Gyan Pone

Media, Entertainment and News Website

International News

ကားအရှေ့ခန်းမှာ ချစ်တင်းနှောခဲ့တဲ့ ချစ်သူစုံတွဲ ထောင်ဒဏ် ချမှတ်ခံလိုက်ရ

ghfjdsghd6574835

ကားမောင်းနေစဉ် ကားအရှေ့ခန်းမှာ ချစ်တင်းနှောခဲ့တဲ့ ချစ်သူစုံတွဲ ထောင်ဒဏ် ချမှတ်ခံလိုက်ရ

ghfjdsghd6574835

ဗီဒီယို မှတ်တမ်း တစ်ခုမှာတော့ ချစ်သူစုံတွဲ တစ်တွဲဟာ စပိန်နိုင်ငံက ကားလမ်းပေါ်မှာ ကားမောင်းနေစဉ် ချစ်တင်းနှောနေတာကို ဖော်ပြခဲ့ပါတယ်။ အမျိုးသမီး ဖြစ်သူဆိုရင် ကားမောင်းနေတဲ့ အမျိုးသားအပေါ်မှာ အပေါ်ပိုင်း အဝတ်ဗလာနဲ့ ထိုင်နေတာ ပေါ်နေခဲ့ပါတယ်။

သူတို့ နှစ်ဦး ချစ်တင်းနှောနေတာကို ဘေးနားက ကားမောင်းလာတဲ့ ကားသမားက ရိုက်ပြီး လူမှုကွန်ရက် အွန်လိုင်းပေါ် တင်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ghfjdsghd6574835

Ladbible သတင်းက ရဲတွေဟာ ဗီဒီယိုကို တွေ့ခဲ့တဲ့နောက် ချစ်သူစုံတွဲကို ခြေရာခံခဲ့ပြီး ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကားမောင်းသူ အမျိုးသားဟာ ကားပေါ်မှာ လိင်ဆက်ဆံခဲ့တာကို ဝန်ခံခဲ့ပြီး သူ့ချစ်သူရဲ့ နာမည်ကိုလည်း ဖွင့်ပြောခဲ့ပါတယ်။

အခုတော့ ချစ်သူစုံတွဲကို မဆင်မခြင် ယာဉ်မောင်းနှင်မှုနဲ့ ဖမ်းဆီးခဲ့ပြီး သူတို့ကို ထောင်ဒဏ် (၆) လ ချမှတ်ခဲ့သလို ယာဉ်မောင်းခွင့် (၂) နှစ်အတိ ပိတ်ပင်သွားခဲ့ပါတယ်။

ghfjdsghd6574835

တရားရုံ မှတ်တမ်းက အမျိုးသမီး ဖြစ်သူဟာ ကားမောင်းသမား အမျိုးသား အပေါ်မှာ ထိုင်ပြီး အမျိုးသားရဲ့ လည်ပင်းကို ဖက်၊ ပေါင်ကို ကားထားတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ချစ်သူစုံတွဲဟာ ကားလမ်းမရဲ့ အလယ်လမ်းကနေ မောင်းနှင်လာခဲ့ပြီး ချစ်တင်းနှောနေခဲ့ကြပါတယ်။

သူတို့ရဲ့ မှတ်တမ်း ဗီဒီယိုဟာ (၃၂) စက္ကန့် ကြာမြင့်ခဲ့ပြီး ရဲတွေက မီးပွိုင့်က ကင်မရာကို ကြည့်ပြီးနောက် သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ရဲတွေက ချစ်သူစုံတွဲရဲ့ လုပ်ရပ်ကို ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ပြီး ဒဏ်ငွေ ယူရို (၅၀၀) လည်း ချမှတ်လို့ ရတယ်လို့ ပြောခဲ့ပါတယ်။

ကားမောင်းလျက်နဲ့ ကားလမ်းမပေါ်မှာ ချစ်တင်းနှောတာဟာ အခြားကားတွေကို အန္တရာယ်ပေးနိုင်ပြီး ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ချေ အလွန် များပါတယ်။ သူတို့ဟာ စိတ်မထန်းနိုင်လို့ဘဲ ကားပေါ်မှာ ချစ်တင်းနှောကြတာလား၊ အပျော်လား၊ ဘာကြောင့်လဲ ဆိုတာ မသိရတာ ဖြစ်ပါတယ်။

Facebook Comments
16 Shares

Comments are Closed

Powered by M.N.T