Gyan Pone

Media, Entertainment and News Website

International News

ကမ်းခြေမှာ ကြိုးတစ်ချောင်းအတွင်းခံနဲ့ လျှောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီးကို ဖမ်းဆီး

gfjdskghfdsj6574364856 1

ကမ်းခြေမှာ ကြိုးတစ်ချောင်းအတွင်းခံနဲ့ လျှောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီးကို ဖမ်းဆီး

gfjdskghfdsj6574364856 1

ထိုင်ဝမ် အမျိုးသမီး တစ်ဦးဟာ သူရဲ့ချစ်သူနဲ့ အတူ ဖီလီပိုင်နိုင်ငံက ကမ်းခြေကို အပန်းဖြေ ခရီးထွက်လာခဲ့ ကြပါတယ်။ သူမဟာ ဖီလီပိုင်နိုင်ငံက နာမည်ကြီး Boracay ကမ်းခြေကို အားလပ်ရက် ထွက်လာခဲ့ပါတယ်။

ချစ်သူစုံတွဲရဲ့ အပန်းခြေ ခရီးစဉ်ဟာ ဝမ်းနည်းစရာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အကြောင်းကတော့ အမျိုးသမီး ဝတ်ဆင်တဲ့ အတွင်းခံဟာ ကြိုးတစ်ချောင်းတည်း ဖြစ်လို့ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

gfjdskghfdsj6574364856 2

သူမရဲ့ နာမည်ဟာ လင်တွန်တင်း (Lin Tzu Ting) ဖြစ်ပြီး အသက် (၂၆) နှစ်အရွယ် ဖြစ်ပါတယ်။ သူမဟာ ကြိုးတစ်ချောင်း အတွင်းခံကို ဝတ်ရင်း Puka Beach ကို (၂) ကြိမ် သွားခဲ့ပါတယ်။ သူမကို သူစိမ်းတစ်ဦးက ဓါတ်ပုံ ရိုက်ယူခဲ့ပြီး လူမှုကွန်ရက်ပေါ်ကို တင်ခဲ့ပါတယ်။

သူမရဲ့ ပုံဟာ လူကြည့် အလွန် များခဲ့ပြီး လူတွေရဲ့ စိတ်ဝင်စားမှုကိုသာမက ရဲတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိခဲ့ပြီး အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

gfjdskghfdsj6574364856 3

DailyMial သတင်းက ရဲတွေဟာ သူမကို ခြေရာခံခဲ့ပြီး သူမရဲ့ ဟိုတယ်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြသွားခဲ့ ပါတယ်။ သူမကို ဘယ်လို ပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့တာလဲ ဆိုတာကို အတိအကျ မသိရလျက်ပါပဲ။

ရဲအရာရှိ ဖြစ်သူ ဂျက်စ် ဘေလွန် (Jass Baylon) က သူမရဲ့အတွင်းခံဟာ ကြိုးတစ်ချောင်းတည်း ဖြစ်နေတာကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝ မကိုက်ညီသလို လက်ခံလို့လည်း မရဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

သူမက ကမ်းခြေမှာ အတွင်းခံ ဝတ်တာကို ကန့်သတ်ထားတယ် ဆိုတာ မသိခဲ့ဘူးလို့ ပြန်လည်ချေပသွားပြီး သူရဲ့ အဝတ်အစားက သူ့မကို ဖော်ပြခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူဟာ ဖီလီပိုင် ပက်ဆို (၂,၅၀၀၀)၊ မြန်မာငွေ (၇) သောင်းကျော် ချမှတ်ခံခဲ့ရပါတယ်။ အာဏာပိုင် ရဲတပ်ဖွဲ့က အခြား ခရီးသွားတွေကို သူတို့ရဲ့ ယဉ်ကျေးမှု နဲ့ အစဉ်အလာကို လေးစားပေးကြဖို့အတွက် တိုက်တွန်းသွားခဲ့တယ်လို့ သိရပါတယ်။

Facebook Comments
46 Shares

Comments are Closed

Powered by M.N.T