Gyan Pone

Media, Entertainment and News Website

International News

လိင်တူချစ်သူနဲ့ GAY တွေကို သေဒဏ်ပေးဖို့ စတင်ပြင်ဆင်နေပြီဖြစ်တဲ့ ယူဂန်ဒါနိုင်ငံ

dahfgdsahf547632

လိင်တူချစ်သူနဲ့ GAY တွေကို သေဒဏ်ပေးဖို့ စတင်ပြင်ဆင်နေပြီဖြစ်တဲ့ ယူဂန်ဒါနိုင်ငံ

dahfgdsahf547632

ဘရူနိုင်းမှာတော့ ဒီဥပဒေကိုရေးဆွဲခဲ့ပေမယ့် … အနောက်နိုင်ငံတွေရဲ့ ဖိအားတွေကြောင့် ပြန်လည်ပယ်ဖျက်ပေးခဲ့ရပါတယ်

ယူဂန်ဒါအစိုးရဟာ သိပ်မကြာခင် ကာလအတွင်းမှာ ဟိုမိုနဲ့ Gay တွေကို သေဒဏ်ပေးဖို့ ဥပဒေပိုင်းအရ ပြင်ဆင်မှုတွေ စတင်နေပြီလို့ ကြေညာခဲ့ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဟိုမိုသို့မဟုတ် လိင်တူချစ်သူထားရုံ၊ Gay ဖြစ်ရုံနဲ့ ပြစ်မှုစွဲတင် စစ်ဆေးခံရမှာဖြစ်ပြီး၊ သေဒဏ်အထိတောင် စီရင်ခံရနိုင်တယ်လို့ သိရပါတယ်။

dahfgdsahf547632

LadBible မှာ ဖော်ပြချက်အရ ယူဂန်ဒါအစိုးရရဲ့ ကြေညာမှုဟာ Kill the Gays လို့ နာမည်ကြီးနေကြောင်း သိရပါတယ်။ တကယ်တော့ Gay တွေကို သုတ်သင်ရှင်းလင်းဖို့ကိစ္စကို ယူဂန်ဒါအနေနဲ့ ပြီးခဲ့တဲ့ (၅)နှစ်လောက်ကတည်းက အစီအစဉ်စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအချိန်တုန်းက ဥပဒေဆိုင်ရာ အားနည်းချက်တွေရှိသည်ဟုဆိုကာ ရွှေ့ဆိုင်းလိုက်တာပါ။ အခုအခါမှာတော့ ယူဂန်ဒါပါလီမန်ပိုင်းက ဒီကိစ္စကို အထူးလိုလားနေပြီး၊ သူတို့ဟာ ဒီဥပဒေအတည်ပြုနိုင်ရေးကို အတော်လေး အားသွန်ခွန်စိုက်လုပ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

dahfgdsahf547632

ယူဂန်ဒါမှာ ပုံမှန်အားဖြင့် သေဒဏ်ပေးတဲ့အခါ ကြိုးပေးကွပ်မျက်တာကို အများဆုံးကျင့်သုံးလေ့ရှိကြောင်း သိရပါတယ်။ အကျင့်စာရိတ္တမြင့်တင်ရေးဝန်ကြီးဌာနမှ ဝန်ကြီး Simon Lokodo က “ ဟိုမိုတွေ Gay တွေဆိုတာ ယူဂန်ဒါနဲ့ မအပ်စပ်ပါဘူး … ဒါပေမယ် ကျောင်းတွေမှာ Gay တွေက ကျောင်းသားတွေကို သိမ်းသွင်းစည်းရုံးမှုတွေ ရှိနေပါတယ် ”

dahfgdsahf547632

“ အဲဒီကျောင်းတွေမှာ Gay တွေဟာ ဝါဒဖြန့်ပြီး၊ လူတိုင်း ဒီလိုပဲ မွေးလာတဲ့သဘောမျိုးတွေ လုပ်နေကြပါတယ် .. အထူးသဖြင့် လူငယ်ထုကို ဦးတည်နေတာပါ … အခု ဥပဒေတွေက အတော်လေး အားနည်းနေတယ် … ဒါကြောင့် သူတို့ကို တိကျတဲ့ဥပဒေပြဋ္ဌာန်းပြီး သေဒဏ်ပေးတာမျိုးတွေ လုပ်ရမှာပါ ”လို့ ပြောခဲ့ပါတယ်။

Facebook Comments
46 Shares

Comments are Closed

Powered by M.N.T