ခွဲစိတ်တဲ့အချိန်မှာ ဝှေးစေ့ တစ်ခုကို ဖယ်ထုတ်ခဲ့တဲ့ ဆေးရုံကို တရားစွဲ

hgjfdkjhjgfkdjhg6574385

ကြိုတင်မသိမပေးဘဲ ခွဲစိတ်တဲ့အချိန်မှာ ဝှေးစေ့ တစ်ခုကို ဖယ်ထုတ်ခဲ့တဲ့ ဆေးရုံကို တရားစွဲ

hgjfdkjhjgfkdjhg6574385

လူလတ်ပိုင်း အမျိုးသားတစ်ဦးဟာ ခွဲစိကုသမှု ခံယူတဲ့ အချိန်မှာ ဆရာဝန်က သူ့ကို ဘာမှ မသိပေးဘဲ သူ့ရဲ့ ဝှေးစေ့တစ်ခုကို ဖယ်ထုတ်လိုက်တာကြောင့် ဆေးရုံကို တရားစွဲသွားပါတယ်။

သူဟာ Hydrocele ရောဂါကို ခံစားခဲ့ရပြီး အဲဒီရောဂါက ဝှေးစေ့ ဖောင်းရောင်တဲ့ ရောဂါ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ဆရာဝန်ဖြစ်သူက အမျိုးသား ဖြစ်သူရဲ့ ဝှေးစေ့ ဖောင်းရောင်နေတာကို မိနစ် (၃၀) ကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။

ghjfskgfdhs8495674

ဆရာဝန်ဖြစ်သူက ခွဲစိတ်မှု ပြုလုပ်တဲ့ အချိန်မှာ အမှားဖြစ်ပွားခဲ့တာကြောင့် ဝှေးစေ့ ရောင်တာက ပိုပြီးတော့ ဆိုးရွားလာခဲ့ပါတယ်။ ပထမ ခွဲစိတ်မှု အပြီး (၂) ရက်အကြာမှာ ဒုတိယ ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး ဆရာဝန်က အမျိုးသား ဖြစ်သူကို ကြိုတင် ဘာမှမပြောဘဲနဲ့ ဝှေးစေ့ တစ်ခုကို ဖယ်ထုတ်ခဲ့ပါတယ်။

အမျိုးသားဖြစ်သူဟာ သတိပြန်ရလာတဲ့ အချိန်မှာ ဝှေးစေ့ တစ်ခု ဖယ်ထုတ်ခံရတာ သိပြီး ဆေးရုံကို တရားစွဲခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ အင်္ဂလန်နိုင်ငံ ကွန်ဘရီယား (Cumbria) မြို့က “Furness” အထွေထွေ ဆေးရုံမှာ ဖြစ်ပွားခဲ့ပြီး ခွဲစိတ်ဆရာဝန်က အက်ရူတို ဂျိမ်း (Ashutosh Jain) ဖြစ်ပါတယ်။

hgjfdkjhjgfkdjhg6574385

လူနာသည် အမျိုးသားက ဝှေးစေ့ တစ်ခု မရှိတာကို သိလိုက်ရတဲ့ အချိန်မှာ ဘာမှ မပြောနိုင်ဘဲ အလွန် အံ့သြခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီခွဲစိတ်မှုကို ယခုနှစ် ဧပြီလက ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဝှေးစေ့ တစ်ခုကို ဖယ်ထုတ်ဖို့ မလိုတဲ့ ရောဂါ ဖြစ်ပါတယ်။

အမျိုးသား ဖြစ်သူဟာ အိမ်ကို ချက်ချင်းတောင် မပြန်နိုင်ဘဲ ဆေးရုံမှာ(၁၂)ရက်ကြာ နေခဲ့ရပါတယ်။ သူဟာ အခုအချိန်မှာ သူ့ကို ကုသပေးခဲ့တဲ့ ဆေးရုံကို တရားစွဲသွားခဲ့ပါတယ်။

ghjfskgfdhs8495674

ပြီးခဲ့တဲ့ ဇူလိုင်လမှာ သူဟာ ဒီအမှုကို ကြီးမားတဲ့ ဆေးရုံရဲ့ မတော်တဆ အမှုအဖြစ် တရားစွဲခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆေးရုံက ပြန်လည်ပြီး စစ်ဆေးနေပြီး ဒီလ အောက်တိုဘာလအကုန်မှာ ဘယ်လို မှားသွားခဲ့လဲ ဆိုတာ သိရမှာ ဖြစ်ပါတယ်။

Facebook Comments
23 Shares

Comments are Closed

Powered by M.N.T